ယခုလကုန်မှစ၍ YCDC အဆောက်အအုံဆောက်လုပ်ခွင့် ပါမစ်များ အွန်လိုင်းမှသာ လျှောက်ခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
930 Views

ယခုလကုန်မှစ၍ YCDC အဆောက်အအုံဆောက်လုပ်ခွင့် ပါမစ်များ အွန်လိုင်းမှသာ လျှောက်ခွင့်ပြုမည်

### Unicode Version ###

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC ) ၏ အဆောက်အအုံဆောက်လုပ်ခွင့် ပါမစ်များအားလုံးကို အွန်လိုင်းမှသာ လျှောက်ခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

ပါမစ်များကို အွန်လိုင်းမှလျှောက်ထားနိုင်ရေး Yangon Building Permit System (YBPS) စနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ မတ်လကုန်မှစတင်၍ ရာနှုန်းပြည့်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မတ် ၃ ရက် Chatrium Hotel တွင်ကျင်းပသည့် ‘မြို့တော်သာယာလှပရေးနှင့်ရေရှည်တည်တံ့သော အဆောက်အဦးများ’ ဟောပြောပွဲအပြီး သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

“Yangon Building Permit system ကို အခုဆို သိနေပြီ။ ဘယ်ဘက်ကမှ ညစ်လို့မရဘူး။ စည်ပင်လည်း ညစ်လို့မရတော့ဘူး။ အွန်လိုင်းမှာမကျဘူးဆိုတာမရှိတော့ဘူး။ နောက်လ၊ ဒီလကုန်လောက် ရာနှုန်းပြည့်လုပ်နိုင်မယ် မြန်သွားမယ် မှန်သွားမယ်” ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆိုသည်။

သို့သော်လည်း လာမည့်မတ်လမှစ၍ အထပ်ကန့်သတ်ချက်မထားဘဲ အွန်လိုင်းမှ ပါမစ်လျှောက်ခွင့်ပြုမည်ဖြစ်ပြီး စည်ပင်သာယာပြဌာန်းချက်များနှင့်ကိုက်ညီပါက မည်သည့်လျှောက်ထားမှုကိုမဆို ပါမစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“ဆောက်သမျှဟာတွေအကုန်လုံးပဲ။ အွန်လိုင်းက လျှောက်လို့ရမှာ” ဟု၎င်းကဆိုသည်။

လက်ရှိတွင် အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ်ရရှိရန် အချိန်သုံးလခန့် ကြာမြင့်သော်လည်း YBPS စနစ်ဖြင့် လျှောက်ထားပါက တစ်လခွဲခန့်သာ ကြာမြင့်မည်ဖြစ်ပြီး လက်ရှိတွင် အွန်လိုင်းမှလျှောက်ထားသည့် ပါမစ်အရေအတွက်မှာ ၁၀၀ ကျော်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှသိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

ယခုလကုန္မွစ၍ YCDC အေဆာက္အအုံေဆာက္လုပ္ခြင့္ ပါမစ္မ်ား အြန္လိုင္းမွသာ ေလၽွာက္ခြင့္ျပဳမည္

ရန္ကုန္ၿမိဳ့ေတာ္ စည္ပင္သာယာေရးေကာ္မတီ (YCDC ) ၏ အေဆာက္အအုံေဆာက္လုပ္ခြင့္ ပါမစ္မ်ားအားလုံးကို အြန္လိုင္းမွသာ ေလၽွာက္ခြင့္ျပဳမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ့ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ေျပာၾကားသည္။

ပါမစ္မ်ားကို အြန္လိုင္းမွေလၽွာက္ထားနိုင္ေရး Yangon Building Permit System (YBPS) စနစ္ျဖင့္ ေဆာင္ရြက္လ်က္ရွိရာ မတ္လကုန္မွစတင္၍ ရာႏွုန္းျပည့္လုပ္ေဆာင္နိုင္မည္ျဖစ္ေၾကာင္း ၎ကဆိုသည္။

မတ္ ၃ ရက္ Chatrium Hotel တြင္က်င္းပသည့္ ‘ၿမိဳ့ေတာ္သာယာလွပေရးႏွင့္ေရရွည္တည္တံ့ေသာ အေဆာက္အဦးမ်ား’ ေဟာေျပာပြဲအၿပီး သတင္းမီဒီယာမ်ားႏွင့္ေတြ႕ဆုံစဥ္ ၎ကေျပာၾကားခဲ့ျခင္းျဖစ္သည္။

“Yangon Building Permit system ကို အခုဆို သိေနၿပီ။ ဘယ္ဘက္ကမွ ညစ္လို့မရဘူး။ စည္ပင္လည္း ညစ္လို့မရေတာ့ဘူး။ အြန္လိုင္းမွာမက်ဘူးဆိုတာမရွိေတာ့ဘူး။ ေနာက္လ၊ ဒီလကုန္ေလာက္ ရာႏွုန္းျပည့္လုပ္နိုင္မယ္ ျမန္သြားမယ္ မွန္သြားမယ္” ဟု ရန္ကုန္ၿမိဳ့ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ဆိုသည္။

သို့ေသာ္လည္း လာမည့္မတ္လမွစ၍ အထပ္ကန္႔သတ္ခ်က္မထားဘဲ အြန္လိုင္းမွ ပါမစ္ေလၽွာက္ခြင့္ျပဳမည္ျဖစ္ၿပီး စည္ပင္သာယာျပဌာန္းခ်က္မ်ားႏွင့္ကိုက္ညီပါက မည္သည့္ေလၽွာက္ထားမွုကိုမဆို ပါမစ္ခြင့္ျပဳေပးမည္ျဖစ္ေၾကာင္း ၎ကရွင္းျပသည္။

“ေဆာက္သမၽွဟာေတြအကုန္လုံးပဲ။ အြန္လိုင္းက ေလၽွာက္လို့ရမွာ” ဟု၎ကဆိုသည္။

လက္ရွိတြင္ အေဆာက္အအုံ ေဆာက္လုပ္ခြင့္ပါမစ္ရရွိရန္ အခ်ိန္သုံးလခန္႔ ၾကာျမင့္ေသာ္လည္း YBPS စနစ္ျဖင့္ ေလၽွာက္ထားပါက တစ္လခြဲခန္႔သာ ၾကာျမင့္မည္ျဖစ္ၿပီး လက္ရွိတြင္ အြန္လိုင္းမွေလၽွာက္ထားသည့္ ပါမစ္အေရအတြက္မွာ ၁၀၀ ေက်ာ္ရွိေၾကာင္း ရန္ကုန္ၿမိဳ့ေတာ္စည္ပင္သာယာေရးေကာ္မတီထံမွသိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service