Local Property News | Posted by Shwe Zin Win
### Unicode Version ###
ရပ်ဆိုင်းလုနီးပါးဖြစ်နေတဲ့ အထည်ချုပ်လုပ်ငန်းတွေအတွက် ကုန်ကြမ်းတွေအနည်းငယ်ဝင်ရောက်လာပေမယ့် ကုန်ချောမှာယူတဲ့ဥရောပနိုင်ငံတွေဘက်ကအမှာတွေကိုဖျက်သိမ်းတာမျိူးတွေ ရှိလာပြီလို့ ကုန်သည်စက်မှုအသင်းချုပ်တွဲဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ကဆိုပါတယ်။
ကုန်ကြမ်းယူပြီး ကုန်ချောပေးစနစ်နဲ့ဆောင်ရွက်နေတဲ့ ပြည်တွင်းကအထည်ချုပ် လုပ်ငန်းတွေကနေ ချုပ်လုပ်ပြီးသားအထည်တွေကို ဥရောပနိုင်ငံတွေကို တင်ပို့တာရှိပါတယ်။ ဒါပေမယ့် အဲဒီနိုင်ငံတွေက အမှာစာတွေ ရပ်ဆိုင်းလိုက်တာတွေစတင်ကြုံလာရပြီလို့ သိရပါတယ်။
ကနဦးကတော့ ဗိုင်းရပ်စ်ကြောင့် တရုတ်ကနေကုန်ကြမ်းမရတော့လို့ ပြည်တွင်းက အထည်ချုပ်လုပ်ငန်းတွေဟာ အခက်ကြုံခဲ့ရတာပါ။ဒီအခက်အခဲကိုဖြေရှင်းဖို့အတွက် တရုတ်ကနေပြီးခဲ့တဲ့ ရက်ပိုင်းက ကုန်ကြမ်းစတင်ရောက်လာချိန်မှာတော့ ကုန်ချော အမှာစာရပ်ဆိုင်တဲ့ အကြပ်အတည်းကို ထပ်မံကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
အမှာစာရပ်ဆိုင်းလိုက်တဲ့ နိုင်ငံတွေထဲမှာ ဂျာမဏီနဲ့ စပိန်နိုင်ငံတွေက ဩဂုတ်လကုန်ထိ ကုန်ချော မပို့ဖို့ လှမ်းပြောလာတယ်လို့ သိရပါတယ်။
အထူးသဖြင့် Covid19 ကြောင့်ဥရောပနိုင်ငံတွေကလူသုံးကုန်စတိုးတွေကုန်တိုက်ကြီးတွေအထည်ကုမ္ပဏီကြီးတွေက အမှာတွေရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။
ဒါ့ကြောင့် ရန်ကုန်ကအထည်ချုပ်လုပ်ငန်းတွေဟာအလုပ်ချိန်လျှော့တာတွေ အချိန်ပိုဆင်းရတာလျှော့ချတာမျိုးတွေ လုပ်လာရပြီး အချို့စက်ရုံတွေလည်းပိတ်သိမ်းရတာတွေရှိခဲ့ပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
### Zawgyi Version ###
ကုန္ၾကမ္းေရာက္လာခ်ိန္ ကုန္ေခ်ာအမွာစာဖ်က္သိမ္းတာကို အထည္ခ်ဳပ္ေတြႀကဳံေနရ
ရပ္ဆိုင္းလုနီးပါးျဖစ္ေနတဲ့ အထည္ခ်ဳပ္လုပ္ငန္းေတြအတြက္ ကုန္ၾကမ္းေတြအနည္းငယ္ဝင္ေရာက္လာေပမယ့္ ကုန္ေခ်ာမွာယူတဲ့ဥေရာပႏိုင္ငံေတြဘက္ကအမွာေတြကိုဖ်က္သိမ္းတာမ်ိဴးေတြ ရွိလာၿပီလို႔ ကုန္သည္စက္မႈအသင္းခ်ဳပ္တြဲဖက္အတြင္းေရးမႉး ေဒၚခိုင္ခိုင္ႏြယ္ကဆိုပါတယ္။
ကုန္ၾကမ္းယူၿပီး ကုန္ေခ်ာေပးစနစ္နဲ႔ေဆာင္႐ြက္ေနတဲ့ ျပည္တြင္းကအထည္ခ်ဳပ္ လုပ္ငန္းေတြကေန ခ်ဳပ္လုပ္ၿပီးသားအထည္ေတြကို ဥေရာပႏိုင္ငံေတြကို တင္ပို႔တာရွိပါတယ္။ ဒါေပမယ့္ အဲဒီႏိုင္ငံေတြက အမွာစာေတြ ရပ္ဆိုင္းလိုက္တာေတြစတင္ႀကဳံလာရၿပီလို႔ သိရပါတယ္။
ကနဦးကေတာ့ ဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ကေနကုန္ၾကမ္းမရေတာ့လို႔ ျပည္တြင္းက အထည္ခ်ဳပ္လုပ္ငန္းေတြဟာ အခက္ႀကဳံခဲ့ရတာပါ။ဒီအခက္အခဲကိုေျဖရွင္းဖို႔အတြက္ တ႐ုတ္ကေနျပီးခဲ့တဲ့ ရက္ပိုင္းက ကုန္ၾကမ္းစတင္ေရာက္လာခ်ိန္မွာေတာ့ ကုန္ေခ်ာ အမွာစာရပ္ဆိုင္တဲ့ အၾကပ္အတည္းကို ထပ္မံၾကဳံေတြ႕ခဲ့ရတာျဖစ္ပါတယ္။
အမွာစာရပ္ဆိုင္းလိုက္တဲ့ ႏိုင္ငံေတြထဲမွာ ဂ်ာမဏီနဲ႔ စပိန္ႏိုင္ငံေတြက ဩဂုတ္လကုန္ထိ ကုန္ေခ်ာ မပို႔ဖို႔ လွမ္းေျပာလာတယ္လို႔ သိရပါတယ္။
အထူးသျဖင့္ Covid19 ေၾကာင့္ဥေရာပႏိုင္ငံေတြကလူသုံးကုန္စတိုးေတြကုန္တိုက္ႀကီးေတြအထည္ကုမၸဏီႀကီးေတြက အမွာေတြရပ္ဆိုင္းလိုက္တာျဖစ္ပါတယ္။
ဒါ့ေၾကာင့္ ရန္ကုန္ကအထည္ခ်ဳပ္လုပ္ငန္းေတြဟာအလုပ္ခ်ိန္ေလွ်ာ့တာေတြ အခ်ိန္ပိုဆင္းရတာေလွ်ာ့ခ်တာမ်ိဳးေတြ လုပ္လာရၿပီး အခ်ိဳ႕စက္႐ုံေတြလည္းပိတ္သိမ္းရတာေတြရွိခဲ့ပါတယ္။
ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com