စစ်တောင်းစက်ရုံကိုရီးယားစက်မှုဥယျာဉ်တည်ထောင်ဖို့ဆွေးနွေးနေ - Property News in Myanmar from iMyanmarHouse.com
5503 Views

စစ်တောင်းစက်ရုံကိုရီးယားစက်မှုဥယျာဉ်တည်ထောင်ဖို့ဆွေးနွေးနေ

### Unicode Version ###

မွန်ပြည်နယ်  သိမ်ဇရပ်မြို့ရှိ စစ်တောင်းစက္ကူစက်ရုံ မြေ ဧက ၉၀၀ ကျော်တွင် IndustrialComplex (စက်မှုဥယျာဉ်) ထူထောင်ရန် ကိုရီးယားနိုင်ငံမှ Korea Industrial Complex Co., Ltd နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းနေကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းက ပြောသည်။

ဖေဖော်ဝါရီ ၂၀ ရက် အမျိုးသားလွှတ်တော်အစည်းအဝေး တွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁) ဦးလှမြင့်(ခ)ဦးလှမြင့် သန်းမေးမြန်းသည့် စစ်တောင်း စက္ကူစက်ရုံ မြေနေရာနှင့် အဆောက်အအုံများကို Industrial Complex အဖြစ် တည်ဆောက်ရန် ရှိ၊ မရှိမေးခွန်းကို ဖြေကြားရာ၌ ဒုဝန်ကြီးက ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

စစ်တောင်းစက္ကူစက်ရုံဟောင်းသည် သိမ်ဇရပ်မြို့တွင်တည်ရှိပြီး စက်ရုံမြေ ၉၂၆ ဧကနှင့် ကုန်ကြမ်းစိုက်ကွင်းမြေ ၉,၆၃၀ ဧက စုစုပေါင်း ၁၀,၅၅၆ ဧက အကျယ်အဝန်းရှိကြောင်း ဒေါက်တာမင်းရဲပိုင်ဟိန်းက ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့အ နေဖြင့် ယင်းစက်ရုံဝင်းရှိ မြေဧရိယာဧက ၁၈၀ ပေါ်တွင် လယ်ယာထွက်ကုန်စက်မှုကုန်ကြမ်း များဖြင့် ပျော့ဖတ်နှင့်တန်ဖိုးမြင့် ပစ္စည်းများထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန် Nilar Holdings Company Limited နှင့်လည်း ညှိနှိုင်းဆွေးနွေးနေကြောင်း ၎င်းကပြောသည်။

‘‘ကျွန်တော်တို့ အစိုးရနဲ့ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ပြီး တည်ဆောက်သွားဖို့အတွက် ဆွေးနွေးညှိနှိုင်းနေပါတယ်’’ ဟု ဒုဝန်ကြီးကပြောသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ၎င်းတို့၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသော သိမ်ဇရပ်မြို့ရှိ စစ်တောင်းစက္ကူစက်ရုံဟောင်း မြေနေရာကို Industrial Complex ထူထောင်နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နေပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်းက ပြောသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

စစ္ေတာင္းစက္ရံုကိုရီးယားစက္မွဳဥယ်ာဥ္တည္ေထာင္ဖို႔ေဆြးေႏြးေန

မြန္ျပည္နယ္ သိမ္ဇရပ္ၿမိဳ႕ရွိ စစ္ေတာင္းစကၠဴစက္႐ုံ ေျမ ဧက ၉၀၀ ေက်ာ္တြင္ IndustrialComplex (စက္မႈဥယ်ာဥ္) ထူေထာင္ရန္ကိုရီးယားႏိုင္ငံမွ Korea Industrial Complex Co., Ltd ႏွင့္ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္ႏိုင္ေရး ေဆြးေႏြးညႇိႏႈိင္းေနေၾကာင္း စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာမင္းရဲပိုင္ဟိန္းက ေျပာသည္။

ေဖေဖာ္ဝါရီ ၂၀ ရက္ အမ်ိဳးသားလႊတ္ေတာ္အစည္းအေဝး တြင္ မြန္ျပည္နယ္ မဲဆႏၵနယ္အမွတ္(၁၁) ဦးလွျမင့္(ခ)ဦးလွျမင့္ သန္းေမးျမန္းသည့္ စစ္ေတာင္း စကၠဴစက္႐ုံ ေျမေနရာႏွင့္ အေဆာက္အအုံမ်ားကို Industrial Complex အျဖစ္ တည္ေဆာက္ရန္ ရွိ၊ မရွိေမးခြန္းကို ေျဖၾကားရာ၌ ဒုဝန္ႀကီးက ထည့္သြင္းေျပာၾကားျခင္း ျဖစ္သည္။

စစ္ေတာင္းစကၠဴစက္႐ုံေဟာင္းသည္ သိမ္ဇရပ္ၿမိဳ႕တြင္တည္ရွိၿပီး စက္႐ုံေျမ ၉၂၆ ဧကႏွင့္ ကုန္ၾကမ္းစိုက္ကြင္းေျမ ၉,၆၃၀ ဧက စုစုေပါင္း ၁၀,၅၅၆ ဧက အက်ယ္အဝန္းရွိေၾကာင္း ေဒါက္တာမင္းရဲပိုင္ဟိန္းက ေျပာသည္။

မြန္ျပည္နယ္အစိုးရအဖြဲ႕အ ေနျဖင့္ ယင္းစက္႐ုံဝင္းရွိ ေျမဧရိယာဧက ၁၈၀ ေပၚတြင္ လယ္ယာထြက္ကုန္စက္မႈကုန္ၾကမ္း မ်ားျဖင့္ ေပ်ာ့ဖတ္ႏွင့္တန္ဖိုးျမင့္ ပစၥည္းမ်ားထုတ္လုပ္သည့္ စက္႐ုံတည္ေဆာက္ရန္ Nilar Holdings Company Limited ႏွင့္လည္း ညႇိႏႈိင္းေဆြးေႏြးေနေၾကာင္း ၎ကေျပာသည္။

‘‘ကြၽန္ေတာ္တို႔ အစိုးရနဲ႔ ပုဂၢလိကပူးေပါင္းေဆာင္႐ြက္ၿပီး တည္ေဆာက္သြားဖို႔အတြက္ ေဆြးေႏြးညႇိႏႈိင္းေနပါတယ္’’ ဟု ဒုဝန္ႀကီးကေျပာသည္။

မြန္ျပည္နယ္ အစိုးရအဖြဲ႕အေနျဖင့္ ၎တို႔၏ စီမံခန႔္ခြဲပိုင္ခြင့္ရွိေသာ သိမ္ဇရပ္ၿမိဳ႕ရွိ စစ္ေတာင္းစကၠဴစက္႐ုံေဟာင္း ေျမေနရာကို Industrial Complex ထူေထာင္ႏိုင္ေရး လုပ္ထုံးလုပ္နည္းႏွင့္အညီ ေဆာင္႐ြက္ေနၿပီး စီမံကိန္း၊ ဘ႑ာေရးႏွင့္ စက္မႈဝန္ႀကီးဌာနအေနျဖင့္ စက္မႈက႑ဖြံ႕ၿဖိဳးတိုးတက္ေစေရး မူဝါဒ၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီပူးေပါင္းေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ဒုတိယဝန္ႀကီး ေဒါက္တာ မင္းရဲပိုင္ဟိန္းက ေျပာသည္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service