အစိုးရကရောင်းချတဲ့မြေကွက်တွေကိုသတ်မှတ်ဈေးနှုန်းတစ်ခုနဲ့သာရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
768 Views

အစိုးရကရောင်းချတဲ့မြေကွက်တွေကိုသတ်မှတ်ဈေးနှုန်းတစ်ခုနဲ့သာရောင်းချမည်

### Unicode Version ###

တန်ဖိုးနည်းမြေကွက်ဝယ်ယူခွင့် ရရှိဖို့ လျှောက်ထားသူ ဦးရေ (၁၂,၀၀၀)ကျော်ထဲက (၆၀၀)ကျော်သာဝယ်ယူခွင့်ရရှိပြီး မြေကွက်အားလုံးကို သတ်မှတ်ဈေးနှုန်းတစ်ခုတည်းနဲ့ရောင်းချပေးမှာဖြစ်တယ်လို့ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရောင်းချပေးမယ့် တန်ဖိုးနည်းမြေကွက်ဝယ်ယူခွင့်ရရှိတဲ့ သူတွေအနေနဲ့ မြေကွက်တွေကို မဲနှိုက်ပြီး ဝယ်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။ ရောင်းချပေးမယ့်မြေကွက်တွေအားလုံးက ဈေးနှုန်းတပြေးညီဖြစ်ပြီး ဝယ်ယူခွင့်ရရှိတဲ့သူတွေအားလုံးကိုလည်း သတ်မှတ်ဈေးနှုန်းနဲ့ဝယ်ယူဖို့ အကြောင်းကြားပြီးဖြစ်တယ်လို့ မြို့တော်စည်ပင်ကနေ သိရပါတယ်။

“ မြေကွက်တွေကိုတော့ ဝယ်ယူခွင့်ရရှိတဲ့ သူတွေကိုခေါ်ပြီးအဆိုပြုဈေးနှုန်းတွေကို တင်ပြခိုင်းခဲ့တယ်။ အဲဒီမှာ အနိမ့်ဆုံးအဆိုပြုတဲ့သူတွေက သိန်း(၃၀)နဲ့ အမြင့်ဆုံးသိန်း(၂၀၀) အထက် အဆိုပြုသူတွေလည်းရှိတယ်။ ဈေးနှုန်းအဆိုပြုချက်တွေက တော်တော်လေးကွာဟနေတော့ ကျွန်တော်တို့ဈေးနှုန်းညှိတယ်။ တစ်ခုတည်းသောဈေးနှုန်းကိုပြန်ပြီးသတ်မှတ်တယ်။ သတ်မှတ်ထားတဲ့ဈေးနှုန်းအတိုင်း ဝယ်ယူရမယ်၊ မြေကွက်အားလုံးကဈေးအတူတူပဲ။ ဈေးနှုန်းတူတူပဲဖြစ်လို့ မြေကွက်တွေကို မဲနှိုက်ပြီးဝယ်ယူရမှာဖြစ်တယ်” လို့ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက မီဒီယာတွေကိုပြောပါတယ်။

တန်ဖိုးနည်းမြေကွက်တွေဝယ်ယူဖို့အတွက် လျှောက်ထားသူ (၁၂,၀၀၀) ကျော်ထဲကနေ ဝယ်ယူခွင့်ရရှိတဲ့ သူက (၆၀၀)ကျော်သာရှိတာဖြစ်ပါတယ်။ လျှောက်ထားသူတွေကို သေချာ စိစစ်လိုက်တဲ့အခါမှာတော့ သတ်မှတ်စည်းကမ်းချက်တွေနဲ့ ကိုက်ညီတဲ့ သူတွေကိုသာ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဦးသန်းကပြောပါတယ်။

ဝယ်ယူရရှိတဲ့ မြေကွက်တွေကိုတော့ လျှောက်ထားသူအမည်နဲ့သာ ရောင်းချပေးမှာဖြစ်ပြီး (၃)နှစ်အတွင်းနာမည်ပြောင်းခွင့်မရှိဘူးလို့ သိရပါတယ်။ မြေကွက်ဝယ်ယူခွင့်ရတဲ့ သူတွေအနေနဲ့ သတ်မှတ်စည်းကမ်းချက်များကို လိုက်နာမှုမရှိပါက ပေးသွင်းထားတဲ့ ငွေတွေကို ပြန်လည်ထုတ်ပေးပြီး မြေကွက်ကိုပြန်လည်သိမ်းဆည်းမှာဖြစ်တယ်လို့ သိရပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

### Zawgyi Version ###

အစိုးရကေရာင္းခ်တဲ့ေျမကြက္ေတြကိုသတ္မွတ္ေစ်းႏွဳန္းတစ္ခုနဲ႕သာေရာင္းခ်မည္

တန္ဖိုးနည္းေျမကြက္ဝယ္ယူခြင့္ ရရွိဖို႔ ေလွ်ာက္ထားသူ ဦးေရ (၁၂,၀၀၀)ေက်ာ္ထဲက (၆၀၀)ေက်ာ္သာဝယ္ယူခြင့္ရရွိၿပီး ေျမကြက္အားလုံးကို သတ္မွတ္ေဈးႏႈန္းတစ္ခုတည္းနဲ႔ေရာင္းခ်ေပးမွာျဖစ္တယ္လို႔ ရန္ကုန္ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ တြဲဖက္အတြင္းေရးမႉး ဦးသန္းကေျပာပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရက ေရာင္းခ်ေပးမယ့္ တန္ဖိုးနည္းေျမကြက္ဝယ္ယူခြင့္ရရွိတဲ့ သူေတြအေနနဲ႔ ေျမကြက္ေတြကို မဲႏႈိက္ၿပီး ဝယ္ယူရမွာျဖစ္တယ္လို႔ သိရပါတယ္။ ေရာင္းခ်ေပးမယ့္ေျမကြက္ေတြအားလုံးက ေဈးႏႈန္းတေျပးညီျဖစ္ၿပီး ဝယ္ယူခြင့္ရရွိတဲ့သူေတြအားလုံးကိုလည္း သတ္မွတ္ေဈးႏႈန္းနဲ႔ဝယ္ယူဖို႔ အေၾကာင္းၾကားၿပီးျဖစ္တယ္လို႔ ၿမိဳ႕ေတာ္စည္ပင္ကေန သိရပါတယ္။

“ ေျမကြက္ေတြကိုေတာ့ ဝယ္ယူခြင့္ရရွိတဲ့ သူေတြကိုေခၚၿပီးအဆိုျပဳေဈးႏႈန္းေတြကို တင္ျပခိုင္းခဲ့တယ္။ အဲဒီမွာ အနိမ့္ဆုံးအဆိုျပဳတဲ့သူေတြက သိန္း(၃၀)နဲ႔ အျမင့္ဆုံးသိန္း(၂၀၀) အထက္ အဆိုျပဳသူေတြလည္းရွိတယ္။ ေဈးႏႈန္းအဆိုျပဳခ်က္ေတြက ေတာ္ေတာ္ေလးကြာဟေနေတာ့ ကြၽန္ေတာ္တို႔ေဈးႏႈန္းညႇိတယ္။ တစ္ခုတည္းေသာေဈးႏႈန္းကိုျပန္ၿပီးသတ္မွတ္တယ္။ သတ္မွတ္ထားတဲ့ေဈးႏႈန္းအတိုင္း ဝယ္ယူရမယ္၊ ေျမကြက္အားလုံးကေဈးအတူတူပဲ။ ေဈးႏႈန္းတူတူပဲျဖစ္လို႔ ေျမကြက္ေတြကို မဲႏႈိက္ၿပီးဝယ္ယူရမွာျဖစ္တယ္” လို႔ ရန္ကုန္ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ တြဲဖက္အတြင္းေရးမႉး ဦးသန္းက မီဒီယာေတြကိုေျပာပါတယ္။

တန္ဖိုးနည္းေျမကြက္ေတြဝယ္ယူဖို႔အတြက္ ေလွ်ာက္ထားသူ (၁၂,၀၀၀) ေက်ာ္ထဲကေန ဝယ္ယူခြင့္ရရွိတဲ့ သူက (၆၀၀)ေက်ာ္သာရွိတာျဖစ္ပါတယ္။ ေလွ်ာက္ထားသူေတြကို ေသခ်ာ စိစစ္လိုက္တဲ့အခါမွာေတာ့ သတ္မွတ္စည္းကမ္းခ်က္ေတြနဲ႔ ကိုက္ညီတဲ့ သူေတြကိုသာ ေ႐ြးခ်ယ္ခဲ့တာျဖစ္တယ္လို႔ ဦးသန္းကေျပာပါတယ္။

ဝယ္ယူရရွိတဲ့ ေျမကြက္ေတြကိုေတာ့ ေလွ်ာက္ထားသူအမည္နဲ႔သာ ေရာင္းခ်ေပးမွာျဖစ္ၿပီး (၃)ႏွစ္အတြင္းနာမည္ေျပာင္းခြင့္မရွိဘူးလို႔ သိရပါတယ္။ ေျမကြက္ဝယ္ယူခြင့္ရတဲ့ သူေတြအေနနဲ႔ သတ္မွတ္စည္းကမ္းခ်က္မ်ားကို လိုက္နာမႈမရွိပါက ေပးသြင္းထားတဲ့ ေငြေတြကို ျပန္လည္ထုတ္ေပးၿပီး ေျမကြက္ကိုျပန္လည္သိမ္းဆည္းမွာျဖစ္တယ္လို႔ သိရပါတယ္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service