မြေဧက ၅၅၅ ကျော်တွင် ဆောက်လုပ်မည့် ကိုရီးယား-မြန်မာ စက်မှုဥယျာဉ် အိမ်ယာစီမံကိန်းအတွက် အကြံပေးကုမ္ပဏီ ဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
6277 Views

မြေဧက ၅၅၅ ကျော်တွင် ဆောက်လုပ်မည့် ကိုရီးယား-မြန်မာ စက်မှုဥယျာဉ် အိမ်ယာစီမံကိန်းအတွက် အကြံပေးကုမ္ပဏီ ဖိတ်ခေါ်

### Unicode Version ###

ကိုရီးယား-မြန်မာ စက်မှုဥယျာဉ် အိမ်ယာစီမံကိန်းကို အပိုင်းနှစ်ပိုင်းဖြင့်စတင်မည်ဖြစ်၍ စီမံကိန်းနှင့် အသေးစိပ် ဒီဇိုင်းအတွက် အကြံပေးအဖွဲ့အစည်းဖိတ်ခေါ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ထိုစီမံကိန်းသည် မြေဧက ၅၅၅ကျော်ရှိပြီး အပိုင်း ၁တွင် မြေဧက ၃၁၄ နှင့် အပိုင်း ၂ တွင် ၂၄၁ ဧကတို့ ပါဝင်မည်ဖြစ်သည်။

စီမံကိန်းကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းဖြစ်ပြီး လပေါင်း ၃၀ ဆောင်ရွက်ရမည် ဖြစ်သည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အပိုင်း၁ အတွက် လပေါင်း ၁၈ လနှင့် အပိုင်း ၂ အတွက် ၁၂ လလုပ်ဆောင်ရမည်ဖြစ်သည်။

အကြံပေးဝန်ဆောင်မူဆောင်ရွက်လို့သော ကုမ္ပဏီသည် မြန်မာ (သို့မဟုတ်) ကိုရီးယားနိုင်ငံတို့တွင် တရားဝင်မှတ်ပုံတင်ထားသည့် အကြံပေးဆိုင်ရာဝန်ဆောင်မူ ကုမ္ပဏီဖြစ်ရမည်ဟုဆိုသည်။

ယခုအကြံပေးအဖွဲ့သည် လုပ်ဆောင်ရမည့် ကဏ္ဍများမှာ ဖွံဖြိုးရေးစီမံကိန်းနှင့် အသေးစိပ်ဒီဇိုင်းပုံစံတို့ ပါဝင်ဖြစ်သည်။ ၎င်းတို့ထဲ တွင် မြေသားလုပ်ငန်း၊ ကားလမ်းနှင့် လူသွားလမ်း၊ ရေစီးရေလာစနစ်၊ ရေဆိုးစနစ်၊ ရေပေးဝေရေး၊ တည်ဆောက်ရေး ဒီဇိုင်းပုံစံ၊ မြေယာရှုခင်းဒီဇိုင်းပုံစံ၊ လျှပ်စစ်ပိုင်းဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်း စနစ်များ ပါဝင်မည်ဖြစ်သည်။

ထိုကုမ္ပဏီသည် ၁၀ နှစ်အတွင်း ဧက ၅၆၀ကျော်အထက်ရှိသည့် ဒေသဖွံဖြိုးရေး မြို့ပြအင်ဂျင်နီယာ ဒီဇိုင်းပုံစံလုပ်ငန်းအတွေအကြုံရှိရမည်ဖြစ်သည်။ ဖက်စပ်ကုမ္ပဏီဖြစ်ပါက ရှယ်ယာရှင် ၃ ဦးဖြင့် ဖွဲ့စည်းထားသော ကုမ္ပဏီဖြစ်ရမည်ဟုဆိုထားသည်။

စီမံကိန်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကိုရီးယားအစိုးရပိုင် LH (Korea Land and Housing Corporation) ကော်ပိုရေးရှင်းတို့ ၂၀၁၇ ဇွန်လ ၁၆ ရက်က ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်းတွင် လက်မှတ်ရေးထိုးခဲ့သည်။

အကောင်အထည်ဖော်မည့် စီမံကိန်းများ၌ စက်မှုလုပ်ငန်းဧရိယာ၊ သုတေသနနှင့် ဖွံ့ဖြိုးရေး စင်တာ၊ သင်တန်းကျောင်း၊ အိမ်ရာနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ ပါဝင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်းက လွှတ်တော်တွင် ပြောကြားထားသည်။

ပထမအပိုင်းကို ၂၀၁၉ တွင် စတင်ပြီး ၂၀၂၂ ၌ ပြီးဆုံးမည်ဖြစ်သည်။ ဒုတိယအပိုင်းကို ၂၀၂၀ တွင် စတင်ပြီး ၂၀၂၃ ၌ ပြီးဆုံးမည်ဖြစ်သည်။ ထိုစီမံကိန်းကို ကိုရီးယားအစိုးရပိုင် Land and Housing ကော်ပိုရေးရှင်း(LH)နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

### Zawgyi Version ###

ေျမဧက ၅၅၅ ေက်ာ္တြင္ ေဆာက္လုပ္မည့္ ကိုရီးယား-ျမန္မာ စက္မႈဥယ်ာဥ္ အိမ္ယာစီမံကိန္းအတြက္ အႀကံေပးကုမၸဏီ ဖိတ္ေခၚ

 

ကိုရီးယား-ျမန္မာ စက္မႈဥယ်ာဥ္အိမ္ယာစီမံကိန္းကို အပိုင္းႏွစ္ပိုင္းျဖင့္စတင္မည္ျဖစ္၍ စီမံကိန္းႏွင့္ အေသးစိပ္ ဒီဇိုင္းအတြက္ အႀကံေပးအဖြဲ႕အစည္းဖိတ္ေခၚေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္လိုက္သည္။

ထိုစီမံကိန္းသည္ ေျမဧက ၅၅၅ေက်ာ္ရွိၿပီး အပိုင္း ၁တြင္ ေျမဧက ၃၁၄ ႏွင့္ အပိုင္း ၂ တြင္ ၂၄၁ ဧကတို႔ ပါဝင္မည္ျဖစ္သည္။

စီမံကိန္းကုန္က်စရိတ္သည္ အေမရိကန္ေဒၚလာ ၁ ဒသမ ၆ သန္းျဖစ္ၿပီး လေပါင္း ၃၀ ေဆာင္႐ြက္ရမည္ ျဖစ္သည္ဟု ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။ အပိုင္း ၁ အတြက္ လေပါင္း ၁၈ လႏွင့္ အပိုင္း ၂ အတြက္ ၁၂ လလုပ္ေဆာင္ရမည္ျဖစ္သည္။

အႀကံေပးဝန္ေဆာင္မူေဆာင္႐ြက္လို႔ေသာ ကုမၸဏီသည္ ျမန္မာ (သို႔မဟုတ္) ကိုရီးယားႏိုင္ငံတို႔တြင္ တရားဝင္မွတ္ပုံတင္ထားသည့္ အႀကံေပးဆိုင္ရာဝန္ေဆာင္မူ ကုမၸဏီျဖစ္ရမည္ဟုဆိုသည္။

ယခုအႀကံေပးအဖြဲ႕သည္ လုပ္ေဆာင္ရမည့္ က႑မ်ားမွာ ဖြံၿဖိဳးေရးစီမံကိန္းႏွင့္ အေသးစိပ္ဒီဇိုင္းပုံစံတို႔ ပါဝင္ျဖစ္သည္။ ၎တို႔ထဲ တြင္ ေျမသားလုပ္ငန္း၊ ကားလမ္းႏွင့္ လူသြားလမ္း၊ ေရစီးေရလာစနစ္၊ ေရဆိုးစနစ္၊ ေရေပးေဝေရး၊ တည္ေဆာက္ေရး ဒီဇိုင္းပုံစံ၊ ေျမယာရႈခင္းဒီဇိုင္းပုံစံ၊ လွ်ပ္စစ္ပိုင္းဆိုင္ရာ ဆက္သြယ္ေရးလမ္းေၾကာင္း စနစ္မ်ားပါဝင္မည္ျဖစ္သည္။

ထိုကုမၸဏီသည္ ၁၀ ႏွစ္အတြင္း ဧက ၅၆၀ေက်ာ္အထက္ရွိသည့္ ေဒသဖြံၿဖိဳးေရး ၿမိဳ႕ျပအင္ဂ်င္နီယာ ဒီဇိုင္းပုံစံလုပ္ငန္းအေတြအႀကဳံရွိရမည္ျဖစ္သည္။ ဖက္စပ္ကုမၸဏီျဖစ္ပါက ရွယ္ယာရွင္ ၃ ဦးျဖင့္ ဖြဲ႕စည္းထားေသာ ကုမၸဏီျဖစ္ရမည္ဟုဆိုထားသည္။

စီမံကိန္းအတြက္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနႏွင့္ ကိုရီးယားအစိုးရပိုင္ LH (Korea Land and Housing Corporation) ေကာ္ပိုေရးရွင္းတို႔ ၂၀၁၇ ဇြန္လ ၁၆ ရက္က ကိုရီးယားႏိုင္ငံ ဂ်ယ္ဂ်ဴးကြၽန္းတြင္ လက္မွတ္ေရးထိုးခဲ့သည္။

အေကာင္အထည္ေဖာ္မည့္ စီမံကိန္းမ်ား၌ စက္မႈလုပ္ငန္းဧရိယာ၊ သုေတသနႏွင့္ ဖြံ႕ၿဖိဳးေရး စင္တာ၊ သင္တန္းေက်ာင္း၊ အိမ္ရာႏွင့္ စီးပြားေရးဆိုင္ရာ အေဆာက္အအုံမ်ားပါဝင္မည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုဝန္ႀကီး ဦးေက်ာ္လင္းက လႊတ္ေတာ္တြင္ ေျပာၾကားထားသည္။

ပထမအပိုင္းကို ၂၀၁၉ တြင္ စတင္ၿပီး ၂၀၂၂ ၌ ၿပီးဆုံးမည္ျဖစ္သည္။ ဒုတိယအပိုင္းကို ၂၀၂၀ တြင္ စတင္ၿပီး ၂၀၂၃ ၌ ၿပီးဆုံးမည္ျဖစ္သည္။ ထိုစီမံကိန္းကို ကိုရီးယားအစိုးရပိုင္ Land and Housing ေကာ္ပိုေရးရွင္း(LH) ႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနတို႔ အက်ိဳးတူ ပူးေပါင္းေဆာင္႐ြက္ျခင္းျဖစ္သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service