အဆင့်မြင့်ရုံးခန်း အဆောက်အအုံဌားရမ်းမှုတွေရန်ကုန်မှာအလုပ်ဖြစ်နေ - Property News in Myanmar from iMyanmarHouse.com
767 Views

အဆင့်မြင့်ရုံးခန်း အဆောက်အအုံဌားရမ်းမှုတွေရန်ကုန်မှာအလုပ်ဖြစ်နေ

### Unicode Version ###

၂၀၂၀ ပြည့်နှစ်အစ နှစ်လအတွင်း ရန်ကုန်မြို့တွင် အဆင့်မြင့်ရုံးခန်း အဆောက်အအုံနေရာ စတုရန်းမီတာ ၄၀၀၀၀၀ ဝန်းကျင်ရှိလာပြီး ရုံးခန်းငှားရမ်းမှုနှုန်း ၆၅ ရာခိုင်နှုန်းရှိတယ်လို့ကနေဒါအခြေစိုက် နိုင်ငံတကာ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း Colliers International (Myanmar) ၏၂၀၁၉ ခုနှစ် စတုတ္ထ သုံးလပတ်ဈေးကွက် အစီရင်ခံစာမှာဖော်ပြထားပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ရုံးခန်းအဆောက်အအုံသစ်များထွက်ရှိလာမှုနှင့်အတူ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ စတုရန်းမီတာ ၃၈၇၉၀၀ ဝန်းကျင်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဒုတိယသုံးလပတ်အထိ အခန်းသစ်ထပ်မံ မထွက်ရှိခဲ့ကာ ၂၀၁၉ ခုနှစ် တတိယသုံးလပတ်တွင် စတုရန်းမီတာ ၂၅၈၀၊ ၂၀၁၉ ခု နှစ် စတုတ္ထသုံးလပတ်တွင် စတုရန်းမီတာ ၄၃၁၅၀ ထွက်ရှိခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်အတွင်း ၂၀၁၅ ခုနှစ်တွင် ရုံးခန်းအဆောက်အအုံသစ် အများဆုံးထွက်ရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် နောက်ပိုင်းတွင် စီမံကိန်းတည်ဆောက်ရေးလုပ်ငန်းများ ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ကာ အခန်းသစ်ထွက်ပေါ်မှုများ လျော့ကျခဲ့သည်။

နိုင်ငံတကာ စီးပွားရေးလုပ်ငန်းများ ဆက်လက်ဝင်ရောက်လာမှုနှင့် ရှိနှင့်ပြီး ပြည်တွင်းပြည်ပ လုပ်ငန်းအချို့၏ လုပ်ငန်းတိုးချဲ့မှုများကြောင့် ရုံးခန်းနေရာ လိုအပ်ချက် မြင့်မားသော်လည်း ငှားရမ်းမှုနှုန်းများ ရာခိုင်နှုန်း ၇၀ အောက်တွင်သာရှိနေသည်။ ၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်တွင် ဈေးကွက်ဝင်ပြီး ရုံးခန်းအဆောက်အအုံ နေရာများ၏ ၆၅ ရာခိုင်နှုန်း ငှားရမ်းမှုရှိပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် တတိယသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ငှားရမ်းခမှာ ၃ ဒသမ ၅ ရာခိုင်နှုန်းနီးပါး ဆက်လက်ကျဆင်းခဲ့သည်။

Colliers International ၏ခန့်မှန်းချက်အရ ရုံးခန်းအငှားဈေးကွက်အတွင်း ပိုမိုယှဉ်ပြိုင်လာရမည်ဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် ငှားရမ်းမှုများလည်း များပြားလာမည်ဖြစ်သည်။ ထို့ပြင် အရွယ်အစားကြီးမားပြီး နိုင်ငံတကာ အဆင့်အတန်းမီသော ရုံးခန်းအဆောက်အအုံများသည် သမားရိုးကျ မဟုတ်သော ငှားရမ်းမှုများကို ပိုမိုဝန်ဆောင်ပေးလာနိုင်မည်ဖြစ်ပြီး အသေးစားနှင့် အလတ်စားရုံးခန်း ငှားရမ်းသူများက ပုံမှန်ရုံးခန်း ဈေးကွက်ကို ဆက်လက် အားပြုနိုင်မည် ဖြစ်သည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

အဆင့္ျမင့္ရံုးခန္း အေဆာက္အအံုဌားရမ္းမွဳေတြရန္ကုန္မွာအလုပ္ျဖစ္ေန

၂၀၂၀ ျပည့္ႏွစ္အစ ႏွစ္လအတြင္း ရန္ကုန္ၿမိဳ႕တြင္ အဆင့္ျမင့္႐ုံးခန္း အေဆာက္အအုံေနရာ စတုရန္းမီတာ ၄၀၀၀၀၀ ဝန္းက်င္ရွိလာၿပီး ႐ုံးခန္းငွားရမ္းမႈႏႈန္း ၆၅ ရာခိုင္ႏႈန္းရွိတယ္လို႔ကေနဒါအေျခစိုက္ ႏိုင္ငံတကာ အိမ္ၿခံေျမ ဝန္ေဆာင္မႈလုပ္ငန္း Colliers International (Myanmar) ၏၂၀၁၉ ခုႏွစ္ စတုတၳ သုံးလပတ္ေစ်းကြက္ အစီရင္ခံစာမွာေဖာ္ျပထားပါတယ္။

၂၀၁၉ ခုႏွစ္အတြင္း ႐ုံးခန္းအေဆာက္အအုံသစ္မ်ားထြက္ရွိလာမႈႏွင့္အတူ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလကုန္အထိ စတုရန္းမီတာ ၃၈၇၉၀၀ ဝန္းက်င္ရွိခဲ့ၿပီး ၂၀၁၉ ခုႏွစ္ ဒုတိယသုံးလပတ္အထိ အခန္းသစ္ထပ္မံ မထြက္ရွိခဲ့ကာ ၂၀၁၉ ခုႏွစ္ တတိယသုံးလပတ္တြင္ စတုရန္းမီတာ ၂၅၈၀၊ ၂၀၁၉ ခု ႏွစ္ စတုတၳသုံးလပတ္တြင္ စတုရန္းမီတာ ၄၃၁၅၀ ထြက္ရွိခဲ့ျခင္းျဖစ္သည္။

၂၀၁၉ ခုႏွစ္အတြင္း ၂၀၁၅ ခုႏွစ္တြင္ ႐ုံးခန္းအေဆာက္အအုံသစ္ အမ်ားဆုံးထြက္ရွိခဲ့ျခင္းျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ ေနာက္ပိုင္းတြင္ စီမံကိန္းတည္ေဆာက္ေရးလုပ္ငန္းမ်ား ၾကန႔္ၾကာမႈမ်ား ျဖစ္ေပၚခဲ့ကာ အခန္းသစ္ထြက္ေပၚမႈမ်ား ေလ်ာ့က်ခဲ့သည္။

ႏိုင္ငံတကာ စီးပြားေရးလုပ္ငန္းမ်ား ဆက္လက္ဝင္ေရာက္လာမႈႏွင့္ ရွိႏွင့္ၿပီး ျပည္တြင္းျပည္ပ လုပ္ငန္းအခ်ိဳ႕၏ လုပ္ငန္းတိုးခ်ဲ႕မႈမ်ားေၾကာင့္ ႐ုံးခန္းေနရာ လိုအပ္ခ်က္ ျမင့္မားေသာ္လည္း ငွားရမ္းမႈႏႈန္းမ်ား ရာခိုင္ႏႈန္း ၇၀ ေအာက္တြင္သာရွိေနသည္။ ၂၀၁၉ ခုႏွစ္ စတုတၳသုံးလပတ္တြင္ ေစ်းကြက္ဝင္ၿပီး ႐ုံးခန္းအေဆာက္အအုံ ေနရာမ်ား၏ ၆၅ ရာခိုင္ႏႈန္း ငွားရမ္းမႈရွိၿပီး ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ တတိယသုံးလပတ္ႏွင့္ ႏႈိင္းယွဥ္ပါက ၅ ဒသမ ၆ ရာခိုင္ႏႈန္း က်ဆင္းခဲ့ၿပီး ငွားရမ္းခမွာ ၃ ဒသမ ၅ ရာခိုင္ႏႈန္းနီးပါး ဆက္လက္က်ဆင္းခဲ့သည္။

Colliers International ၏ခန႔္မွန္းခ်က္အရ ႐ုံးခန္းအငွားေစ်းကြက္အတြင္း ပိုမိုယွဥ္ၿပိဳင္လာရမည္ျဖစ္ၿပီး အြန္လိုင္းမွတစ္ဆင့္ ငွားရမ္းမႈမ်ားလည္း မ်ားျပားလာမည္ျဖစ္သည္။ ထို႔ျပင္ အ႐ြယ္အစားႀကီးမားၿပီး ႏိုင္ငံတကာ အဆင့္အတန္းမီေသာ ႐ုံးခန္းအေဆာက္အအုံမ်ားသည္ သမား႐ိုးက် မဟုတ္ေသာ ငွားရမ္းမႈမ်ားကို ပိုမိုဝန္ေဆာင္ေပးလာႏိုင္မည္ျဖစ္ၿပီး အေသးစားႏွင့္ အလတ္စား႐ုံးခန္း ငွားရမ္းသူမ်ားက ပုံမွန္႐ုံးခန္း ေစ်းကြက္ကို ဆက္လက္ အားျပဳႏိုင္မည္ ျဖစ္သည္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service