ကမ္ဘာကပ်ရောဂါကြောင့် ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာဈေးများ တစ်ရာခိုင်းနှုန်းမှ ၉ ရာခိုင်နှုန်းကြား ကျဆင်း - Property News in Myanmar from iMyanmarHouse.com
665 Views

ကမ္ဘာကပ်ရောဂါကြောင့် ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာဈေးများ တစ်ရာခိုင်းနှုန်းမှ ၉ ရာခိုင်နှုန်းကြား ကျဆင်း

### Unicode Version ###

ကမ္ဘာ့ကပ်ရောဂါ COVID-19 ဂယက်ကြောင့် ရန်ကုန် စတော့အိတ်ချိန်းရှိ ရှယ်ယာဈေးများ တစ်ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းကြားကျဆင်းခဲ့ကြောင်းစာရင်းများတွင် ဖော်ပြထားသည်။

ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီ ငါးခုစလုံး မတ်လအတွင်း ကျဆင်းခဲ့ခြင်းဖြစ်ပြီး FMI ကုမ္ပဏီသည် မတ်လဆန်းတွင် ရှယ်ယာတစ်စုလျှင် ကျပ် ၁၂,၀၀၀ ကျော်မှ မတ်လ ၁၉ ရက်တွင် ကျပ် ၁၁,၀၀၀ သို့ ကျဆင်းပြီး မတ်လအတွင်း ရှယ်ယာ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ MTSH ကုမ္ပဏီသည်လည်း မတ်လအတွင်း ရှယ်ယာ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ကျန်ကုမ္ပဏီများသည် ရှယ်ယာ ၁ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်း ကြားကျဆင်းခဲ့သည်။

‘‘ကျတော့ ကျတယ်။ အတင်းကြီး ဇောက်ထိုးဆင်းသွားတာ မဟုတ်ဘူး။ နယူးယောက် စတော့အိတ်ချိန်းလို ဇောက်ထိုးဆင်းသွားတာ မရှိဘူး’’ဟု ချေးငွေသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင်ဦးဌေးချွန်က ပြောသည်။

စတော့အိတ်ချိန်းသည် ကပ်ရောဂါကြောင့် တိုက်ရိုက်မထိခိုက်သော်လည်း သွယ်ဝိုက်ထိခိုက်နေကြောင်း ၊ စီးပွားရေးအားလုံး ကောင်းမွန်မှသာပြန်လည်ကောင်းမွန်လာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီ ငါးခုရှိပြီး ၎င်းတို့မှာ FMI, MTSH, MCB, FPB နှင့် THMတို့ ဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ ငါးခုတွင် ရှယ်ယာရှင် သုံးသိန်းကျော်ရှိပြီး Trading Account (ရှယ်ယာဝယ် ရောင်းလုပ်သည့် ဘဏ်စာရင်း) ဖွင့်ထားသူ ၃၃,၀၀၀ ကျော်ရှိသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ကမာၻကပ္ေရာဂါေၾကာင့္ ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ ရွယ္ယာေဈးမ်ား တစ္ရာခိုင္းႏႈန္းမွ ၉ ရာခိုင္ႏႈန္းၾကား က်ဆင္း

ကမာၻ႔ကပ္ေရာဂါ COVID-19 ဂယက္ေၾကာင့္ ရန္ကုန္ စေတာ့အိတ္ခ်ိန္းရွိ ရွယ္ယာေဈးမ်ား တစ္ရာခိုင္ႏႈန္းမွ ၉ ရာခိုင္ႏႈန္းၾကားက်ဆင္းခဲ့ေၾကာင္းစာရင္းမ်ားတြင္ ေဖာ္ျပထားသည္။

ရန္ကုန္စေတာ့အိတ္ခ်ိန္းစာရင္းဝင္ အမ်ားပိုင္ကုမၸဏီ ငါးခုစလုံး မတ္လအတြင္း က်ဆင္းခဲ့ျခင္းျဖစ္ၿပီး FMI ကုမၸဏီသည္ မတ္လဆန္းတြင္ ရွယ္ယာတစ္စုလွ်င္ က်ပ္ ၁၂,၀၀၀ ေက်ာ္မွ မတ္လ ၁၉ ရက္တြင္ က်ပ္ ၁၁,၀၀၀ သို႔ က်ဆင္းၿပီး မတ္လအတြင္း ရွယ္ယာ ၉ ရာခိုင္ႏႈန္း က်ဆင္းခဲ့သည္။ MTSH ကုမၸဏီသည္လည္း မတ္လအတြင္း ရွယ္ယာ ၄ ရာခိုင္ႏႈန္း က်ဆင္းခဲ့သည္။ က်န္ကုမၸဏီမ်ားသည္ ရွယ္ယာ ၁ ရာခိုင္ႏႈန္းမွ ၄ ရာခိုင္ႏႈန္း ၾကားက်ဆင္းခဲ့သည္။

‘‘က်ေတာ့ က်တယ္။ အတင္းႀကီး ေဇာက္ထိုးဆင္းသြားတာ မဟုတ္ဘူး။ နယူးေယာက္ စေတာ့အိတ္ခ်ိန္းလို ေဇာက္ထိုးဆင္းသြားတာ မရွိဘူး’’ဟု ေခ်းေငြသက္ေသခံလက္မွတ္လုပ္ငန္း ႀကီးၾကပ္ေရးေကာ္မရွင္ အဖြဲ႕ဝင္ဦးေဌးခြၽန္က ေျပာသည္။

စေတာ့အိတ္ခ်ိန္းသည္ ကပ္ေရာဂါေၾကာင့္ တိုက္႐ိုက္မထိခိုက္ေသာ္လည္း သြယ္ဝိုက္ထိခိုက္ေနေၾကာင္း ၊ စီးပြားေရးအားလုံး ေကာင္းမြန္မွသာျပန္လည္ေကာင္းမြန္လာမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။

လက္ရွိတြင္ ရန္ကုန္စေတာ့အိတ္ခ်ိန္းစာရင္းဝင္ အမ်ားပိုင္ကုမၸဏီ ငါးခုရွိၿပီး ၎တို႔မွာ FMI, MTSH, MCB, FPB ႏွင့္ THMတို႔ ျဖစ္သည္။

ရန္ကုန္စေတာ့အိတ္ခ်ိန္းစာရင္းဝင္ကုမၸဏီ ငါးခုတြင္ ရွယ္ယာရွင္ သုံးသိန္းေက်ာ္ရွိၿပီး Trading Account (ရွယ္ယာဝယ္ ေရာင္းလုပ္သည့္ ဘဏ္စာရင္း) ဖြင့္ထားသူ ၃၃,၀၀၀ ေက်ာ္ရွိသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service