ဒေါ်လာဈေးပြန်ကျလာချိန်တွင် ဗဟိုဘဏ်က ဒေါ်လာ ၃ သန်းကို လေလံစနစ်ဖြင့်ဝယ် - Property News in Myanmar from iMyanmarHouse.com
14652 Views

ဒေါ်လာဈေးပြန်ကျလာချိန်တွင် ဗဟိုဘဏ်က ဒေါ်လာ ၃ သန်းကို လေလံစနစ်ဖြင့်ဝယ်

### Unicode Version ###

ပြင်ပငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာ ကျပ် ၁၄၀၀ အောက်ကျဆင်းသွားပြီးနောက် ဗဟိုဘဏ်က ဈေးကွက်အတွင်းမှ လေလံစနစ်ဖြင့် ဒေါ်လာ ၃ သန်းဝယ်ယူလိုက်သည်။

မတ်လ ၁၀ ရက်တွင် ဗဟိုဘဏ်က ဈေးကွက်ထဲမှ ဒေါ်လာ ၉ သန်းကို နှစ်ကြိမ်ခွဲဝယ်ယူပြီးနောက် ၁၅ ရက်အကြာတွင် ပထမဦးဆုံးအကြိမ် ဗဟိုဘဏ်က တစ်ဒေါ်လာကို ၁၃၈၈ ကျော်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

မတ် ၂၄ ရက် နေလည်ပိုင်းတွင် ပြင်ပငွေလဲနှုန်း၌ တစ်ဒေါ်လာ ၁၄၀၀ ကျပ် ရှိပြီး ညနေပိုင်းတွင် ၁၃၉၅ ကျပ်သို့ကျဆင်းခဲ့ခြင်းဖြစ်သည်။ မတ်လ ၂၅ ရက်တွင် တစ်ဒေါ်လာ ၁၃၇၅ ကျပ်ကို ဆက်လက်ကျဆင်းနေခြင်းဖြစ်သည်။

ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ၁၂၉၀ အထိကျဆင်းသွားပြီးနောက် ဗဟိုဘဏ်က မတ် ၁၀ ရက်တွင် ဒေါ်လာ ၉ သန်းကို ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ထိုသို့ဝယ်ယူပြီးနောက် တစ်ဒေါ်လာပေါက်ဈေးသည် ၁၄၀၀ ကျပ်အထက်မှာ ရှိနေသည်။

ဗဟိုဘဏ်က မတ်လအတွင်း ဈေးကွက်အတွင်းမှာ ဒေါ်လာ ၂၄ သန်းကို ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ စာရင်းများတွင်ဖော်ပြထားသည်။

မတ် ၂၃ ရက် ည ၁၂ နာရီခန့်တွင် COVID-19 ဗိုင်းရပ်စ်လူနာ နှစ်ဦးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် ဈေးကွက်အတွင်း ဒေါ်လာ ရောင်းချမူ ပိုမိုများလာသည်ဟု ငွေလဲလုပ်ငန်းလုပ်ကိုင်သူများကပြောသည်။

"လူတွေက လက်ထဲမှာ ကျပ်ငွေကိုင်ထားချင်တော့ ရှိတဲ့ ဒေါ်လာတွေ ထုတ်ရောင်းလာကြတာ၊ အခုတလောက ပြည်ပအထွက်လည်းမရှိတော့ ဒေါ်လာမလိုကြဘူးလေ၊ "ဟု ငွေလဲကောင်တာဖွင့်လှစ်ထားသည် ကိုငွေထူးကပြောသည်။

ဗဟိုဘဏ်၏ မတ်၂၅ ရက် ထုတ်ပြန်ချက်အရ ဘဏ်နှင့် အများပြည်သူကြား ဒေါ်လာအရောင်းအဝယ်သည် ၂၃ သန်းခွဲကျော် ရှိပြီး ဘဏ်အချင်းချင်းရောင်းဝယ်ယူသည် ၁၆ သန်းခွဲကျော်ရှိသည်။

ဒေါ်လာဈေးကျဆင်းနေသော်လည်း ပြည်တွင်းရွှေဈေးမှ အနည်းငယ်မြင့်တက်လာသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ##

ေဒၚလာေဈးျပန္က်လာခ်ိန္တြင္ ဗဟိုဘဏ္က ေဒၚလာ ၃ သန္းကို ေလလံစနစ္ျဖင့္ဝယ္

ျပင္ပေငြလဲႏႈန္းတြင္ အေမရိကန္ တစ္ေဒၚလာ က်ပ္ ၁၄၀၀ ေအာက္က်ဆင္းသြားၿပီးေနာက္ ဗဟိုဘဏ္က ေဈးကြက္အတြင္းမွ ေလလံစနစ္ျဖင့္ ေဒၚလာ ၃ သန္းဝယ္ယူလိုက္သည္။

မတ္လ ၁၀ ရက္တြင္ ဗဟိုဘဏ္က ေဈးကြက္ထဲမွ ေဒၚလာ ၉ သန္းကို ႏွစ္ႀကိမ္ခြဲဝယ္ယူၿပီးေနာက္ ၁၅ ရက္အၾကာတြင္ ပထမဦးဆုံးအႀကိမ္ ဗဟိုဘဏ္က တစ္ေဒၚလာကို ၁၃၈၈ ေက်ာ္ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

မတ္ ၂၄ ရက္ ေနလည္ပိုင္းတြင္ ျပင္ပေငြလဲႏႈန္း၌ တစ္ေဒၚလာ ၁၄၀၀ က်ပ္ ရွိၿပီး ညေနပိုင္းတြင္ ၁၃၉၅ က်ပ္သို႔က်ဆင္းခဲ့ျခင္းျဖစ္သည္။ မတ္လ ၂၅ ရက္တြင္ တစ္ေဒၚလာ ၁၃၇၅ က်ပ္ကို ဆက္လက္က်ဆင္းေနျခင္းျဖစ္သည္။

ျပင္ပေပါက္ေဈးတြင္ တစ္ေဒၚလာကို ၁၂၉၀ အထိက်ဆင္းသြားၿပီးေနာက္ ဗဟိုဘဏ္က မတ္ ၁၀ ရက္တြင္ ေဒၚလာ ၉ သန္းကို ဝယ္ယူခဲ့ျခင္းျဖစ္သည္။ ထိုသို႔ဝယ္ယူၿပီးေနာက္ တစ္ေဒၚလာေပါက္ေဈးသည္ ၁၄၀၀ က်ပ္အထက္မွာ ရွိေနသည္။

ဗဟိုဘဏ္က မတ္လအတြင္း ေဈးကြက္အတြင္းမွာ ေဒၚလာ ၂၄ သန္းကို ဝယ္ယူခဲ့ျခင္းျဖစ္သည္ဟု ၎၏ စာရင္းမ်ားတြင္ေဖာ္ျပထားသည္။

မတ္ ၂၃ ရက္ ည ၁၂ နာရီခန႔္တြင္ COVID-19 ဗိုင္းရပ္စ္လူနာ ႏွစ္ဦးေတြ႕ရွိေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ၿပီးေနာက္ ေဈးကြက္အတြင္း ေဒၚလာ ေရာင္းခ်မူ ပိုမိုမ်ားလာသည္ဟု ေငြလဲလုပ္ငန္းလုပ္ကိုင္သူမ်ားကေျပာသည္။

"လူေတြက လက္ထဲမွာ က်ပ္ေငြကိုင္ထားခ်င္ေတာ့ ရွိတဲ့ ေဒၚလာေတြ ထုတ္ေရာင္းလာၾကတာ၊ အခုတေလာက ျပည္ပအထြက္လည္းမရွိေတာ့ ေဒၚလာမလိုၾကဘူးေလ၊ "ဟု ေငြလဲေကာင္တာဖြင့္လွစ္ထားသည္ ကိုေငြထူးကေျပာသည္။

ဗဟိုဘဏ္၏ မတ္၂၅ ရက္ ထုတ္ျပန္ခ်က္အရ ဘဏ္ႏွင့္ အမ်ားျပည္သူၾကား ေဒၚလာအေရာင္းအဝယ္သည္ ၂၃ သန္းခြဲေက်ာ္ ရွိၿပီး ဘဏ္အခ်င္းခ်င္းေရာင္းဝယ္ယူသည္ ၁၆ သန္းခြဲေက်ာ္ရွိသည္။

ေဒၚလာေဈးက်ဆင္းေနေသာ္လည္း ျပည္တြင္းေ႐ႊေဈးမွ အနည္းငယ္ျမင့္တက္လာသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service