မှန်နှင့်အလူမီနီယမ်ဈေးကွက် လက်လီဝယ်ယူသူများကိုသာ မှီခိုနေရ - Property News in Myanmar from iMyanmarHouse.com
3934 Views

မှန်နှင့်အလူမီနီယမ်ဈေးကွက် လက်လီဝယ်ယူသူများကိုသာ မှီခိုနေရ

### Unicode Version ###

မှန်နှင့် အလူမီနီယမ်လုပ်ငန်းများသည် ဆောက်လုပ်ရေးအခန်းကဏ္ဍ၏ လက်လီဈေးကွက်ကိုသာ မှီခိုနေရကြောင်း မြန်မာနိုင်ငံမှန်နှင့်အလူမီနီယမ်လုပ်ကိုင်သူများအသင်းထံမှ သိရသည်။

" လက်လီဈေးကွက်ကို မှီခိုနေရတယ်။အခုချိန်မှာ ကိုယ်တိုင်သုံးတဲ့ ဈေးကွက်က အလားလာကောင်းတယ်။ စီမံကိန်းအများစုကတော့ ပြည်တွင်းမှာရပ်နေတဲ့အတွက် လက်ကားဈေးကွက်ကအားနည်းနေတယ်"ဟု မြန်မာနိုင်ငံမှန်နှင့်အလူမီနီယမ်လုပ်ကိုင်သူများ အသင်းမှဥက္ကဋ္ဌ ဦးအောင်မိုးက ပြောကြားသည်။

လက်ရှိဆောက်လုပ်ရေးဈေးကွက်သည် ပြည်တွင်းလုပ်ငန်းအများစုမှာ ရပ်တန့်လျက်ရှိပြီး နိုင်ငံခြား စီမံကိန်းအများစုသာ လုပ်ကိုင်လျက်ရှိသည့်အတွက် နိုင်ငံခြားမှ တိုက်ရိုက်တင်သွင်းဆောက်လုပ်သည့် ဈေးကွက်ကို ပြည်တွင်းလုပ်ငန်းရှင်များ ယှဉ်ပြိုင်နိုင်ရန်ခက်ခဲနေခြင်းဖြစ်ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

မြန်မာနိုင်ငံ၏ မှန်နှင့်အလူမီနီယမ်ဈေးကွက်သည်ကုန်ကြမ်းအနေဖြင့် တရုတ်နိုင်ငံမှ ၆၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံမှ ၄၀ ရာခိုင်နှုန်းဝန်းကျင်နှင့် ကျန်ရှိသည့် အနည်းငယ်လောက်ကိုသာ ဗီယက်နမ်နိုင်ငံတို့မှ တင်သွင်းနေခြင်းဖြစ်သည်။

ကမ္ဘာစီးပွားရေးအကျိုးဆက်အနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများကျဆင်းနေသည့်အတွက် ကုန်ကြမ်းတင်ပို့မှုတွင် ယခင်ထက် ထက်ဝက်ခန့်ကြာမြင့်မှုများဖြစ်နေသော်လည်း ဈေးကွက်တွင် ဝယ်လိုအားကျဆင်းနေသည့်အတွက် ထိခိုက်မှုနည်းပါးကြောင်း ယင်းအသင်းထံမှသိရသည်။

"တရုတ်ပြည်က ဈေးကွက်ကိုမှီခိုရတယ်ဆိုပေမဲ့ ဝယ်လိုအားနည်းနေတဲ့အတွက် ထိခိုက်မှုနည်းတယ်"ဟု ဦးအောင်မိုးက ပြောသည်။

မှန်နှင့် အလူမီနီယမ်လုပ်ငန်းများသည် ရာခိုင်နှုန်းပြည့်နိုင်ငံခြားမှ တင်သွင်းသည့်ကုန်ကြမ်းများကို ရောင်းချသည့်ဈေးကွက်ဖြစ်ပြီး အသင်းအနေ့ဖြင့် နိုင်ငံအတွင်း စက်ရုံများမှကုန်ကြမ်းများထုတ်လုပ်ပြီး လုပ်ငန်းအဆင့်မြှင့်တင်နိုင်ရန် လိုလားလျက်ရှိကြောင်း အဆိုပါအသင်းထံမှသိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

မွန္နွင့္အလူမီနီယမ္ေစ်းကြက္ လက္လီ၀ယ္ယူသူမ်ားကိုသာ မွီခိုေနရ

မွန္နွင့္ အလူမီနီယမ္လုပ္ငန္းမ်ားသည္ ေဆာက္လုပ္ေရးအခန္းက႑၏ လက္လီေစ်းကြက္ကုိသာ မွီခိုေနရေၾကာင္း ျမန္မာနိုင္ငံမွန္နွင့္အလူမီနီယမ္လုပ္ကိုင္သူမ်ားအသင္းထံမွ သိရသည္။

" လက္လီေစ်းကြက္ကို မွီခိုေနရတယ္။အခုခ်ိန္မွာ ကုိယ္တိုင္သံုးတဲ့ ေစ်းကြက္က အလားလာေကာင္းတယ္။ စီမံကိန္းအမ်ားစုကေတာ့ ျပည္တြင္းမွာရပ္ေနတဲ့အတြက္ လက္ကားေစ်းကြက္ကအားနည္းေနတယ္"ဟု ျမန္မာနိုင္ငံမွန္နွင့္အလူမီနီယမ္လုပ္ကိုင္သူမ်ား အသင္းမွဥကၠ႒ ဦးေအာင္မိုးက ေျပာၾကားသည္။

လက္ရွိေဆာက္လုပ္ေရးေစ်းကြက္သည္ ျပည္တြင္းလုပ္ငန္းအမ်ားစုမွာ ရပ္တန့္လ်က္ရွိျပီး နိုင္ငံျခား စီမံကိန္းအမ်ားစုသာ လုပ္ကုိင္လ်က္ရွိသည့္အတြက္ နိုင္ငံျခားမွ တိုက္ရိုက္တင္သြင္းေဆာက္လုပ္သည့္ ေစ်းကြက္ကုိ ျပည္တြင္းလုပ္ငန္းရွင္မ်ား ယွဥ္ျပိဳင္နိုင္ရန္ခက္ခဲေနျခင္းျဖစ္ေၾကာင္း အဆိုပါအသင္းထံမွ သိရသည္။

ျမန္မာနိုင္ငံ၏ မွန္နွင့္အလူမီနီယမ္ေစ်းကြက္သည္ကုန္ၾကမ္းအေနျဖင့္ တရုတ္နိုင္ငံမွ ၆၀ ရာခိုင္နွဳန္း၊ ထိုင္းနိုင္ငံမွ ၄၀ ရာခိုင္နွဳန္း၀န္းက်င္နွင့္ က်န္ရွိသည့္ အနည္းငယ္ေလာက္ကုိသာ ဗီယက္နမ္နိုင္ငံတို႔မွ တင္သြင္းေနျခင္းျဖစ္သည္။

ကမၻာစီးပြားေရးအက်ိဳးဆက္အေနျဖင့္ ျမန္မာနိုင္ငံတြင္ စီးပြားေရးလုပ္ငန္းမ်ားက်ဆင္းေနသည့္အတြက္ ကုန္ၾကမ္းတင္ပုိ့မွဳတြင္ ယခင္ထက္ ထက္၀က္ခန့္ၾကာျမင့္မွဳမ်ားျဖစ္ေနေသာ္လည္း ေစ်းကြက္တြင္ ၀ယ္လိုအားက်ဆင္းေနသည့္အတြက္ ထိခိုက္မွဳနည္းပါးေၾကာင္း ယင္းအသင္းထံမွသိရသည္။

"တရုတ္ျပည္က ေစ်းကြက္ကုိမွီခိုရတယ္ဆိုေပမဲ့ ၀ယ္လိုအားနည္းေနတဲ့အတြက္ ထိခိုက္မွဳနည္းတယ္"ဟု ဦးေအာင္မိုးက ေျပာသည္။

မွန္နွင့္ အလူမီနီယမ္လုပ္ငန္းမ်ားသည္ ရာခိုင္နွဳန္းျပည့္နိုင္ငံျခားမွ တင္သြင္းသည့္ကုန္ၾကမ္းမ်ားကုိ ေရာင္းခ်သည့္ေစ်းကြက္ျဖစ္ျပီး အသင္းအေန့ျဖင့္ နိုင္ငံအတြင္း စက္ရံုမ်ားမွကုန္ၾကမ္းမ်ားထုတ္လုပ္ျပီး လုပ္ငန္းအဆင့္ျမွင့္တင္နိုင္ရန္ လိုလားလ်က္ရွိေၾကာင္း အဆိုပါအသင္းထံမွသိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service