ဗဟိုဘဏ်က ဒုတိယအကြိမ် အတိုးနှုန်းထပ်လျော့ - Property News in Myanmar from iMyanmarHouse.com
16063 Views

ဗဟိုဘဏ်က ဒုတိယအကြိမ် အတိုးနှုန်းထပ်လျော့

### Unicode Version ###

ဗဟိုဘဏ်က ဘဏ်အတိုးနှုန်း ၁ ရာခိုင်နှုန်းကို ယခုလအတွင်း ဒုတိယအကြိမ်ထပ်မံလျှော့ချပြီး လျှော့ချသည့် အတိုးနှုန်းအသစ်များသည် ဧပြီ ၁ ရက်တွင် စတင်သက်ရောက်မည်ဟု ဗဟိုဘဏ်က ထုတ်ပြန်သည်။

ထိုသို့လျှော့ချရခြင်းသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေရန်ဟုဗဟိုဘဏ်က ဆိုသည်။

ဗဟိုဘဏ်က မတ်လ ၁၂ ရက်တွင် အတိုးနှုန်းကို သုည ဒသမ ၅ ရာခိုင်နှုန်း လျှော့ချပြီးနောက် ၁၂ ရက်အကြာ၌ ဒုတိယအကြိမ် ၁ ရာခိုင်နှုန်း ထပ်မံလျှော့ချကာ မတ်လအတွင်း စုစုပေါင်းအတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်း လျှော့ချခြင်း ဖြစ်သည်။

နှစ်ကြိမ် လျှော့ချရာတွင် ဗဟိုဘဏ်၏ မူလအတိုးနှုန်း ၁၀ ရာခိုင်နှုန်းမှ ၈ ဒသမ ၅ ရာခိုင်နှုန်းသို့ ရောက်ရှိခြင်း ဖြစ်သည်။

အတိုးနှုန်းလျှော့ချရာတွင်အပ်ငွေအတိုးနှုန်းကို မူလက ၈ ရာခိုင်နှုန်းမှ ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ထုတ်ချေးငွေများ၌ အပေါင်ပစ္စည်း ရယူထားပါက မူလ ၁၃ ရာခိုင်နှုန်းကို ၁၁ ဒသမ ၅ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်း မယူသည့်ချေးငွေကို မူလက ၁၆ ရာခိုင်နှုန်းမှ ၁၄ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။

အပ်ငွေနှင့် စုငွေများအပေါ် အတိုးနှုန်းသည် ၆ ဒသမ ၅ ရာခိုင်နှုန်းထက် မနည်းစေရဟု ဗဟိုဘဏ်က ဆိုသည်။ ချေးငွေအတိုးနှုန်းသည် အထက်ပါ ပမာဏများကို ကျော်လွန်ကောက်ခံခြင်း မပြုရဟု ဗဟိုဘဏ်က သတ်မှတ် ထားသည်။

အဆိုပါ အတိုးနှုန်းသည် လုံလောက်သည့် ပမာဏဖြစ်၊မဖြစ်ဆိုသည်မှာ ကပ်ရောဂါပျံ့နှံ့မှု ပမာဏ၊ ကြာချိန်နှင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုတွင် မူတည်သည်ဟု Capital Automotive ပိုင်ရှင် ဦးခင်ထွန်းက ပြောသည်။

‘‘အခြေအနေက ပြောဖို့စောသေးတယ်၊ စီးပွားရေးက ဘယ်လောက် ထိခိုက်မယ်ဆိုတာ မသိသေးဘူး၊ လုပ်ငန်းတွေက လုံးဝရပ်သွားရင် ဝင်ငွေရပ်သွားမယ်။ အတိုးကလည်း တက်နေမယ်ဆိုရင် လုပ်ငန်းတွေရပ်တည်ဖို့ ခက်သွားမယ်’’ဟု ၎င်းကဆိုသည်။ လက်ရှိအတိုးနှုန်းချထားခြင်းသည် လုံလောက်သည့် ပမာဏမဟုတ်သေးကြောင်းနှင့် ထပ်မံလျှော့ချရန်လိုအပ်ကြောင်း ဘဏ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ဗဟိုဘဏ္က ဒုတိယအႀကိမ္ အတိုးႏႈန္းထပ္​ေလ်ာ့

ဗဟိုဘဏ္က ဘဏ္အတိုးႏႈန္း ၁ ရာခိုင္ႏႈန္းကို ယခုလအတြင္း ဒုတိယအႀကိမ္ထပ္မံေလွ်ာ့ခ်ၿပီး ေလွ်ာ့ခ်သည့္ အတိုးႏႈန္းအသစ္မ်ားသည္ ဧၿပီ ၁ ရက္တြင္ စတင္သက္ေရာက္မည္ဟု ဗဟိုဘဏ္က ထုတ္ျပန္သည္။

ထိုသို႔ေလွ်ာ့ခ်ရျခင္းသည္ ႏိုင္ငံ့စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္အကူ ျပဳေစရန္ဟုဗဟိုဘဏ္က ဆိုသည္။

ဗဟိုဘဏ္က မတ္လ ၁၂ ရက္တြင္ အတိုးႏႈန္းကို သုည ဒသမ ၅ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ၿပီးေနာက္ ၁၂ ရက္အၾကာ၌ ဒုတိယအႀကိမ္ ၁ ရာခိုင္ႏႈန္း ထပ္မံေလွ်ာ့ခ်ကာ မတ္လအတြင္း စုစုေပါင္းအတိုးႏႈန္း ၁ ဒသမ ၅ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ျခင္း ျဖစ္သည္။

ႏွစ္ႀကိမ္ ေလွ်ာ့ခ်ရာတြင္ ဗဟိုဘဏ္၏ မူလအတိုးႏႈန္း ၁၀ ရာခိုင္ႏႈန္းမွ ၈ ဒသမ ၅ ရာခိုင္ႏႈန္းသို႔ ေရာက္ရွိျခင္း ျဖစ္သည္။

အတိုးႏႈန္းေလွ်ာ့ခ်ရာတြင္အပ္ေငြအတိုးႏႈန္းကို မူလက ၈ ရာခိုင္ႏႈန္းမွ ၆ ဒသမ ၅ ရာခိုင္ႏႈန္း၊ ထုတ္ေခ်းေငြမ်ား၌ အေပါင္ပစၥည္း ရယူထားပါက မူလ ၁၃ ရာခိုင္ႏႈန္းကို ၁၁ ဒသမ ၅ ရာခိုင္ႏႈန္း၊ အေပါင္ပစၥည္း မယူသည့္ေခ်းေငြကို မူလက ၁၆ ရာခိုင္ႏႈန္းမွ ၁၄ ဒသမ ၅ ရာခိုင္ႏႈန္းသို႔ ေလွ်ာ့ခ်ခဲ့သည္။

အပ္ေငြႏွင့္ စုေငြမ်ားအေပၚ အတိုးႏႈန္းသည္ ၆ ဒသမ ၅ ရာခိုင္ႏႈန္းထက္ မနည္းေစရဟု ဗဟိုဘဏ္က ဆိုသည္။ ေခ်းေငြအတိုးႏႈန္းသည္ အထက္ပါ ပမာဏမ်ားကို ေက်ာ္လြန္ေကာက္ခံျခင္း မျပဳရဟု ဗဟိုဘဏ္က သတ္မွတ္ထားသည္။

အဆိုပါ အတိုးႏႈန္းသည္ လုံေလာက္သည့္ ပမာဏျဖစ္၊မျဖစ္ဆိုသည္မွာ ကပ္ေရာဂါပ်ံ႕ႏွံ႔မႈ ပမာဏ၊ ၾကာခ်ိန္ႏွင့္ စီးပြားေရးလုပ္ငန္းမ်ား ထိခိုက္မႈတြင္ မူတည္သည္ဟု Capital Automotive ပိုင္ရွင္ ဦးခင္ထြန္းက ေျပာသည္။

‘‘အေျခအေနက ေျပာဖို႔ေစာေသးတယ္၊ စီးပြားေရးက ဘယ္ေလာက္ ထိခိုက္မယ္ဆိုတာ မသိေသးဘူး၊ လုပ္ငန္းေတြက လုံးဝရပ္သြားရင္ ဝင္ေငြရပ္သြားမယ္။ အတိုးကလည္း တက္ေနမယ္ဆိုရင္ လုပ္ငန္းေတြရပ္တည္ဖို႔ ခက္သြားမယ္’’ဟု ၎ကဆိုသည္။ လက္ရွိအတိုးႏႈန္းခ်ထားျခင္းသည္ လုံေလာက္သည့္ ပမာဏမဟုတ္ေသးေၾကာင္းႏွင့္ ထပ္မံေလွ်ာ့ခ်ရန္လိုအပ္ေၾကာင္း ဘဏ္လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service