သီလဝါအထူးစီးပွားရေးဇုန်တွင် မြေ စတုရန်းမီတာ ၂၀၀,၀၀၀ ပေါ်တွင် Suzuki မှ ရင်းနှီးမြှုပ်နှံမှု ဂျပန်ယန်း ၁၂ ဘီလီယံ ရှိသည့် မော်တော်ယာဉ်စက်ရုံ တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
1176 Views

သီလဝါအထူးစီးပွားရေးဇုန်တွင် မြေ စတုရန်းမီတာ ၂၀၀,၀၀၀ ပေါ်တွင် Suzuki မှ ရင်းနှီးမြှုပ်နှံမှု ဂျပန်ယန်း ၁၂ ဘီလီယံ ရှိသည့် မော်တော်ယာဉ်စက်ရုံ တည်ဆောက်မည်

### Unicode Version ###

သီလဝါအထူးစီးပွားရေးဇုန်တွင် မြေ စတုရန်းမီတာ ၂၀၀,၀၀၀ ပေါ်တွင် Suzuki မှ ရင်းနှီးမြှုပ်နှံမှု ဂျပန်ယန်း ၁၂ ဘီလီယံ ရှိသည့် မော်တော်ယာဉ်စက်ရုံ တည်ဆောက်မည်ဖြစ်ကြောင်း Suzuki Motor Corporation မှ သိရသည်။

Suzuki Motor Corporation သည် သီလဝါအထူးစီးပွားရေးဇုန်တွင် Suzuki Thilawa Motor Co., Ltdအဖြစ် ဂျပန်ယန်း ၁၂ ဘီလီယံရှိသည့် SKD စနစ် ထုတ်လုပ်တပ်ဆင်ရန် Welding Process, Painting Process နှင့် Assembly Process တို့ပါဝင်သည့်စက်ရုံအသစ်ကိုတည်ဆောက်သွားမည် ဖြစ်သည်။ Suzuki သည်မြန်မာနိုင်ငံတွင် ဈေးကွက်ကျယ်ပြန့်လာခြင်းနှင့်အညီ စက်ရုံသစ်ကို တည်ဆောက်ခြင်းဖြစ်ပြီးလာမည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စတင်လည်ပတ်မည်ကာ နှစ်စဉ် ကားအစီးရေ ၄၀,၀၀၀ ခန့်ထုတ်သွားမည်ဖြစ်သည်။

Suzuki သည် ၁၉၉၈ ခုနှစ်မှ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံခဲ့ပြီး ၁၉၉၉ တွင် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များကို အစိုးရနှင့် ဖက်စပ်အဖြစ် ထုတ်လုပ်တပ်ဆင်ရောင်းချခြင်းဖြင့် လုပ်ငန်းများစတင်ခဲ့ခြင်းဖြစ်သည်။လက်ရှိတွင် Suzuki (Myanmar) Motor Co.,Ltd နှင့် Suzuki Thilawa Motor Co.,Ltd တို့အဖြစ် ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံကာ တောင်ဒဂုံစက်ရုံနှင့် သီလဝါစက်ရုံတို့တွင် Carry, Ciaz, Ertiga နှင့် Swift ကားအမျိုးအစားများကိုထုတ်လုပ်ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ၌ကားအစီးရေ ၁၃,၃၀၀ စီးကို ထုတ်လုပ်ခဲ့ပြီး ယခင်နှစ်ထက် ၁၂၅ ရာခိုင်နှုန်း တိုးတက်ထုတ်လုပ်ခဲ့ပြီး ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၃၅ သန်း ဖြင့်ဈေးကွက်ရှယ်ယာ ၆၀ ဒသမ ၃ ရာခိုင်နှုန်း ရရှိထားကြောင်း Suzuki Motor ထံမှသိရသည်။ယခုတည်ဆောက်မည့် စက်ရုံအသစ်ကို သီလဝါအထူးစီးပွားရေးဇုန်တွင်မြေ စတုရန်းမီတာ ၂၀၀,၀၀၀ ပေါ်တွင် ၄၂,၀၀၀ စတုရန်းမီတာ ကျယ်သည့် စက်ရုံကိုတည်ဆောက်သွားမည်ဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ထားသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###








Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service