သီလဝါအထူးစီးပွားရေးဇုန်တွင် ဒေါ်လာ ၃၂သန်း ကုမ္ပဏီသုံးခု ပြန်လည်ရုတ်သိမ်းခဲ့သည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
14817 Views

သီလဝါအထူးစီးပွားရေးဇုန်တွင် ဒေါ်လာ ၃၂သန်း ကုမ္ပဏီသုံးခု ပြန်လည်ရုတ်သိမ်းခဲ့သည်ဟုဆို

### Unicode Version ###

သီလဝါအထူးစီးပွားရေးဇုန်တွင် စင်ကာပူကုမ္ပဏီတစ်ခုနှင့် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီ၂ ခု စုစုပေါင်း သုံးခု ရင်းနှီးမြှုပ်နှံမှု ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာရွှေဟိန်းက ပြောသည်။

ထိုကုမ္ပဏီသုံးခုသည် ကော်မတီက ရင်းနှီးမြှပ်နှံရန် ခွင့်ပြုမိန့်ရပြီးနောက် ပြန်လည်ရုတ်သိမ်းသွားခြင်းပြီး စုစုပေါင်းဒေါ်လာ ၃၂ သန်းကျော်ဖိုးရှိသည်ဟုဆိုသည်။

စင်ကာပူကုမ္ပဏီသည် အမေရိကန်နိုင်ငံသားက ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်ပြီး ဒေါ်လာ ရှစ်သန်းရင်းနှီးမြှုပ်နှံရန် အာမခံ ခဲ့သည်ဟု ဆိုသည်။ သို့သော် ထိုငွေကြေးပမာဏကို အထူးစီးပွားရေးဇုန်အရ ခြောက်လအတွင်း သတ်မှတ် ငွေကြေးပမာဏကို ယူဆောင်လာနိုင်ခြင်းမရှိသောကြောင့်ဟု ဆိုသည်။

စင်ကာပူကုမ္ပဏီက တယ်လီကွန်း ဆက်သွယ်ရေးလုပ်ငန်းအတွက် အချက်အလက်စုဆောင်းရန် ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဖြစ်သည်။

ကျန်ကုမ္ပဏီနှစ်ခုသည် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီများဖြစ်ပြီး ဆပ်ပြာမှုန့်နှင့် ဖိနပ်စက်ရုံတည်ဆောက်ရန်ဖြစ်ပြီး မြန်မာဘက်မှ ကုမ္ပဏီများက ငွေကြေးမလုံလောက်၍ ရင်းနှီးမြှုပ်နှံရန် ရုပ်သိမ်းခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဆပ်ပြာသည် စုစုပေါင်း ဒေါ်လာ ခုနစ်သန်း ရင်းနှီးမြှုပ်နှံ ရန်ဖြစ်ပြီး မြန်မာ-ဂျပန် ဖက်စပ်လုပ်ကိုင်ရာတွင် လုပ်ငန်းပေါင်းစပ်ရန် အဆင်မပြေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဖိနပ်ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံသူ၏ မိသားစုပြဿနာဖြစ်ပြီး ဒေါ်လာ ၁၇ သန်း ရင်းနှီးမြှုပ်နှံရန် ဖြစ်သည်ဟု ဆိုသည်။

သီလဝါအထူးစီးပွားရေးဇုန်သည် ဂျပန်-မြန်မာအစိုးရချင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်၍ ရင်းနှီးမြှပ်နှံမှုတိုင်းကို ခွင့်ပြုခဲ့သည်မဟုတ်ကြောင်းဒေါက်တာရွှေဟိန်းကပြောသည်။

သီလဝါစီးပွားရေးဇုန်အတွင်း ၂၀၁၉ ဒီဇင်ဘာလကုန်အထိ ၁၉ နိုင်ငံမှ ကုမ္ပဏီ ၁၁၅ ခုကို ခွင့်ပြုမိန့်ထုတ်ပေးပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၉၂ ဘီလီယံကျော်ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဆိုသည်။

ယင်းအနက် အထက်ပါ ကုမ္ပဏီသုံးခု နုတ်ထွက်၍ လက်ရှိ ကုမ္ပဏီ ၁၁၂ ခုက ကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားသည်။ သီလဝါအထူးစီးပွားရေးဇုန်ကို ၂၀၁၃ စက်တင်ဘာတွင် မြေဧက ၅,၇၀၀ ကျော်၌စတင်အကောင်အထည်ဖော်ခဲ့ သည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

 

သီလဝါအထူးစီးပြား​ေရးဇုန္တြင္ ​ေဒၚလာ ၃၂ သန္း ကုမၸဏီသုံးခု ျပန္လည္႐ုတ္သိမ္းခဲ့သည္ဟုဆို

သီလဝါအထူးစီးပြားေရးဇုန္တြင္ စင္ကာပူကုမၸဏီတစ္ခုႏွင့္ ဂ်ပန္-ျမန္မာ ဖက္စပ္ကုမၸဏီ၂ ခု စုစုေပါင္း သုံးခု ရင္းႏွီးျမႇဳပ္ႏွံမႈ ျပန္လည္႐ုပ္သိမ္းခဲ့ေၾကာင္း သီလဝါအထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲမႈေကာ္မတီ အတြင္းေရးမႉး ေဒါက္တာေ႐ႊဟိန္းက ေျပာသည္။

ထိုကုမၸဏီသုံးခုသည္ ​ေကာ္မတီက ရင္းႏွီးျမႇပ္ႏွံရန္ ခြင့္ျပဳမိန္႔ရၿပီး​ေနာက္ ျပန္လည္႐ုတ္သိမ္းသြားျခင္းၿပီး စုစု​ေပါင္း​ေဒၚလာ ၃၂ သန္း​ေက်ာ္ဖိုးရွိသည္ဟုဆိုသည္။

စင္ကာပူကုမၸဏီသည္ အေမရိကန္ႏိုင္ငံသားက ပိုင္ဆိုင္သည့္ ကုမၸဏီျဖစ္ၿပီး ေဒၚလာ ရွစ္သန္းရင္းႏွီးျမႇဳပ္ႏွံရန္ အာမခံ ခဲ့သည္ဟု ဆိုသည္။ သို႔ေသာ္ ထိုေငြေၾကးပမာဏကို အထူးစီးပြားေရးဇုန္အရ ေျခာက္လအတြင္း သတ္မွတ္ ေငြေၾကးပမာဏကို ယူေဆာင္လာႏိုင္ျခင္းမရွိေသာေၾကာင့္ဟု ဆိုသည္။

စင္ကာပူကုမၸဏီက တယ္လီကြန္း ဆက္သြယ္ေရးလုပ္ငန္းအတြက္ အခ်က္အလက္စုေဆာင္းရန္ ရာႏႈန္းျပည့္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီ ျဖစ္သည္။

က်န္ကုမၸဏီႏွစ္ခုသည္ ဂ်ပန္-ျမန္မာ ဖက္စပ္ကုမၸဏီမ်ားျဖစ္ၿပီး ဆပ္ျပာမႈန႔္ႏွင့္ ဖိနပ္စက္႐ုံတည္ေဆာက္ရန္ျဖစ္ၿပီး ျမန္မာဘက္မွ ကုမၸဏီမ်ားက ေငြေၾကးမလုံေလာက္၍ ရင္းႏွီးျမႇဳပ္ႏွံရန္ ႐ုပ္သိမ္းျခင္းျဖစ္သည္ဟု ၎က ဆိုသည္။

ဆပ္ျပာသည္ စုစုေပါင္း ေဒၚလာ ခုနစ္သန္း ရင္းႏွီးျမႇဳပ္ႏွံ ရန္ျဖစ္ၿပီး ျမန္မာ-ဂ်ပန္ ဖက္စပ္လုပ္ကိုင္ရာတြင္ လုပ္ငန္းေပါင္းစပ္ရန္ အဆင္မေျပျခင္းေၾကာင့္ ျဖစ္သည္ဟု ဆိုသည္။

ဖိနပ္ကုမၸဏီမွာ ရင္းႏွီးျမႇဳပ္ႏွံသူ၏ မိသားစုျပႆနာျဖစ္ၿပီး ေဒၚလာ ၁၇ သန္း ရင္းႏွီးျမႇဳပ္ႏွံရန္ ျဖစ္သည္ဟု ဆိုသည္။

သီလဝါအထူးစီးပြား​ေရးဇုန္သည္ ဂ်ပန္-ျမန္မာအစိုးရခ်င္း​ေဆာင္႐ြက္သည့္ စီမံကိန္းျဖစ္၍ ရင္းႏွီးျမႇပ္ႏွံမႈတိုင္းကို ခြင့္ျပဳခဲ့သည္မဟုတ္​​ေၾကာင္း​ေဒါက္တာ​ေ႐ႊဟိန္းက​ေျပာသည္။

သီလဝါစီးပြားေရးဇုန္အတြင္း ၂၀၁၉ ဒီဇင္ဘာလကုန္အထိ ၁၉ ႏိုင္ငံမွ ကုမၸဏီ ၁၁၅ ခုကို ခြင့္ျပဳမိန႔္ထုတ္ေပးၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ ကန္ေဒၚလာ ၁ ဒသမ ၉၂ ဘီလီယံေက်ာ္ရွိသည္ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအာင္ထူးက ဆိုသည္။

ယင္းအနက္ အထက္ပါ ကုမၸဏီသုံးခု ႏုတ္ထြက္၍ လက္ရွိ ကုမၸဏီ ၁၁၂ ခုက ကန္ေဒၚလာ ၁ ဒသမ ၉ ဘီလီယံေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံထားသည္။ သီလဝါအထူးစီးပြားေရးဇုန္ကို ၂၀၁၃ စက္တင္ဘာတြင္ ေျမဧက ၅,၇၀၀ ေက်ာ္၌စတင္အေကာင္အထည္ေဖာ္ခဲ့ သည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service