ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ် ဒေါပုံမြို့နယ်တွင်ဖွင့် - Property News in Myanmar from iMyanmarHouse.com
1196 Views

ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ် ဒေါပုံမြို့နယ်တွင်ဖွင့်

### Unicode Version ###

ဒေါပုံမြို့နယ် ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ်ကို မတ်လ ၅ ရက်က ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံကို ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ကြီးကြပ်မှုတို့ဖြင့် ထွန်းတောက်အောင်ဇမ္ဗူကုမ္ပဏီလီမိတက်က တာဝန်ယူတည်ဆောက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ သန်း(၂၇၀)ဖြင့် ထွန်းတောက်အောင်ဇမ္ဗူ ကုမ္ပဏီမှ အလျား(၆၅)ပေ၊ အနံ(၄၅)ပေ၊ အမြင့်(၃၂)ပေ၊ RC(၃) ထပ် အဆောက်အအုံအား ဆောက်လုပ်နိုင်ခဲ့ကြောင်း၊မြန်မာနိုင်ငံတွင် (၁၀) နှစ်အတွင်း ဒေါပုံမြို့နယ်အပါအဝင် ဥပဒေရုံး(၁၁၅) ရုံးနှင့် ဝန်ထမ်းအိမ်ရာ (၈၉) လုံးအထိ တိုးပွားဆောက်လုပ်နိုင်ခဲ့ပြီး လက်ရှိတွင် ဥပဒေရုံး(၂၉၉) ရုံးနှင့် ဝန်ထမ်းအိမ်ရာ (၁၁၂) လုံးအထိ ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း၊ ကိုယ်ပိုင်ဥပဒေရုံးများနှင့် ဝန်ထမ်းအိမ်ရာများကိုလည်း ဥပဒေရုံးရှိ အရာထမ်းများနှင့်အမှုထမ်းများက မပျက်စီးအောင်ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ကြောင်း၊ အဆောက်အဦသစ်များတွင် စနစ်တကျ နေထိုင်ပြီး မိမိပြောင်းရွေ့သည့် အခါတွင်လည်း စနစ်တကျ လွှဲပြောင်းကာ ရေရှည်ကောင်းမွန်အောင်ထိန်းသိမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးကပြောကြားထားသည်။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဥပဒေရုံးများကို စနစ်တကျပေါ်ထွန်းလာရန် မျှော်မှန်းပြီး နှစ်စဉ်နှစ်တိုင်း ဥပဒေရုံးများ တည်ဆောက်နိုင်ရန်အတွက် ဘတ်ဂျက်များထဲမှာ အမြဲတမ်းလိုလို ထည့်သွင်းပြီး ဆောင်ရွက်ပေးနေတာပဲဖြစ်ကြောင်း၊ ဥပဒေဝန်ထမ်းများ၏ အရည်အချင်းများ ပြည့်မီလာခဲ့မည်ဆိုလျှင် မိမိတို့ ဆောင်ရွက်ရသည့် အုပ်ချုပ်ရေးစနစ်များ ပိုပြီးကောင်းလာမှာဖြစ်ကြောင်းပြောထားသည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

### Zawgyi Version ###

ဥပေဒ႐ုံးႏွင့္ ဝန္ထမ္းအိမ္ရာ အေဆာက္အအုံသစ္ ေဒါပုံၿမိဳ့နယ္တြင္ဖြင့္

ေဒါပုံၿမိဳ႕နယ္   ဥပေဒ႐ုံးႏွင့္ ဝန္ထမ္းအိမ္ရာအေဆာက္အအုံသစ္ကို မတ္လ ၅ ရက္က ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ဦးထြန္းထြန္းဦး၊ရန္ကုန္ တိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊ လႊတ္ေတာ္ဥကၠဌ ဦးတင္ေမာင္ထြန္းႏွင့္ တာဝန္ရွိသူမ်ားက ဖဲႀကိဳးျဖတ္၍ ဖြင့္လွစ္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဥပေဒ႐ုံးႏွင့္ ဝန္ထမ္းအိမ္ရာအေဆာက္အအုံကို ျပည္ေထာင္စုေရွ႕ေနခ်ဳပ္႐ုံးႏွင့္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ လမ္းညႊန္မႈ၊ ရန္ကုန္တိုင္းေဒသႀကီး ဥပေဒခ်ဳပ္႐ုံး၏ႀကီးၾကပ္မႈတို႔ျဖင့္ ထြန္းေတာက္ေအာင္ဇမၺဴကုမၸဏီလီမိတက္က တာဝန္ယူတည္ေဆာက္ခဲ့ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၏ ခြင့္ျပဳရန္ပုံေငြ သန္း(၂၇၀)ျဖင့္ ထြန္းေတာက္ေအာင္ဇမၺဴ ကုမၸဏီမွ အလ်ား(၆၅)ေပ၊ အနံ(၄၅)ေပ၊ အျမင့္(၃၂)ေပ၊ RC(၃) ထပ္ အေဆာက္အအုံအား ေဆာက္လုပ္နိုင္ခဲ့ေၾကာင္း၊ျမန္မာနိုင္ငံတြင္ (၁၀) ႏွစ္အတြင္း ေဒါပုံၿမိဳ႕နယ္အပါအဝင္ ဥပေဒ႐ုံး(၁၁၅) ႐ုံးႏွင့္ ဝန္ထမ္းအိမ္ရာ (၈၉) လုံးအထိ တိုးပြားေဆာက္လုပ္နိုင္ခဲ့ၿပီး လက္ရွိတြင္ ဥပေဒ႐ုံး(၂၉၉) ႐ုံးႏွင့္ ဝန္ထမ္းအိမ္ရာ (၁၁၂) လုံးအထိ ဖြင့္လွစ္နိုင္ၿပီ ျဖစ္ေၾကာင္း၊ ကိုယ္ပိုင္ဥပေဒ႐ုံးမ်ားႏွင့္ ဝန္ထမ္းအိမ္ရာမ်ားကိုလည္း ဥပေဒ႐ုံးရွိ အရာထမ္းမ်ားႏွင့္အမႈထမ္းမ်ားက မပ်က္စီးေအာင္ထိန္းသိမ္းေစာင့္ေရွာက္ၾကရမွာ ျဖစ္ေၾကာင္း၊ အေဆာက္အဦသစ္မ်ားတြင္ စနစ္တက် ေနထိုင္ၿပီး မိမိေျပာင္းေရြ႕သည့္ အခါတြင္လည္း စနစ္တက် လႊဲေျပာင္းကာ ေရရွည္ေကာင္းမြန္ေအာင္ထိန္းသိမ္းေဆာင္ရြက္ၾကရန္လိုအပ္ေၾကာင္း ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ ဦးထြန္းထြန္းဦးကေျပာၾကားထားသည္။

ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ဥပေဒ႐ုံးမ်ားကို စနစ္တက်ေပၚထြန္းလာရန္ ေမၽွာ္မွန္းၿပီး ႏွစ္စဥ္ႏွစ္တိုင္း ဥပေဒ႐ုံးမ်ား တည္ေဆာက္နိုင္ရန္အတြက္ ဘတ္ဂ်က္မ်ားထဲမွာ အျမဲတမ္းလိုလို ထည့္သြင္းၿပီး ေဆာင္ရြက္ေပးေနတာပဲျဖစ္ေၾကာင္း၊ ဥပေဒဝန္ထမ္းမ်ား၏ အရည္အခ်င္းမ်ား ျပည့္မီလာခဲ့မည္ဆိုလၽွင္ မိမိတို႔ ေဆာင္ရြက္ရသည့္ အုပ္ခ်ဳပ္ေရးစနစ္မ်ား ပိုၿပီးေကာင္းလာမွာျဖစ္ေၾကာင္းေျပာထားသည္။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service