Top Thai Brands 2020 Yangon ကုန်စည်ပြပွဲ (၅) ကြိမ်မြောက် ကျင်းပ - Property News in Myanmar from iMyanmarHouse.com
1647 Views

Top Thai Brands 2020 Yangon ကုန်စည်ပြပွဲ (၅) ကြိမ်မြောက် ကျင်းပ

### Unicode Version ###

Top Thai Brands 2020 Yangon ကုန်စည်ပြပွဲကို (၅) ကြိမ်မြောက်အဖြစ် ဒဂုံမြို့နယ်ရှိ တပ်မတော်ခန်းမ၌ မတ်လ ၁၂ ရက်မှ မတ်လ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရမှသိရသည်။

အဆိုပါ ကုန်စည်ပြပွဲကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးသံရုံး Department of International Trade Promotion (DITP) မှ ကြီးမှူး၍ ထိုင်းနိုင်ငံကုန်သည်ကြီးများအသင်း၊ထိုင်းနိုင်ငံ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၊Thai Airways၊ Bangkok Airways ၊ Nok Airlines စသည့် လေကြောင်းလိုင်းကုမ္ပဏီများနှင့် မြန်မာနိုင်ငံ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့က ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံသံရုံးအသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါကုန်စည်ပြပွဲတွင် ဆိုင်ခန်းပေါင်း (၁၃၀)ကျော်နှင့်အတူ ထိုင်းနိုင်ငံထုတ် အရည်အသွေးမြင့် ကုန်ပစ္စည်းများ၊နာမည်ကြီး brands များ၊ စားသောက်ကုန်၊ လူသုံးကုန်၊ အလှကုန်၊ အီလက်ထရောနစ်ပစ္စည်းများ၊ Fashion ပစ္စည်းများအပါအဝင် မီးဖိုချောင်သုံးပစ္စည်းများအား ပြပွဲရက်အတွင်း ဈေးနှုန်းသက်သာစွာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Top Thai Brands 2020 Yangon ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍပိုမိုတိုးတက်မြင့်မားလာစေရန်နှင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာလာစေရန်ရည်ရွယ်၍ ကျင်းပကြောင်းသိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

 

Top Thai Brands 2020 Yangon ကုန္စည္ျပပြဲ (၅) ႀကိမ္ေျမာက္ က်င္းပ

Top Thai Brands 2020 Yangon ကုန္စည္ျပပြဲကို (၅) ႀကိမ္ေျမာက္အျဖစ္ ဒဂုံၿမိဳ႕နယ္ရွိ တပ္မေတာ္ခန္းမ၌ မတ္လ ၁၂ ရက္မွ မတ္လ ၁၅ ရက္အထိ က်င္းပမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းအစိုးရမွသိရသည္။

အဆိုပါ ကုန္စည္ျပပြဲကို ျမန္မာနိုင္ငံဆိုင္ရာ ထိုင္းစီးပြားေရးသံ႐ုံး Department of International Trade Promotion (DITP) မွ ႀကီးမႉး၍ ထိုင္းနိုင္ငံကုန္သည္ႀကီးမ်ားအသင္း၊ထိုင္းနိုင္ငံ စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္း၊Thai Airways၊ Bangkok Airways ၊ Nok Airlines စသည့္ ေလေၾကာင္းလိုင္းကုမၸဏီမ်ားႏွင့္ ျမန္မာနိုင္ငံ ထိုင္းစီးပြားေရးလုပ္ငန္းရွင္မ်ားအသင္းႏွင့္ ျမန္မာ့ကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕တို႔က ပူးေပါင္းက်င္းပခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

အဆုိပါကုန္စည္ျပပြဲ ဖြင့္ပြဲအခမ္းအနားသို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း၊ ျမန္မာနိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ ဥကၠ႒ ဦးေဇာ္မင္းဝင္း၊ ျမန္မာနိုင္ငံသံ႐ုံးအသီးသီးမွ တာဝန္ရွိသူမ်ား၊ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္းသိရသည္။

အဆိုပါကုန္စည္ျပပြဲတြင္ ဆိုင္ခန္းေပါင္း (၁၃၀)ေက်ာ္ႏွင့္အတူ ထိုင္းနိုင္ငံထုတ္ အရည္အေသြးျမင့္ ကုန္ပစၥည္းမ်ား၊နာမည္ႀကီး brands မ်ား၊ စားေသာက္ကုန္၊ လူသုံးကုန္၊ အလွကုန္၊ အီလက္ထေရာနစ္ပစၥည္းမ်ား၊ Fashion ပစၥည္းမ်ားအပါအဝင္ မီးဖိုေခ်ာင္သုံးပစၥည္းမ်ားအား ျပပြဲရက္အတြင္း ေဈးႏႈန္းသက္သာစြာ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Top Thai Brands 2020 Yangon ကုန္စည္ျပပြဲမွာ ျမန္မာနိုင္ငံ၏ စီးပြားေရးက႑ပိုမိုတိုးတက္ျမင့္မားလာေစရန္ႏွင့္ ျမန္မာနိုင္ငံႏွင့္ ထိုင္းနိုင္ငံၾကား ႏွစ္နိုင္ငံဆက္ဆံေရး ပိုမိုခိုင္မာလာေစရန္ရည္ရြယ္၍ က်င္းပေၾကာင္းသိရသည္။

ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service