ဒေါက်တာထွန်းနိုင် ထိုင်းနိုင်ငံ NEDA ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံပြီး လမ်းဖောက်လုပ်ရေးနှင့် လျှပ်စစ်ကဏ္ဍအတွက် ချေးငွေရယူရေးဆွေးနွေး - Property News in Myanmar from iMyanmarHouse.com
1208 Views

ဒေါက်တာထွန်းနိုင် ထိုင်းနိုင်ငံ NEDA ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံပြီး လမ်းဖောက်လုပ်ရေးနှင့် လျှပ်စစ်ကဏ္ဍအတွက် ချေးငွေရယူရေးဆွေးနွေး

### Unicode Version ###

ဒေါက်တာထွန်းနိုင် ထိုင်းနိုင်ငံ NEDA ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံပြီး လမ်းဖောက်လုပ်ရေးနှင့် လျှပ်စစ်ကဏ္ဍအတွက် ချေးငွေရယူရေးဆွေးနွေးခဲ့ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ ဖေဖေါ်ဝါရီ ၂၄ ရက်က သိရသည်။

ဒေါက်တာထွန်းနိုင်၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခဲမှုကော်မတီဥက္ကဌ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး (စွမ်းအင်) နှင့် ဉီးခင်မောင်ဝင်း၊ ဒုတိယဝန်ကြီး(လျှပ်စစ်)၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့သည် အဆိုပါနေ့က လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းတွင် ထိုင်းနိုင်ငံမှ Chairperson of the Board NEDA, ထိုင်းသံအမတ်ကြီး Mrs. Suphatra Srimaitreephithak ၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် Mr. Jesda katavetin ၊ ထိုင်းနိုင်ငံဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချူပ်၊ NEDA ၏ Independent Director တို့အားလက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

ဆွေးနွေပွဲတွင် ထားဝယ်အထူးစီးပွားရေးဇုန်အကောင်အထည်ဖော်ရေးအတွက် (၂၁-၂-၂၀၂၀) ရက်နေ့တွင် ပြုလုပ်ခဲ့ သည့် မြန်မာ-ထိုင်း ကနဉီးစီမံကိန်း ပူးတွဲလုပ်ငန်းကော်မတီအစည်းအဝေးနှင့် မြန်မာ-ထိုင်း-ဂျပန် (၃) နိုင်ငံ Working Level အလွတ်သဘောအစည်းအဝေးအခြေအနေများ၊ ၂-လမ်းသွားကားလမ်း ချေးငွေ သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာ နမှ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ဆောင်ရွက်မည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများနှင့် NEDA မှ ချေးငွေရယူကာ ရန်ကုန်မြို့အတွင်း ဆောင်ရွက်မည့် လျှပ်စစ်ပိုင်းဆိုင်ရာလုပ်ငန်းများအား ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ဦးတင်မောင်ဦး၊ ညွှန်ကြားရေးမှူးချူပ်၊ဒေါ်မိမိခိုင်၊ YESC မှ အမှုဆောင်အရာရှိချုပ်၊ ဦးမြင့်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးမင်းထွန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှအင်ဂျင် နီယာချုပ် အောင်မျိုးဦးတို့လည်းတက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

 

ေဒါက္တာထြန္းႏိုင္ ထိုင္းႏိုင္ငံ NEDA ကိုယ္စားလွယ္အဖြဲ႕အား ေတြ႕ဆုံၿပီး လမ္းေဖာက္လုပ္ေရးႏွင့္ လွ်ပ္စစ္က႑အတြက္ ေခ်းေငြရယူေရးေဆြးေႏြး

ေဒါက္တာထြန္းႏိုင္ ထိုင္းႏိုင္ငံ NEDA ကိုယ္စားလွယ္အဖြဲ႕အား ေတြ႕ဆုံၿပီး လမ္းေဖာက္လုပ္ေရးႏွင့္ လွ်ပ္စစ္က႑အတြက္ ေခ်းေငြရယူေရးေဆြးေႏြးခဲ့ေၾကာင္း ထားဝယ္အထူးစီးပြားေရးဇုန္စီမံခန႔္ခြဲမႈေကာ္မတီမွ ေဖေဖၚဝါရီ ၂၄ ရက္က သိရသည္။

ေဒါက္တာထြန္းႏိုင္၊ ထားဝယ္အထူးစီးပြားေရးဇုန္စီမံခန႔္ခဲမႈေကာ္မတီဥကၠဌ၊ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး (စြမ္းအင္) ႏွင့္ ဉီးခင္ေမာင္ဝင္း၊ ဒုတိယဝန္ႀကီး(လွ်ပ္စစ္)၊ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနတို႔သည္ အဆိုပါေန႔က လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ ႀကီးဌာန ဝန္ႀကီး႐ုံးအစည္းအေဝးခန္းတြင္ ထိုင္းႏိုင္ငံမွ Chairperson of the Board NEDA, ထိုင္းသံအမတ္ႀကီး Mrs. Suphatra Srimaitreephithak ၊ ထိုင္းႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ဒုတိယအၿမဲတမ္းအတြင္းဝန္ Mr. Jesda katavetin ၊ ထိုင္းႏိုင္ငံဘ႑ာေရး ဝန္ႀကီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဴပ္၊ NEDA ၏ Independent Director တို႔အားလက္ခံေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္းသိရသည္။

ေဆြးေႏြပြဲတြင္ ထားဝယ္အထူးစီးပြားေရးဇုန္အေကာင္အထည္ေဖာ္ေရးအတြက္ (၂၁-၂-၂၀၂၀) ရက္ေန႔တြင္ ျပဳလုပ္ခဲ့ သည့္ ျမန္မာ-ထိုင္း ကနဉီးစီမံကိန္း ပူးတြဲလုပ္ငန္းေကာ္မတီအစည္းအေဝးႏွင့္ ျမန္မာ-ထိုင္း-ဂ်ပန္ (၃) ႏိုင္ငံ Working Level အလြတ္သေဘာအစည္းအေဝးအေျခအေနမ်ား၊ ၂-လမ္းသြားကားလမ္း ေခ်းေငြ သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးႏိုင္ေရးကိစၥရပ္မ်ား၊ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနမွ ထားဝယ္အထူးစီးပြားေရးဇုန္အတြင္း ေဆာင္႐ြက္မည့္ ဓာတ္အားလိုင္းႏွင့္ ဓာတ္အားခြဲ႐ုံစီမံကိန္းမ်ားႏွင့္ NEDA မွ ေခ်းေငြရယူကာ ရန္ကုန္ၿမိဳ႕အတြင္း ေဆာင္႐ြက္မည့္ လွ်ပ္စစ္ပိုင္းဆိုင္ရာလုပ္ငန္းမ်ားအား ေဆြးေႏြးခဲ့ၾကေၾကာင္းသိရသည္။

အဆိုပါအစည္းအေဝးသို႔ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္၊ ဦးတင္ေမာင္ဦး၊ ၫႊန္ၾကားေရးမႉးခ်ဴပ္၊ေဒၚမိမိခိုင္၊ YESC မွ အမႈေဆာင္အရာရွိခ်ဳပ္၊ ဦးျမင့္သူ၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္၊ ဦးစိုးမင္းထြန္းႏွင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ လမ္းဦးစီးဌာနမွအင္ဂ်င္ နီယာခ်ဳပ္ ေအာင္မ်ိဳးဦးတို႔လည္းတက္ေရာက္ေဆြးေႏြးခဲ့ေၾကာင္းသိရသည္။

မိုးယံလင္းထင္ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service