မတ်လအတွင်း ရွှေဈေး ကျပ်ခြောက်သောင်းကျော် ကျဆင်း - Property News in Myanmar from iMyanmarHouse.com
992 Views

မတ်လအတွင်း ရွှေဈေး ကျပ်ခြောက်သောင်းကျော် ကျဆင်း

### Unicode Version ###

မတ်လအတွင်း ပြည်တွင်းရွှေဈေးသည် ရက် ၂၀ ကျော်အတွင်း တစ်ကျပ်သားလျှင် ကျပ်ခြောက်သောင်းခွဲကျဆင်းကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်များက ပြောသည်။

နယ်စပ်ဂိတ်များ ပိတ်ဆို့ထားခြင်းကြောင့် အိန္ဒိယနှင့် တရုတ်နိုင်ငံသို့ ရွှေတင်ပို့မှု ရပ်ဆိုင်းနေပြီး ပြည်တွင်းဈေးကွက်တွင်လည်း အရောင်းအဝယ်ရပ်တန့် လုနီးပါးဖြစ်နေသည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

‘‘အရောင်းအဝယ်လည်း အေးနေတယ်။ ကမ္ဘာ့ရွှေဈေးလည်းကျတယ်။ ဒါကြောင့် အခုလို ဈေးကျတာပါ’’ဟု ၎င်းကပြောသည်။ ဈေးကျဆင်းသော်လည်း ဝယ်ယူသူမရှိသလောက် နည်းပါး နေသည်ဟု ၎င်းကပြောသည်။

ပြည်တွင်း ရွှေဈေးသည် မတ်လ ၂ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၂၁၆, ၀၀၀ ပေါက်ဈေးရှိရာမှ မတ်လ ၂၃ ရက်တွင် ၁၁၅၂,၀၀၀ အထိ ကျဆင်းခဲ့သည်။ ကမ္ဘာ့ရွှေဈေး သည် မတ်လ ၂ ရက်တွင် တစ်အောင်စလျှင် ၁,၄၃၉ ဒေါ်လာရှိရာမှ မတ်လ ၂၃ ရက်တွင် ၁,၄၁၈ ဒေါ်လာသို့ ကျဆင်းခဲ့သည်။

‘‘အချိန်တိုတွင်းမှာ ခြောက်သောင်းကျော်လောက်ကျဆင်းတာမျိုး မရှိဖူးဘူး။ အရောင်းအဝယ်ကတော့ ပါးနေတယ်’’ ဟု တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောသည်။

ဧပြီလသည် ပုံမှန်အရောင်းအဝယ်ကျဆင်းလေ့ရှိသည့်ကာလဖြစ်သော်လည်း ယခုကာလသည် ပိုမိုကျဆင်းနေသည်ဟု ရွှေလုပ်ငန်းရှင် ဦးမင်းမင်းက ပြောသည်။ ရွှေဈေးကျဆင်းမှုသည် ပြည်တွင်းဒေါ်လာဈေးကျဆင်းမှုနှင့် သက်ဆိုင်သည်ဟု ၎င်းက ပြောသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

### Zawgyi Version ###

မတ္လအတြင္း ​ေ႐ႊ​ေဈး က်ပ္​ေျခာက္​ေသာင္း​ေက်ာ္ က်ဆင္း

မတ္လအတြင္း ျပည္တြင္းေ႐ႊေဈးသည္ ရက္ ၂၀ ေက်ာ္အတြင္း တစ္က်ပ္သားလွ်င္ က်ပ္ေျခာက္ေသာင္းခြဲက်ဆင္းေၾကာင္း ျပည္တြင္းေ႐ႊလုပ္ငန္းရွင္မ်ားက ေျပာသည္။

နယ္စပ္ဂိတ္မ်ား ပိတ္ဆို႔ထားျခင္းေၾကာင့္ အိႏၵိယႏွင့္ တ႐ုတ္ႏိုင္ငံသို႔ ေ႐ႊတင္ပို႔မႈ ရပ္ဆိုင္းေနၿပီး ျပည္တြင္းေဈးကြက္တြင္လည္း အေရာင္းအဝယ္ရပ္တန႔္ လုနီးပါးျဖစ္ေနသည္ဟု ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာသည္။

‘‘အေရာင္းအဝယ္လည္း ေအးေနတယ္။ ကမာၻ႔ေ႐ႊေဈးလည္းက်တယ္။ ဒါေၾကာင့္ အခုလို ေဈးက်တာပါ’’ဟု ၎ကေျပာသည္။ ေဈးက်ဆင္းေသာ္လည္း ဝယ္ယူသူမရွိသေလာက္ နည္းပါး ေနသည္ဟု ၎ကေျပာသည္။

ျပည္တြင္း ေ႐ႊေဈးသည္ မတ္လ ၂ ရက္တြင္ အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ က်ပ္ ၁၂၁၆, ၀၀၀ ေပါက္ေဈးရွိရာမွ မတ္လ ၂၃ ရက္တြင္ ၁၁၅၂,၀၀၀ အထိ က်ဆင္းခဲ့သည္။ ကမာၻ႔ေ႐ႊေဈး သည္ မတ္လ ၂ ရက္တြင္ တစ္ေအာင္စလွ်င္ ၁,၄၃၉ ေဒၚလာရွိရာမွ မတ္လ ၂၃ ရက္တြင္ ၁,၄၁၈ ေဒၚလာသို႔ က်ဆင္းခဲ့သည္။

‘‘အခ်ိန္တိုတြင္းမွာ ေျခာက္ေသာင္းေက်ာ္ေလာက္က်ဆင္းတာမ်ိဳး မရွိဖူးဘူး။ အေရာင္းအဝယ္ကေတာ့ ပါးေနတယ္’’ ဟု တိတ္စိန္ေ႐ႊဆိုင္ပိုင္ရွင္ ဦးေဇာ္ေအာင္က ေျပာသည္။

ဧၿပီလသည္ ပုံမွန္အေရာင္းအဝယ္က်ဆင္းေလ့ရွိသည့္ကာလျဖစ္ေသာ္လည္း ယခုကာလသည္ ပိုမိုက်ဆင္းေနသည္ဟု ေ႐ႊလုပ္ငန္းရွင္ ဦးမင္းမင္းက ေျပာသည္။ ေ႐ႊေဈးက်ဆင္းမႈသည္ ျပည္တြင္းေဒၚလာေဈးက်ဆင္းမႈႏွင့္ သက္ဆိုင္သည္ဟု ၎က ေျပာသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service