မြန်မာ - ကိုရီးယား ချစ်ကြည်ရေး ဒလတံတား စီမံကိန်းတစ်ခုလုံး၏ ခုနစ်ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်းသိရ - Property News in Myanmar from iMyanmarHouse.com
2844 Views

မြန်မာ - ကိုရီးယား ချစ်ကြည်ရေး ဒလတံတား စီမံကိန်းတစ်ခုလုံး၏ ခုနစ်ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်းသိရ

### Unicode Version ###

မြန်မာ - ကိုရီးယား ချစ်ကြည်ရေး ဒလတံတားတည်ဆောက်နေရာတွင် စီမံကိန်း တစ်ခုလုံး၏ ခုနစ်ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနမှသိရသည်။

ဒလတံတားစီမံကိန်းမှာ စုစုပေါင်း တံတားအရှည် ၁၈၆၇ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာ၊ လေးလမ်းသွား ဖြစ်ပြီး ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ်ကိုယ်ထည်အပေါ်တွင် သံမဏိကြိုးဆိုင်းတံတားဖြစ်ကာတံတား၏ ခံနိုင်ဝန်မှာ ၇၅ တန် ဖြစ်ပြီး ယခုအခါ တံတားတည်ဆောက်ရေး စီမံကိန်းတစ်ခုလုံး၏ ခုနစ်ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ဖေဖေါ်ဝါရီ ၂၃ ရက်က မြန်မာ - ကိုရီးယား ချစ်ကြည်ရေး ဒလတံတားတည်ဆောက်ရေးစီမံကိန်း သို့သွားရောက်၍ ပင်မတံတားတည်ဆောက်ရေးလုပ်ငန်းများဖြစ်သော Pylon အမှတ်(၁) နှင့် အမှတ် (၂) ၏ ဘိုးပိုင်တူးရန် အတွက် Working Platform များ ပြုလုပ်နေမှုအခြေအနေများနှင့် ယာယီတံတားတည်ဆောက်ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ ဒလဘက်ကမ်းရှိ ပင်မတံတား တည်ဆောက်ရေးလုပ်ငန်းများ၊ Batching Plant နှင့် Casting Yard ဆောင်ရွက်ထားမှု၊ ဒလတံတားချဉ်းကပ်တံတားအတွက် ဘိုးပိုင်တူးခြင်းလုပ်ငန်းများ၊ ပိုင်ထိပ်အုပ်လုပ်ငန်းအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ယင်းနောက် ဒုတိယ ဝန်ကြီးသည် Contractor ကုမ္ပဏီနှင့် Sub-Contractor ကုမ္ပဏီများမှ လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေး ပြည့်မီကောင်းမွန်စေရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး စသည့်အချက်များကို အဓိကထား ဆောင်ရွက်သွားကြရန်မှာကြားခဲ့ကြောင်းသိရသည်။

အဆိုပါ ဒလတံတား တည်ဆောက်ရေးစီမံကိန်းကို ကိုရီးယားသမ္မတနိုင်ငံဘက်မှ ချေးငွေအမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃ သန်း၊ မြန်မာဘက် မှထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄ သန်း စုစုပေါင်း ၁၈၈ ဒသမ ၁၇ သန်းဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် မေလတွင် တည်ဆောက်ရေးလုပ်ငန်းများစတင်ခဲ့ကာ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်းသိရ သည်။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

 









 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service