မြန်မာပိုင် ရခိုင်ကမ်းလွန်ရှိ A-3 လုပ်ကွက် တွင် သဘာဝဓါတ်ငွေ့သိုက်တစ်ခုတွေ့ - Property News in Myanmar from iMyanmarHouse.com
1840 Views

မြန်မာပိုင် ရခိုင်ကမ်းလွန်ရှိ A-3 လုပ်ကွက် တွင် သဘာဝဓါတ်ငွေ့သိုက်တစ်ခုတွေ့

### Unicode Version ###

မြန်မာရေပိုင်နက်ရှိ ရခိုင်ကမ်းလွန်မြောက်ပိုင်းတွင် သဘာဝဓာတ်ငွေ့သိုက်တစ်ခုကို တွေ့ရှိထားကြောင်း ကိုရီးယား ကုမ္ပဏီ Posco International နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့က ဖေဖော်ဝါရီ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ထိုလုပ်ကွက်သည် လက်ရှိ တူးဖော်နေသည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၏ တောင်ဘက်ကီလိုမီတာ ၃၀ (၁၈ မိုင်)အကွာတွင်ရှိပြီး ကမ်းလွန်လုပ်ကွက် A-3 ၏ မဟာသဘာဝဓာတ်ငွေ့ရှာဖွေ ရေးတွင်း၌ တွေ့ရှိခြင်းဖြစ်သည် ဟု ကိုရီးယားကုမ္ပဏီက ဆို သည်။

ထို A-3 လုပ်ကွက်အတွင်းစမ်းသပ်ရှာဖွေရေးတွင်း သုံးတွင်းကို တူးဖော်နေပြီး ၎င်းတို့အနက် မဟာဓါတ်ငွေ့ရှာဖွေရေးတွင်း၌ စတင်တွေ့ရှိခြင်းဖြစ်သည်။

A-3 လုပ်ကွက်ကို ကိုရီးယားကုမ္ပဏီများဖြစ်သည့် Posco Daewoo, KOGAS, အိန္ဒိယကုမ္ပဏီများဖြစ်သည့် ONGC Videsh, GAIL နှင့် မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)တို့က အချိုးကျပိုင်ဆိုင်ပြီး ၂၀၀၄ ဖေဖော်ဝါရီကအစိုးရ နှင့် ကုမ္ပဏီများကြား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ယခုတွေ့ရှိသည့် ဓာတ်ငွေ့သိုက်သည် ရေအောက်မီတာ ၁,၀၀၀ ကျော်တွင် ပင်လယ်ကြမ်းပြင် မီတာ ၂,၆၀၀ ခန့်ကို တူးဖော် ခဲ့ရခြင်းဖြစ်သည်ဟု ကိုရီးယားကုမ္ပဏီက ဆိုသည်။

သဘာဝဓါတ်ငွေ့ခိုးအောင်းနေသည့် သဲကြောအထူသည် ပေ ၄၀ ခန့်ရှိနိုင်သည်ဟုလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုဓာတ်ငွေ့သိုက်သည် တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၃၈ သန်း ထုတ်လုပ်နိုင်မည်ဟု ဆိုသည်။

ယင်းလုပ်ကွက်အတွက် အကဲဖြတ်တွင်းကို ၂၀၂၁ တွင် ဆက်လက်တူးဖော်မည်ဟု ကိုရီးယား ကုမ္ပဏီကဆိုပြီး ၂ နှစ်အတွင်း စီးပွားဖြစ် ထုတ်နိုင်ခြေ ရှိ၊ မရှိ လေ့လာမည်ဟု ဆိုသည်။

Posco Daewoo သည် မြန်မာ့ကမ်းလွန်တွင် သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက် သုံးခုကို လုပ်ကိုင်ခွင့်ရရှိထား သည်။

ရခိုင်ကမ်းလွန်ရှိ AD-7 လုပ်ကွက်ကို ဩစတြေးလျရေနံကုမ္ပဏီ Woodside, A-1 နှင့် A-3 လုပ်ကွက်ကို အိန္ဒိယကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင်ခြင်းဖြစ်သည်။

လက်ရှိတွင် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကိုလည်း လုပ်ကိုင်နေပြီး တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်ရောင်းချနေသည်။

လက်ရှိတွင် ရွှေနှင့်မြ သဘာဝဓာတ်ငွေ့စီမံကိန်း နှစ်ခုမှ ဓာတ်ငွေ့ထုတ်လုပ်ခြင်းနှင့်ရောင်းချခြင်းမှ ၂၀၁၉ တွင် အမြင့်ဆုံး ဒေါ်လာသန်း ၅၁၀ကျော်ရရှိထားသည်။

‘‘ အခု ရှာဖွေတွေ့ရှိမူက Posco Daewoo ၏ ဓာတ်ငွေ့ရှာဖွေရေး စွမ်းဆောင်ရည်ကိုပြသလိုက်ခြင်းဖြစ်ပါတယ်။ ဒါက ကုမ္ပဏီကို စွမ်းအင်ကဏ္ဍမှာ လုပ်ငန်းဆောင်ရွက်ဖို့ နောက်တဆင့်တက်သွားစေတာပါ’’ ဟု Posco Daewoo မှ တာဝန်ရှိသူကပြောသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

 

ျမန္မာပိုင္ ရခိုင္ကမ္းလြန္ရွိ A-3 လုပ္ကြက္ တြင္ သဘာဝဓါတ္​ေငြ႕သိုက္တစ္ခု​ေတြ႕

ျမန္မာ​ေရပိုင္နက္ရွိ ရခိုင္ကမ္းလြန္​ေျမာက္ပိုင္းတြင္ သဘာဝဓာတ္ေငြ႕သိုက္တစ္ခုကို ေတြ႕ရွိထားေၾကာင္း ကိုရီးယား ကုမၸဏီ Posco International ႏွင့္ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနတို႔က ေဖေဖာ္ဝါရီ ၁၇ ရက္တြင္ ထုတ္ျပန္ေၾကညာသည္။

ထိုလုပ္ကြက္သည္ လက္ရွိ တူးေဖာ္ေနသည့္ ေ႐ႊသဘာဝဓာတ္ေငြ႕စီမံကိန္း၏ ေတာင္ဘက္ကီလိုမီတာ ၃၀ (၁၈ မိုင္)အကြာတြင္ရွိၿပီး ကမ္းလြန္လုပ္ကြက္ A-3 ၏ မဟာသဘာဝဓာတ္ေငြ႕ရွာေဖြ ေရးတြင္း၌ ေတြ႕ရွိျခင္းျဖစ္သည္ ဟု ကိုရီးယားကုမၸဏီက ဆို သည္။

ထို A-3 လုပ္ကြက္အတြင္းစမ္းသပ္ရွာ​ေဖြ​ေရးတြင္း သုံးတြင္းကို တူး​ေဖာ္​ေနၿပီး ၎တို႔အနက္ မဟာဓါတ္​​ေငြ႕ရွာ​ေဖြ​ေရးတြင္း၌ ​စတင္ေတြ႕ရွိျခင္းျဖစ္သည္။

A-3 လုပ္ကြက္ကို ကိုရီးယားကုမၸဏီမ်ားျဖစ္သည့္ Posco Daewoo, KOGAS, အိႏၵိယကုမၸဏီမ်ားျဖစ္သည့္ ONGC Videsh, GAIL ႏွင့္ ျမန္မာ့ေရနံ ႏွင့္ သဘာဝဓာတ္ေငြ႕လုပ္ငန္း (MOGE)တို႔က အခ်ိဳးက်ပိုင္ဆိုင္ျပီး ၂၀၀၄ ေဖေဖာ္ဝါရီကအစိုးရ ႏွင့္ ကုမၸဏီမ်ားၾကား လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္သည္။

ယခုေတြ႕ရွိသည့္ ဓာတ္ေငြ႕သိုက္သည္ ေရေအာက္မီတာ ၁,၀၀၀ ေက်ာ္တြင္ ပင္လယ္ၾကမ္းျပင္ မီတာ ၂,၆၀၀ ခန႔္ကို တူးေဖာ္ ခဲ့ရျခင္းျဖစ္သည္ဟု ကိုရီးယားကုမၸဏီက ဆိုသည္။

သဘာဝဓါတ္​ေငြ႕ခိုး​ေအာင္း​ေနသည့္ သဲ​ေၾကာအထူသည္ ​ေပ ၄၀ ခန္႔ရွိႏိုင္သည္ဟုလွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ထုတ္ျပန္သည္။

ထိုဓာတ္ေငြ႕သိုက္သည္ တစ္ေန႔လွ်င္ သဘာဝဓာတ္ေငြ႕ ကုဗေပ ၃၈ သန္း ထုတ္လုပ္ႏိုင္မည္ဟု ဆိုသည္။

ယင္းလုပ္ကြက္အတြက္ အကဲျဖတ္တြင္းကို ၂၀၂၁ တြင္ ဆက္လက္တူးေဖာ္မည္ဟု ကိုရီးယား ကုမၸဏီကဆိုၿပီး ၂ ႏွစ္အတြင္း စီးပြားျဖစ္ ထုတ္ႏိုင္ေျခ ရွိ၊ မရွိ ေလ့လာမည္ဟု ဆိုသည္။

Posco Daewoo သည္ ျမန္မာ့ကမ္းလြန္တြင္ သဘာဝဓာတ္ေငြ႕တူးေဖာ္ေရးလုပ္ကြက္ သုံးခုကို လုပ္ကိုင္ခြင့္ရရွိထား သည္။

ရခိုင္ကမ္းလြန္ရွိ AD-7 လုပ္ကြက္ကို ဩစေၾတးလ်ေရနံကုမၸဏီ Woodside, A-1 ႏွင့္ A-3 လုပ္ကြက္ကို အိႏၵိယကုမၸဏီမ်ားႏွင့္ ပူးေပါင္းလုပ္ကိုင္ျခင္းျဖစ္သည္။

လက္ရွိတြင္ ေ႐ႊသဘာဝဓာတ္ေငြ႕စီမံကိန္းကိုလည္း လုပ္ကိုင္ေနၿပီး တ႐ုတ္ႏိုင္ငံသို႔ သဘာဝဓာတ္ေငြ႕ ပို႔လႊတ္ေရာင္းခ်ေနသည္။

လက္ရွိတြင္ ေ႐ႊႏွင့္ျမ သဘာဝဓာတ္ေငြ႕စီမံကိန္း ႏွစ္ခုမွ ဓာတ္ေငြ႕ထုတ္လုပ္ျခင္းႏွင့္ေရာင္းခ်ျခင္းမွ ၂၀၁၉ တြင္ အျမင့္ဆုံး ေဒၚလာသန္း ၅၁၀ေက်ာ္ရရွိထားသည္။

‘‘ အခု ရွာေဖြေတြ႕ရွိမူက Posco Daewoo ၏ ဓာတ္ေငြ႕ရွာေဖြေရး စြမ္းေဆာင္ရည္ကိုျပသလိုက္ျခင္းျဖစ္ပါတယ္။ ဒါက ကုမၸဏီကို စြမ္းအင္က႑မွာ လုပ္ငန္းေဆာင္႐ြက္ဖို႔ ေနာက္တဆင့္တက္သြားေစတာပါ’’ ဟု Posco Daewoo မွ တာဝန္ရွိသူကေျပာသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ဂျပန်အမျိုးသားတစ်ဦး ပင်လယ်ထဲသို့ ဖုန်းပြုတ်ကျသွားရာ ဖုန်းဆယ်ယူရန် ခုန်ဆင်းခဲ့ပြီးနောက် ကမ်းသို့ မပြန်နိုင်တော့ဘဲ ရေထဲတွင
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service