အစိုးရ ရဲ့ချေးငွေ တကယ်လိုအပ်တဲ့ လုပ်ငန်းတွေဆီရောက်ဖို့ UMFCCI ကူညီမယ် - Property News in Myanmar from iMyanmarHouse.com
756 Views

အစိုးရ ရဲ့ချေးငွေ တကယ်လိုအပ်တဲ့ လုပ်ငန်းတွေဆီရောက်ဖို့ UMFCCI ကူညီမယ်

### Unicode Version ###

အစိုးရက Covid-19 ဂယက်ကြောင့်စီးပွားရေးလုပ်ငန်းတွေအတွက် ကျပ် ၁၀၀ ဘီလီယံ ထုတ်ချေးရာမှာ အမှန်တကယ်လိုအပ်နေတဲ့လုပ်ငန်းတွေဆီရောက်ရှိသွားဖို့ပြင်ဆင်နေတယ်လို့ကုန်သည်စက်မှုအသင်းချုပ်ရဲ့ တာဝန်ရှိသူတွေကပြောပါတယ်။

စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနက ၁ ရာခိုင်နှုန်းအတိုးနဲ့ဗိုင်းရပ်စ်ဂယက်ကြောင့်ယိုင်နဲ့သွားနိုင်တဲ့စီးပွားရေးလုပ်ငန်းတွေကို တစ်နှစ်ကာလငွေထုတ်ချေးသွားမယ်လို့ ပြီးခဲ့တဲ့ မတ် ၁၈ ရက်နေ့ကထုတ်ပြန်ခဲ့တာပါ။

ထုတ်ချေးမယ့်ကျပ် ၁၀၀ ဘီလီယံကို ထိခိုက်သွားတဲ့လုပ်ငန်းတွေဆီစီးဆင်းစေဖို့ကုန်သည်စက်မှုအသင်းချုပ်က ကူညီမှုတွေပြုလုပ်ပေးသွားမယ့်အကြောင်းကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးအေးဝင်းကပြောပါတယ်။

ငွေထုတ်ချေးမယ့်လုပ်ငန်းတွေအနေနဲ့အမှန်တကယ်လုပ်ငန်းရပ်နားထားတာတွေ၊ပြိုလဲသွားတာတွေအတွက်သတ်မှတ်ထားတဲ့အချက်အလက်တွေ နဲ့ကိုက်ညီရင်တော့လုပ်ငန်းပြန်လည်စတင်ဖို့ ချေးငွေတွေရရှိမှာပါ။

ဦးစားပေးအနေနဲ့လက်ရှိထိခိုက်နေတဲ့ CMP အထည်ချုပ်လုပ်ငန်း၊ခရီးသွားလုပ်ငန်းနဲ့အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းတွေကို ဦးစားပေးဖြစ်အောင် ဆွေးနွေးနေတယ်လို့ ကုန်သည်စက်မှုအသင်းချုပ် ဒုဥက္ကဌ ဒေါက်တာမျိူးသက်ကဆိုပါတယ်။

လက်ရှိအဆိုးဆုံးရင်ဆိုင်နေရတဲ့စီးပွားရေးလုပ်ငန်းကတော့ CMP အထည်ချုပ်လုပ်ငန်းတွေဖြစ်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ်ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ကဆက်လက်ပြောကြားပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###






ဦးစားပေးအနေနဲ့လက်ရှိထိခိုက်နေတဲ့ CMP အထည်ချုပ်လုပ်ငန်း၊ခရီးသွားလုပ်ငန်းနဲ့အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းတွေကို ဦးစားပေးဖြစ်အောင် ဆွေးနွေးနေတယ်လို့ ကုန်သည်စက်မှုအသင်းချုပ် ဒုဥက္ကဌ ဒေါက်တာမျိုးသက်ကဆိုပါတယ်။




Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service