ဦးတေဇပိုင် ဟိုတယ် ၁၇ လုံးကို စင်ကာပူ Banyan Tree နှင့် အကျိုးတူပူးပေါင်းဆောင်ရွက် - Property News in Myanmar from iMyanmarHouse.com
19700 Views

ဦးတေဇပိုင် ဟိုတယ် ၁၇ လုံးကို စင်ကာပူ Banyan Tree နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်

### Unicode Version ###

ဦးတေဇပိုင် ထူးဟိုတယ်လုပ်ငန်းက စင်ကာပူ Banyan Treeနှင့် ပူးပေါင်း၍ The JV အဖြစ် ဆောင်ရွက်ရန် မတ်လ ၁၆ ရက်က သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ The JV သည် ထူး ဟိုတယ်လုပ်ငန်း၏လက်အောက်ရှိ ဟိုတယ်နှင့် အပန်းဖြေစခန်း ၁၇ ခုကို စီမံခန့်ခွဲမည်ဟု သတင်းထုတ်ပြန်သည်။

‘‘ထူးလုပ်ငန်းစု လက်အောက်က မြန်မာနိုင်ငံရဲ့ အလှဆုံးနေရာမှာ တည်ဆောက်ထားတဲ့ ဟိုတယ်တွေနဲ့ Banyan Tree ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ ဟိုတယ်လုပ်ငန်းစီမံခန့်ခွဲမှု အတတ်ပညာနဲ့ အကျိုးတူဖက်စပ်ပူးပေါင်းခြင်းက မြန်မာနိုင်ငံရဲ့ ဟိုတယ်လုပ်ငန်းကို နောက်တစ်ဆင့် ရောက်ဖို့’’ ဟု ထူးလုပ်ငန်းစု ဥက္ကဋ္ဌ ဦးတေဇက ပြောသည်။

အကျိုးတူ ဖက်စပ်ဆောင်ရွက်မှုသည် ဈေးကွက်ကြီးထွားလာသည့် မြန်မာပြည်ဈေးကွက်ကို အရေးကြီးသည့်နေရာရောက် ရှိနေရန်ဖြစ်သည်ဟု Banyan Tree အလုပ်အမှုဆောင် ဥက္ကဋ္ဌ မစ္စတာ Ho Kwon Ping က ပြောကြားသည်။

ယခု အကျိုးတူပူးပေါင်း ဆောင်ရွက်ရာတွင် လက်ရှိလည်ပတ်နေသည့် ဟိုတယ်နှင့် အပန်းဖြေစခန်း ၁၅ ခု၊ တည်ဆောက်ဆဲ နှစ်ခု ပါဝင်မည်ဖြစ်သည်။ ထိုထဲ တွင် ပုဂံ၊ ငပလီနှင့် အင်းလေး ဒေသများရှိ Aureum Palace ဟိုတယ်နှင့် အပန်းဖြေစခန်းများ၊ မလိခ Lodge၊ တည်ဆောက်ဆဲ ဖြစ်သော ကန်တော်ကြီးပဲလေ့စ် ဟိုတယ်နှင့် မြိတ်ကျွန်းစုတွင် အသစ်တည်ဆောက်မည့် ဟိုတယ်တို့ ပါဝင်သည်။

အဆိုပါဟိုတယ်နှင့်အပန်း ဖြေစခန်းများကို အကျိုးတူဖက်စပ်ပူးပေါင်းလုပ်ကိုင်ရာတွင် ဟိုတယ်နှင့်အပန်းဖြေစခန်းများ၏ အမည်ကို အသစ်ပြန်ပေး၍သော်လည်းကောင်း၊ Banyan Tree Holdings Limited လက်အောက်ရှိ အမည်တစ်ခုအနေဖြင့်သော်လည်းကောင်း ပြောင်းလဲမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Banyan Tree Holdings Limited ကို ၁၉၉၄ တွင် စတင် တည်ထောင်ခဲ့ပြီး အဆိုပါလုပ်ငန်းစုလက်အောက်တွင် နိုင်ငံတကာရှိ ဟိုတယ်နှင့်အပန်းဖြေ စခန်း ၄၆ ခုရှိသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ဦး​ေတဇပိုင္ ဟိုတယ္ ၁၇ လုံးကို စင္ကာပူ Banyan Tree ႏွင့္ အက်ိဳးတူပူး​ေပါင္း​ေဆာင္႐ြက္

ဦး​ေတဇပိုင္ ထူးဟိုတယ္လုပ္ငန္းက စင္ကာပူ Banyan Tree ႏွင့္ ပူးေပါင္း၍ The JV အျဖစ္ ေဆာင္႐ြက္ရန္ မတ္လ ၁၆ ရက္က သေဘာတူလက္မွတ္ေရးထိုးခဲ့သည္။

အဆိုပါ The JV သည္ ထူး ဟိုတယ္လုပ္ငန္း၏လက္ေအာက္ရွိ ဟိုတယ္ႏွင့္ အပန္းေျဖစခန္း ၁၇ ခုကို စီမံခန႔္ခြဲမည္ဟု သတင္းထုတ္ျပန္သည္။

‘‘ထူးလုပ္ငန္းစု လက္ေအာက္က ျမန္မာႏိုင္ငံရဲ႕ အလွဆုံးေနရာမွာ တည္ေဆာက္ထားတဲ့ ဟိုတယ္ေတြနဲ႔ Banyan Tree ရဲ႕ ထူးခြၽန္ေျပာင္ေျမာက္တဲ့ ဟိုတယ္လုပ္ငန္းစီမံခန႔္ခြဲမႈ အတတ္ပညာနဲ႔ အက်ိဳးတူဖက္စပ္ပူးေပါင္းျခင္းက ျမန္မာႏိုင္ငံရဲ႕ ဟိုတယ္လုပ္ငန္းကို ေနာက္တစ္ဆင့္ ေရာက္ဖို႔’’ ဟု ထူးလုပ္ငန္းစု ဥကၠ႒ ဦးေတဇက ေျပာသည္။

အက်ိဳးတူ ဖက္စပ္ေဆာင္႐ြက္မႈသည္ ေဈးကြက္ႀကီးထြားလာသည့္ ျမန္မာျပည္ေဈးကြက္ကို အေရးႀကီးသည့္ေနရာေရာက္ ရွိေနရန္ျဖစ္သည္ဟု Banyan Tree အလုပ္အမႈေဆာင္ ဥကၠ႒ မစၥတာ Ho Kwon Ping က ေျပာၾကားသည္။

ယခု အက်ိဳးတူပူးေပါင္း ေဆာင္႐ြက္ရာတြင္ လက္ရွိလည္ပတ္ေနသည့္ ဟိုတယ္ႏွင့္ အပန္းေျဖစခန္း ၁၅ ခု၊ တည္ေဆာက္ဆဲ ႏွစ္ခု ပါဝင္မည္ျဖစ္သည္။ ထိုထဲ တြင္ ပုဂံ၊ ငပလီႏွင့္ အင္းေလး ေဒသမ်ားရွိ Aureum Palace ဟိုတယ္ႏွင့္ အပန္းေျဖစခန္းမ်ား၊ မလိခ Lodge၊ တည္ေဆာက္ဆဲ ျဖစ္ေသာ ကန္ေတာ္ႀကီးပဲေလ့စ္ ဟိုတယ္ႏွင့္ ၿမိတ္ကြၽန္းစုတြင္ အသစ္တည္ေဆာက္မည့္ ဟိုတယ္တို႔ ပါဝင္သည္။

အဆိုပါဟိုတယ္ႏွင့္အပန္း ေျဖစခန္းမ်ားကို အက်ိဳးတူဖက္စပ္ပူးေပါင္းလုပ္ကိုင္ရာတြင္ ဟိုတယ္ႏွင့္အပန္းေျဖစခန္းမ်ား၏ အမည္ကို အသစ္ျပန္ေပး၍ေသာ္လည္းေကာင္း၊ Banyan Tree Holdings Limited လက္ေအာက္ရွိ အမည္တစ္ခုအေနျဖင့္ေသာ္လည္းေကာင္း ေျပာင္းလဲမည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Banyan Tree Holdings Limited ကို ၁၉၉၄ တြင္ စတင္ တည္ေထာင္ခဲ့ၿပီး အဆိုပါလုပ္ငန္းစုလက္ေအာက္တြင္ ႏိုင္ငံတကာရွိ ဟိုတယ္ႏွင့္အပန္းေျဖ စခန္း ၄၆ ခုရွိသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service