စတော့အိတ်ချိန်းမှာနိုင်ငံခြားသာတွေရှယ်ယာ ၃၅ ရာခိုင်နှုန်းဝယ်ယူနိုင်ပြီ - Property News in Myanmar from iMyanmarHouse.com
759 Views

စတော့အိတ်ချိန်းမှာနိုင်ငံခြားသာတွေရှယ်ယာ ၃၅ ရာခိုင်နှုန်းဝယ်ယူနိုင်ပြီ

### Unicode Version ###

ရန်ကုန် စတော့အိတ်ချိန်းတွင် မတ်လကစ၍ နိုင်ငံခြားသားများ ရှယ်ယာ ၃၅ ရာခိုင်နှုန်းဝယ်ယူနိုင်ပြီဖြစ်ကြောင်း ချေးငွေသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။

နိုင်ငံခြားသားများ ရန်ကုန် စတော့အိတ်ချိန်းတွင်ရှယ်ယာ ဝယ်ယူခွင့်ကို ကော်မရှင်က၂၀၁၉ နှစ်လယ်ပိုင်းတွင် ခွင့်ပြုပြီးနောက် အမှန်တကယ် စတင်ရောင်းချရန် ဆောင်ရွက်ခြင်း ဖြစ်သည်၊

‘‘ဘယ်စာရင်းနဲ့ ဘယ်လိုဝယ်လို့ ရမယ်ဆိုတာ မကြာခင် ညွှန်ကြားချက်ထုတ်ပြန်ပေးမယ်၊ စာရင်းဝင်ကုမ္ပဏီ အားလုံးမဟုတ်တောင် တချို့တွေ့မှာ နိုင်ငံခြားသားတွေ စိတ်ဝင်စားမှု မြင့်နေပါတယ်’’ဟု ၎င်းကဆိုသည်။

ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများတွင် နိုင်ငံခြားသားများ အစုရှယ်ယာဝယ်ယူခွင့်ကို ခွင့်ပြုကြောင်း ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က၂၀၁၉ ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားသားများကို ရှယ်ယာရောင်းချရာတွင် စာရင်းဝင်ကုမ္ပဏီများသည် အချက်နှစ်ချက်လိုက်နာရမည်ဖြစ်ပြီး နိုင်ငံခြားရှယ်ယာပိုင်ဆိုင်မှုဆိုင်ရာခွင့်ပြုမည့် ပမာဏကို ရန်ကုန်စတော့အိတ်ချိန်းသို့ ကြိုတင်တင်ပြရခြင်းနှင့် ကြီးကြပ်သည့်အဖွဲ့အစည်း၏ ခွင့်ပြုချက်ရယူခြင်းတို့ ဖြစ်သည်။

ထို့အပြင် ရန်ကုန်စတော့အိတ်ချိန်းသည် အချက်ငါးချက် ဆောင်ရွက်ရမည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။ ၎င်းတို့ မှာ ကုမ္ပဏီများက နိုင်ငံခြားသားများကို ရှယ်ယာစတင်ရောင်းချ သည့်နေ့ရက် ကြေညာရန်၊ နိုင်ငံခြားသား ပါဝင်ရင်းနှီးမြှုပ်နှံမှုအတွက် စည်းမျဉ်းများကို ကော်မရှင်ခွင့်ပြုချက်ဖြင့် ထုတ်ပြန်ရန်၊ အရောင်းအဝယ် ပြုလုပ်ရာတွင် အစုရှယ်ယာ တစ်မျိုးတစ်စားတည်းထားရှိရန်၊ ကုမ္ပဏီများက ကော်မရှင်သို့ တင်ပြထားသည့် ရှယ်ယာပမာဏအတိုင်း အရောင်းအဝယ်ဆောင်ရွက်ရန်နှင့် အစုရှယ်ယာမှတ်တမ်းတင်ရာတွင် နိုင်ငံခြားကုမ္ပဏီ၏ တိုက်ရိုက်အစုရှယ်ယာ ပိုင်ဆိုင်မှုဖြစ်ပါက နိုင်ငံခြားပိုင်ဆိုင်မှုဟု သတ်မှတ်ရန်ဖြစ် ကြောင်း ဆိုသည်။

ကုမ္ပဏီ ဥပဒေအသစ်အရ ပြည်တွင်းကုမ္ပဏီများတွင် နိုင်ငံခြားသားအစုရှယ်ယာပိုင်ဆိုင်မှု ကို ၃၅ ရာခိုင်နှုန်းခွင့် ပြုထားပြီး နောက် ရန်ကုန်စတော့အိတ်ချိန်းတွင်လည်း နိုင်ငံခြားရှယ်ယာဝယ်ယူခွင့်ကို ၃၅ ရာခိုင်နှုန်းအောက် ခွင့်ပြုခြင်းဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် အများပိုင်ကုမ္ပဏီ ငါးခုရှိပြီးအစုရှယ်ယာများ ရောင်းချနေခြင်း ဖြစ်သည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

### Zawgyi Version ###

စေတာ့အိတ္ခ်ိန္းမွာႏိုင္ငံျခားသာေတြရွယ္ယာ ၃၅ ရာခိုင္ႏႈန္းဝယ္ယူႏိုင္ၿပီ

ရန္ကုန္ စေတာ့အိတ္ခ်ိန္းတြင္ မတ္လကစ၍ ႏိုင္ငံျခားသားမ်ား ရွယ္ယာ ၃၅ ရာခိုင္ႏႈန္းဝယ္ယူႏိုင္ၿပီျဖစ္ေၾကာင္း ေခ်းေငြသက္ေသခံ လက္မွတ္လုပ္ငန္း ႀကီးၾကပ္ေရးေကာ္မရွင္ အဖြဲ႕ဝင္ ဦးေဌးခြၽန္က ေျပာသည္။

ႏိုင္ငံျခားသားမ်ား ရန္ကုန္ စေတာ့အိတ္ခ်ိန္းတြင္ရွယ္ယာ ဝယ္ယူခြင့္ကို ေကာ္မရွင္က၂၀၁၉ ႏွစ္လယ္ပိုင္းတြင္ ခြင့္ျပဳၿပီးေနာက္ အမွန္တကယ္ စတင္ေရာင္းခ်ရန္ ေဆာင္႐ြက္ျခင္း ျဖစ္သည္၊

‘‘ဘယ္စာရင္းနဲ႔ ဘယ္လိုဝယ္လို႔ရမယ္ဆိုတာ မၾကာခင္ ၫႊန္ၾကားခ်က္ထုတ္ျပန္ေပးမယ္၊ စာရင္းဝင္ကုမၸဏီ အားလုံးမဟုတ္ေတာင္ တခ်ိဳ႕ေတြ႕မွာ ႏိုင္ငံျခားသားေတြ စိတ္ဝင္စားမႈ ျမင့္ေနပါတယ္’’ဟု ၎ကဆိုသည္။

ရန္ကုန္စေတာ့အိတ္ခ်ိန္းစာရင္းဝင္ ကုမၸဏီမ်ားတြင္ ႏိုင္ငံျခားသားမ်ား အစုရွယ္ယာဝယ္ယူခြင့္ကို ခြင့္ျပဳေၾကာင္း ေငြေခ်း သက္ေသခံလက္မွတ္လုပ္ငန္းၾကီးၾကပ္ေရး ေကာ္မရွင္က၂၀၁၉ ဇူလိုင္ ၁၂ ရက္တြင္ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံျခားသားမ်ားကို ရွယ္ယာေရာင္းခ်ရာတြင္ စာရင္းဝင္ကုမၸဏီမ်ားသည္ အခ်က္ႏွစ္ခ်က္လိုက္နာရမည္ျဖစ္ၿပီး ႏိုင္ငံျခားရွယ္ယာပိုင္ဆိုင္မႈဆိုင္ရာခြင့္ျပဳမည့္ ပမာဏကို ရန္ကုန္စေတာ့အိတ္ခ်ိန္းသို႔ ႀကိဳတင္တင္ျပရျခင္းႏွင့္ ႀကီးၾကပ္သည့္အဖြဲ႕အစည္း၏ ခြင့္ျပဳခ်က္ရယူျခင္းတို႔ ျဖစ္သည္။

ထို႔အျပင္ ရန္ကုန္စေတာ့အိတ္ခ်ိန္းသည္ အခ်က္ငါးခ်က္ ေဆာင္႐ြက္ရမည္ဟု ေကာ္မရွင္က ထုတ္ျပန္ထားသည္။ ၎တို႔ မွာ ကုမၸဏီမ်ားက ႏိုင္ငံျခားသားမ်ားကို ရွယ္ယာစတင္ေရာင္းခ် သည့္ေန႔ရက္ ေၾကညာရန္၊ ႏိုင္ငံျခားသား ပါဝင္ရင္းႏွီးျမႇဳပ္ႏွံမႈအတြက္ စည္းမ်ဥ္းမ်ားကို ေကာ္မရွင္ခြင့္ျပဳခ်က္ျဖင့္ ထုတ္ျပန္ရန္၊ အေရာင္းအဝယ္ ျပဳလုပ္ရာတြင္ အစုရွယ္ယာ တစ္မ်ိဳးတစ္စားတည္းထားရွိရန္၊ ကုမၸဏီမ်ားက ေကာ္မရွင္သို႔ တင္ျပထားသည့္ ရွယ္ယာပမာဏအတိုင္း အေရာင္းအဝယ္ေဆာင္႐ြက္ရန္ႏွင့္ အစုရွယ္ယာမွတ္တမ္းတင္ရာတြင္ ႏိုင္ငံျခားကုမၸဏီ၏ တိုက္႐ိုက္အစုရွယ္ယာ ပိုင္ဆိုင္မႈျဖစ္ပါက ႏိုင္ငံျခားပိုင္ဆိုင္မႈဟု သတ္မွတ္ရန္ျဖစ္ ေၾကာင္း ဆိုသည္။

ကုမၸဏီ ဥပေဒအသစ္အရ ျပည္တြင္းကုမၸဏီမ်ားတြင္ ႏိုင္ငံျခားသားအစုရွယ္ယာပိုင္ဆိုင္မႈ ကို ၃၅ ရာခိုင္ႏႈန္းခြင့္ ျပဳထားၿပီး ေနာက္ ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္လည္း ႏိုင္ငံျခားရွယ္ယာဝယ္ယူခြင့္ကို ၃၅ ရာခိုင္ႏႈန္းေအာက္ ခြင့္ျပဳျခင္းျဖစ္သည္။

ရန္ကုန္စေတာ့အိတ္ခ်ိန္းတြင္ အမ်ားပိုင္ကုမၸဏီ ငါးခုရွိၿပီးအစုရွယ္ယာမ်ား ေရာင္းခ်ေနျခင္း ျဖစ္သည္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service