စမတ်စီးတီးအဖြစ်သန်လျင်ကိုအကောင်အထည်ဖော်မည် - Property News in Myanmar from iMyanmarHouse.com
6434 Views

စမတ်စီးတီးအဖြစ်သန်လျင်ကိုအကောင်အထည်ဖော်မည်

### Unicode Version ###

သန်လျင်   မြို့ကို စမတ်စီးတီးအဖြစ် အကောင်အထည်ဖော်ရန် ဂျပန်အစိုးရနှင့် ဂျပန် ကုမ္ပဏီများက ကြိုးစားနေ ကြောင်း မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်က ပြောသည်။

သီလဝါမြို့ပြ ဖွံ့ဖြိုးရေး လုပ်နိုင်မလား အိပ်မက်မက်နေတယ်။ စမတ်စီးတီးသဘောမျိုး ပါ။ သီလဝါဒေသကြီး မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအကောင်အထည်ပေါ်အောင် ဂျပန်အစိုးရနဲ့ ဂျပန် ကုမ္ပဏီတွေ ကြိုးစားပါ့မယ်’’ ဟု ၎င်းကဆိုသည်။

သန်လျင်မြို့တွင် အဓိက လမ်း၊ တံတား၊ သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံများနှင့် ဆိပ်ကမ်းများကို ဂျပန်နိုင်ငံမှ ချေးငွေ ဖြင့် ဆောင်ရွက်ပြီးဖြစ်၍ ယခုကဲ့သို့ မြို့ပြဖွံံ့ဖြိုးရေး ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။

သန်လျင်မြို့ကို စမတ်စီးတီး အဖြစ်အကောင်အထည်ဖော်ရန် ရှိပြီး သန်လျင်တံတားကို သုံးနှစ်အတွင်း အပြီးတည်ဆောက်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းက ပြောသည်။ ထိုတံတားပြီးစီးပါက မြန်မာနိုင်ငံတွင် အလှဆုံးတံတားတစ်စင်းဖြစ်မည်ဟု ဦးကျော်လင်း က ပြောသည်။

မကြာမီ သန်လျင်မှ ရန်ကုန် သို့ ဝင်ရောက်ရန် ပဲခူး-သန်လျင် လမ်းမတစ်ခုကို ဒေါ်လာသန်း ၁၆၀ ဖြင့် တည်ဆောက်မည်ဟု ၎င်းကဆိုသည်။ ထို့နောက် ပဲခူး မှ ကျိုက်ထိုအထိ အမြန်လမ်းတစ်ခုကို အာရှဖွံံ့ဖြိုးရေးဘဏ်(ADB) ချေးငွေဖြင့် တည်ဆောက်မည်ဟု ပြောသည်။ စုစုပေါင်းကုန်ကျ စရိတ်ဒေါ်လာသန်း ၅၀၀ ဖြစ်သည်ဟုဆိုသည်။

စစ်တောင်းမြစ်ကူးတံတားအသစ်ကိုလည်း ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ အကူအညီဖြင့် တည်ဆောက်မည်ဖြစ်သည်။ ‘‘မော်လမြိုင်၊ ကျိုက်ထိုကလာရင် ရန်ကုန်မြို့ကို ဖြတ်လမ်းတစ်လမ်းအနေနဲ့ သန်လျင်ကို ဖြတ်ရမှာဖြစ်လို့ သန်လျင်မြို့ကြီးက ပိုမိုဖွံ့ဖြိုးလာမှာဖြစ်ပါတယ်’’ ဟု ဦးကျော်လင်းက ပြောသည်။

သန်လျင်မြို့နယ်သည် ရန်ကုန်စည်ပင်သာယာနယ်နိမိတ် ပြင်ပတွင်ရှိပြီး ခရမ်း၊ သုံးခွ၊ ကျောက်တန်းမြို့နယ်တို့ကို ရန်ကုန်မြို့နှင့် ချိတ်ဆက်ရန် အရေးပါသည့် မြို့ဖြစ်သည်။

နေးရှင်းမြန်( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

စမတ္စီးတီးအျဖစ္သန္လ်င္ကိုအေကာင္အထည္ေဖာ္မည္

သန္လ်င္ ၿမိဳ႕ကို စမတ္စီးတီးအျဖစ္ အေကာင္အထည္ေဖာ္ရန္ ဂ်ပန္အစိုးရႏွင့္ ဂ်ပန္ ကုမၸဏီမ်ားက ႀကိဳးစားေနေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာဂ်ပန္သံအမတ္က ေျပာသည္။

သီလဝါၿမိဳ႕ျပ ဖြံ႕ၿဖိဳးေရး လုပ္ႏိုင္မလား အိပ္မက္မက္ေနတယ္။ စမတ္စီးတီးသေဘာမ်ိဳးပါ။ သီလဝါေဒသႀကီး ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးစီမံကိန္းအေကာင္အထည္ေပၚေအာင္ ဂ်ပန္အစိုးရနဲ႔ ဂ်ပန္ ကုမၸဏီေတြ ႀကိဳးစားပါ့မယ္’’ ဟု ၎ကဆိုသည္။

သန္လ်င္ၿမိဳ႕တြင္ အဓိက လမ္း၊ တံတား၊ သဘာဝဓာတ္ေငြ႕ ဓာတ္အားေပးစက္႐ုံမ်ားႏွင့္ ဆိပ္ကမ္းမ်ားကို ဂ်ပန္ႏိုင္ငံမွ ေခ်းေငြ ျဖင့္ ေဆာင္႐ြက္ၿပီးျဖစ္၍ ယခုကဲ့သို႔ ၿမိဳ႕ျပဖြံံ့ၿဖိဳးေရး ေဆာင္႐ြက္ျခင္းျဖစ္သည္ဟုဆိုသည္။

သန္လ်င္ၿမိဳ႕ကို စမတ္စီးတီး အျဖစ္အေကာင္အထည္ေဖာ္ရန္ ရွိၿပီး သန္လ်င္တံတားကို သုံးႏွစ္အတြင္း အၿပီးတည္ေဆာက္မည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးေက်ာ္လင္းက ေျပာသည္။ ထိုတံတားၿပီးစီးပါက ျမန္မာႏိုင္ငံတြင္ အလွဆုံးတံတားတစ္စင္းျဖစ္မည္ဟု ဦးေက်ာ္လင္းက ေျပာသည္။

မၾကာမီ သန္လ်င္မွ ရန္ကုန္သို႔ ဝင္ေရာက္ရန္ ပဲခူး-သန္လ်င္ လမ္းမတစ္ခုကို ေဒၚလာသန္း ၁၆၀ ျဖင့္ တည္ေဆာက္မည္ဟု ၎ကဆိုသည္။ ထို႔ေနာက္ ပဲခူး မွ က်ိဳက္ထိုအထိ အျမန္လမ္းတစ္ခုကို အာရွဖြံံ့ၿဖိဳးေရးဘဏ္(ADB) ေခ်းေငြျဖင့္ တည္ေဆာက္မည္ဟု ေျပာသည္။ စုစုေပါင္းကုန္က် စရိတ္ေဒၚလာသန္း ၅၀၀ ျဖစ္သည္ဟုဆိုသည္။

စစ္ေတာင္းျမစ္ကူးတံတားအသစ္ကိုလည္း ဂ်ပန္အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ ေရးေအဂ်င္စီ အကူအညီျဖင့္ တည္ေဆာက္မည္ျဖစ္သည္။ ‘‘ေမာ္လၿမိဳင္၊ က်ိဳက္ထိုကလာရင္ ရန္ကုန္ၿမိဳ႕ကို ျဖတ္လမ္းတစ္လမ္းအေနနဲ႔ သန္လ်င္ကို ျဖတ္ရမွာျဖစ္လို႔ သန္လ်င္ၿမိဳ႕ႀကီးက ပိုမိုဖြံ႕ၿဖိဳးလာမွာျဖစ္ပါတယ္’’ ဟု ဦးေက်ာ္လင္းက ေျပာသည္။

သန္လ်င္ၿမိဳ႕နယ္သည္ ရန္ကုန္စည္ပင္သာယာနယ္နိမိတ္ ျပင္ပတြင္ရွိၿပီး ခရမ္း၊ သုံးခြ၊ ေက်ာက္တန္းၿမိဳ႕နယ္တို႔ကို ရန္ကုန္ၿမိဳ႕ႏွင့္ ခ်ိတ္ဆက္ရန္ အေရးပါသည့္ ၿမိဳ႕ျဖစ္သည္။

ေနးရွင္းျမန္( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service