JFE MERANTI Myanmar မှစီမံကိန်းအပိုင်း ၂ တွင် ရင်းနှီးမြှုပ်နှံမှု နှစ်ဆခန့် တိုးမြှင့်မည် - Property News in Myanmar from iMyanmarHouse.com
1967 Views

JFE MERANTI Myanmar မှစီမံကိန်းအပိုင်း ၂ တွင် ရင်းနှီးမြှုပ်နှံမှု နှစ်ဆခန့် တိုးမြှင့်မည်

### Unicode Version ### 

လက်ရှိတွင် ပြည်တွင်း၌ အမေရိကန်ဒေါ်လာ သန်း ၉၀ ရင်းနှီးမြှုပ်နှံထားသည့် JFE MERANTI Myanmar အနေဖြင့် Phase 2 စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု နှစ်ဆခန့် တိုးမြှင့်နိုင်ရန် မျှော်မှန်းထားကြောင်း JFE ထံမှ သိရသည်။

JFE MERANTI အနေဖြင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလကတည်း က ဈေးကွက်အတွင်းမိတ်ဆက်ခဲ့ခြင်း ဖြစ်သော်လည်း ထုတ်လုပ်မှုအပိုင်းကို ၂၀၂၀ နှစ်စပိုင်းမှ စတင်ကာ လုပ် ဆောင်နေခြင်းဖြစ်သည်။

“အပြည့်လည်ပတ်နိုင်ဖို့အတွက်ကတော့ ၁ နှစ် လောက် အချိန်ယူရပါဦးမယ်။ အခု က Phase 1 အနေနဲ့ ၉၀ မီလီယံနဲ့အထက် ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ထားပါတယ်။ နောက်ပိုင်းမှာလည်း Phase 1 ရဲ့ အောင်မြင်မှုပေါ်မူတည်ပြီး Metal Coating Line ဆက်ချဲ့သွားဖို့ရှိပါတယ်။ အဲဒီအတွက်လည်း Phase 1 ရဲ့ နှစ်ဆလောက် ရင်းနှီးမြှုပ်နှံဖို့အတွက် ရည်ရွယ်ထားပါတယ်' ဟု JFE MERANTI ၏ Chief Executive Officer Dr. Sebastian Langendorf က ပြောသည်။

လက်ရှိတွင် တစ်နှစ်လျှင် Metal Coated Steel တန်ပေါင်း ၁၈၀,၀၀၀ ထုတ်လုပ်ရန် ရည်ရွယ်ထားပြီး စိမံကိန်းအပိုင်းနှစ် စတင်ရန် အချိန် သုံးနှစ်မှ ငါးနှစ်ခန့် ကြာမြင့်နိုင်မည်ဖြစ်ကြောင်း ယင်းလုပ်ငန်းထံမှ သိရသည်။

JFE MERANTI သည် အလွှာအုပ်စတီး ကဏ္ဍအတွက် ပြည်တွင်း၌ လာရောက် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ပြီး လက်ရှိတွင် အလွှာအုပ်စတီးများဖြစ်သည့်အိမ်ခေါင်မိုးသုံး ALZU Brand ၊ GIZU Brand ကိုထုတ်လုပ်လျက်ရှိပြီး နောက်ပိုင်းတွင် Metal Coating Line, Building Materials နှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်သည့် Steel Structural Products များကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း JFEထံမှ သိရသည်။

အဆိုပါစက်ရုံမှ Make in Myanmar ထုတ်ကုန်များကို အာဆီယံနိုင်ငံများနှင့် ဥရောပတိုက်တို့ကို တင်ပို့ရောင်းချသွားမည်ဖြစ်ပြီး ပြည်တွင်း၌လည်း အာမခံ ၁၂ နှစ်ထိ ပေးထားသည့် ဆောက်လုပ်ရေးထုတ်ကုန်များကို ရောင်းချသွားမည်ဖြစ်ကြောင်း အဆိုပါဆောက်လုပ်ရေးထံမှသိရသည်။

JFE စက်ရုံရှိ အလုပ်သမား ၂၄၀ တွင် မြန်မာနိုင်ငံသား ၈၅ ရာခိုင်နှုန်းပါဝင်ပြီး အလုပ်အကိုင်များ၏ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံများအတွက် ဥရောပနှင့် ထိုင်းနိုင်ငံတို့တွင် သင်တန်းများ စေလွှတ်ပြီး စွမ်းဆောင်ရည် မြှင့်တင်ပေးလျက်ရှိကြောင်း ၎င်းလုပ်ငန်းထံမှသိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

JFE MERANTI Myanmar မွစီမံကိန္းအပိုင္း ၂ တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ ႏွစ္ဆခန႔္ တိုးျမွင့္မည္

လက္ရိွတြင္ ျပည္တြင္း၌ အေမရိကန္ေဒၚလာ သန္း ၉၀ ရင္းႏွီးျမႇဳပ္ႏွံထားသည့္ JFE MERANTI Myanmar အေနျဖင့္ Phase 2 စီမံကိန္းတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈ ႏွစ္ဆခန႔္ တိုးျမႇင့္ႏိုင္ရန္ ေမ်ွာ္မွန္းထားေၾကာင္း JFE ထံမွ သိရသည္။

JFE MERANTI အေနျဖင့္ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလကတည္း က ေဈးကြက္အတြင္းမိတ္ဆက္ခဲ့ျခင္း ျဖစ္ေသာ္လည္း ထုတ္လုပ္မႈအပိုင္းကို ၂၀၂၀ နွစ္စပိုင္းမွ စတင္ကာ လုပ္ ေဆာင္ေနျခင္းျဖစ္သည္။

“အျပည့္လည္ပတ္ႏိုင္ဖို႔အတြက္ကေတာ့ ၁ ႏွစ္ ေလာက္ အခ်ိန္ယူရပါဦးမယ္။ အခု က Phase 1 အေနနဲ႔ ၉၀ မီလီယံနဲ႔အထက္ ရင္းႏွီးျမႇဳပ္ႏွံမႈကို ျပဳလုပ္ထားပါတယ္။ ေနာက္ပိုင္းမွာလည္း Phase 1 ရဲ့ ေအာင္ျမင္မႈေပၚမူတည္ၿပီး Metal Coating Line ဆက္ခ်ဲ့သြားဖို႔ရိွပါတယ္။ အဲဒီအတြက္လည္း Phase 1 ရဲ့ ႏွစ္ဆေလာက္ ရင္းႏွီးျမႇဳပ္ႏွံဖို႔အတြက္ ရည္ရြယ္ထားပါတယ္' ဟု JFE MERANTI ၏ Chief Executive Officer Dr. Sebastian Langendorf က ေျပာသည္။

လက္ရွိတြင္ တစ္ႏွစ္လွ်င္ Metal Coated Steel တန္ေပါင္း ၁၈၀,၀၀၀ ထုတ္လုပ္ရန္ ရည္ရြယ္ထားျပီး စိမံကိန္းအပုိင္းနွစ္ စတင္ရန္ အခ်ိန္ သံုးနွစ္မွ ငါးနွစ္ခန့္ ၾကာျမင့္နိုင္မည္ျဖစ္ေၾကာင္း ယင္းလုပ္ငန္းထံမွ သိရသည္။

JFE MERANTI သည္ အလႊာအုပ္စတီး က႑အတြက္ ျပည္တြင္း၌ လာေရာက္ ရင္းႏွီးျမႇဳပ္ႏွံထားျခင္းျဖစ္ၿပီး လက္ရိွတြင္ အလႊာအုပ္စတီးမ်ားျဖစ္သည့္အိမ္ေခါင္မိုးသံုး ALZU Brand ၊ GIZU Brand ကိုထုတ္လုပ္လ်က္ရွိျပီး ေနာက္ပိုင္းတြင္ Metal Coating Line, Building Materials ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္ အသံုးျပဳႏိုင္သၫ့္ Steel Structural Products မ်ားကို ထုတ္လုပ္သြားမည္ျဖစ္ေၾကာင္း JFEထံမွ သိရသည္။ အဆိုပါစက္ရံုမွ Make in Myanmar ထုတ္ကုန္မ်ားကုိ အာဆီယံနိုင္ငံမ်ားနွင့္ ဥေရာပတိုက္တို့ကုိ တင္ပုိ့ေရာင္းခ်သြားမည္ျဖစ္ျပီး ျပည္တြင္း၌လည္း အာမခံ ၁၂ နွစ္ထိ ေပးထားသည့္ ေဆာက္လုပ္ေရးထုတ္ကုန္မ်ားကုိ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း အဆိုပါေဆာက္လုပ္ေရးထံမွသိရသည္။

JFE စက္ရုံရွိ အလုပ္သမား ၂၄၀ တြင္ ျမန္မာနိုင္ငံသား ၈၅ ရာခိုင္နွဳန္းပါ၀င္ျပီး အလုပ္အကိုင္မ်ား၏ က်ြမ္းက်င္မွဳနွင့္ အေတြ့အႀကံဳမ်ားအတြက္ ဥေရာပနွင့္ ထိုင္းနိုင္ငံတို့တြင္ သင္တန္းမ်ား ေစလႊတ္ျပီး စြမ္းေဆာင္ရည္ ျမွင့္တင္ေပးလ်က္ရွိေၾကာင္း ၄င္းလုပ္ငန္းထံမွသိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service