Smart car parking ဆောင်ရွက်ရန်ကုမ္ပဏီ သုံးခု ၏ နည်းပညာများကို ပိုင်လော့ပရောဂျက်အနေဖြင့် စမ်းသပ်မည် - Property News in Myanmar from iMyanmarHouse.com
785 Views

Smart car parking ဆောင်ရွက်ရန်ကုမ္ပဏီ သုံးခု ၏ နည်းပညာများကို ပိုင်လော့ပရောဂျက်အနေဖြင့် စမ်းသပ်မည်

### Unicode Version ###

Smart car parking ဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားမှုအဆိုပြုလွှာ ခေါ်ထားသည့် ကုမ္ပဏီ သုံးခု ၏ နည်းပညာများကို ပိုင်လော့ပရောဂျက်အနေဖြင့် စမ်းသပ်စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မှ သိရသည်။

အဆိုပါ နည်းပညာစစ်ဆေးခြင်းကို ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် ကုန်သည်လမ်းကြား ၊ ဗိုလ်အောင်ကျော် နှင့် ဆိပ်ကမ်းသာလမ်းကြားတွင် ဆောက်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) မှ ဌာနမှူးဦးလင်းခိုင်က ပြောကြားသည်။

ယင်းကဲ့သို့ စစ်ဆေးပြီးပါက အောင်မြင်သည့် ကုမ္ပဏီတစ်ခုအား ရွေးချယ်ကာ မြို့တွင်းခြောက်မြို့နယ်တွင် Smart car parking အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

Smart Parking ဆောင်ရွက်မည့်တည်နေရာမှာ ရန်ကုန်တိုင်းဒေသကြီးမြို့တွင်း ၆ မြို့နယ်ဖြစ်သည့် ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာနှင့် လမ်းမတော်ခြောက်မြို့နယ်ရှိ လမ်းမကြီးများတွင် ကောက်ခံရန်စီစဉ်ထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ယခင်က ရန်ကုန်မြို့တွင်း(၆) မြို့နယ်အတွင်းရှိ ယာဉ်ရပ်နားကန့်သတ်ဇုန် ၈ ဇုန်နေရာတွင် Manual စနစ်ဖြင့် စာရွက်ဖြတ်ပိုင်းဆုတ်ကာ ယာဉ်ရပ်နားခများကောက်ခံရန် စီစဉ်ထား သော်လည်း တင်ဒါခေါ်ယူရာတွင် အောင်မြင်သူမရှိသောကြောင့် ယင်းအစီစဉ်အားဖျက်သိမ်းကာ ယခုအစီစဉ်အားပြောင်းလဲဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ လူစည်ကားရာ လမ်းဘေးကားပါကင်နေရာများတွင် ရပ်နားသော မော်တော်ယာဉ်များကို ယာဉ်တစ်ဦးလျှင် ကျပ် ၂၀၀ မှ ကျပ် ၅၀၀ အထိ ငွေကြေးကောက်ခံခြင်းများ ရှိနေပြီး ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီအနေဖြင့် မည်သည့်ပုဂ္ဂလိကလုပ်ငန်းကိုမျှ ကားပါကင်ရပ်နား ကောက်ခံခွင့် မပြုထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

### Zawgyi Version ###

Smart car parking ေဆာင္ရြက္ရန္ကုမၸဏီ သုံးခု ၏ နည္းပညာမ်ားကို ပိုင္ေလာ့ပေရာဂ်က္အေနျဖင့္ စမ္းသပ္မည္

Smart car parking ေဆာင္ရြက္နိုင္ရန္ စိတ္ပါဝင္စားမႈအဆိုျပဳလႊာ ေခၚထားသည့္ ကုမၸဏီ သုံးခု ၏ နည္းပညာမ်ားကို ပိုင္ေလာ့ပေရာဂ်က္အေနျဖင့္ စမ္းသပ္စစ္ေဆးမည္ျဖစ္ေၾကာင္း ရန္ကုန္​ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ မွ သိရသည္။

အဆိုပါ နည္းပညာစစ္ေဆးျခင္းကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း ႏွင့္ ကုန္သည္လမ္းၾကား ၊ ဗိုလ္ေအာင္​ေက်ာ္ ႏွင့္ ဆိပ္ကမ္းသာလမ္းၾကားတြင္ ေဆာက္ရြက္မည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာေရးေကာ္မတီ၊အင္ဂ်င္နီယာဌာန(လမ္းႏွင့္တံတား) မွ ဌာနမႉးဦးလင္းခိုင္က ေျပာၾကားသည္။

ယင္းကဲ့သို့ စစ္ေဆးၿပီးပါက ေအာင္ျမင္သည့္ ကုမၸဏီတစ္ခုအား ေရြးခ်ယ္ကာ ၿမိဳ႕တြင္းေျခာက္ၿမိဳ႕နယ္တြင္ Smart car parking အတြက္ ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီထံမွ သိရသည္။

Smart Parking ေဆာင္ရြက္မည့္တည္ေနရာမွာ ရန္ကုန္တိုင္းေဒသႀကီးျမိဳ႕တြင္း ၆ ၿမိဳ့နယ္ျဖစ္သည့္ ပုဇြန္ေတာင္၊ ဗိုလ္တစ္ေထာင္၊ ေက်ာက္တံတား၊ ပန္းဘဲတန္း၊ လသာႏွင့္ လမ္းမေတာ္ေျခာက္ၿမိဳ႕နယ္ရွိ လမ္းမႀကီးမ်ားတြင္ ေကာက္ခံရန္စီစဥ္ထားေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီထံမွ သိရသည္။

ယခင္က ရန္ကုန္ၿမိဳ့တြင္း(၆) ၿမိဳ႕နယ္အတြင္းရွိ ယာဥ္ရပ္နားကန႔္သတ္ဇုန္ ၈ ဇုန္ေနရာတြင္ Manual စနစ္ျဖင့္ စာရြက္ျဖတ္ပိုင္းဆုတ္ကာ ယာဥ္ရပ္နားခမ်ားေကာက္ခံရန္ စီစဥ္ထား ေသာ္လည္း တင္ဒါေခၚယူရာတြင္ ေအာင္ျမင္သူမရွိေသာေၾကာင့္ ယင္းအစီစဥ္အားဖ်က္သိမ္းကာ ယခုအစီစဥ္အားေျပာင္းလဲေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္ၿမိဳ႕ရွိ လူစည္ကားရာ လမ္းေဘးကားပါကင္ေနရာမ်ားတြင္ ရပ္နားေသာ ေမာ္ေတာ္ယာဥ္မ်ားကို ယာဥ္တစ္ဦးလွ်င္ က်ပ္ ၂၀၀ မွ က်ပ္ ၅၀၀ အထိ ေငြေၾကးေကာက္ခံျခင္းမ်ား ရွိေနၿပီး ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာ ေရးေကာ္မတီအေနျဖင့္ မည္သည့္ပုဂၢလိကလုပ္ငန္းကိုမွ် ကားပါကင္ရပ္နား ေကာက္ခံခြင့္ မျပဳထားေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီထံမွ သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service