ကျောက်ဖြူအထူးစီးပွားရေးဇုန်ရှိ စက်မှုဇုန်စီမံကိန်းအတွက် ကန်ဒေါ်လာသန်း ၃၀ ရင်းနှီးမြှုပ်နှံမည် - Property News in Myanmar from iMyanmarHouse.com
2257 Views

ကျောက်ဖြူအထူးစီးပွားရေးဇုန်ရှိ စက်မှုဇုန်စီမံကိန်းအတွက် ကန်ဒေါ်လာသန်း ၃၀ ရင်းနှီးမြှုပ်နှံမည်

### Unicode Version ###

ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာ အကောင်အထည်ဖော်ဆောက်ရွက်မည့် စက်မှုဇုန်စီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၃၀ ဖြင့် ရင်းနှီးမြှုပ်နှံကာ ဆောင်ရွက်သွားမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက် (Framework Agreement) ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ မှာ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့် ခွဲမှုကော်မတီနှင့် CITIC Consortium တို့ နှစ်ဖက်အပြန်အလှန် လက်မှတ်ရေးထိုးဆောင်ရွက်ပြီး ဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့်သက်ဆိုင်သော သဘောတူစာချုပ်တို့ ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး စာချွန်လွှာတွေကို သည်နှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ မှာလဲလှယ်နိုင်ခဲ့သည်။

ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စက်မှုဇုန်စီမံကိန်းတို့ ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ CITIC Consortium နှင့် မြန်မာဘက်မှ ပုဂ္ဂလိက ရင်းနှီးမြှပ်နှံမှုကော်မတီ ၄၂ ခု ပါဝင်သည့် မြန်မာကျောက်ဖြူအထူးစီးပွားရေးဇုန် ဟိုး(လ်)ဒင်း ကုမ္ပဏီအုပ်စု အများနှင့်သက်ဆိုင်သော ကုမ္ပဏီတို့ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

ရေနက်ဆိပ်ကမ်းစိမံကိန်းကို CITIC Consortium မွ ရှယ်ယာအချိုး ၇၀ ဖြင့် လည်းကောင်း၊ မြန်မာဘက်မှ ၃၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း အဆင့်လိုက်ရင်းနှီးမြှပ်နှံမှုနှင့် ဆောင်ရွက်သွားမှာဖြစ်ပြီး ပထမအဆင့်အနေနဲ့ အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံဖြင့် စတင်အကောင်အထည်ဖော်နိုင်ရေးအတွက် ညှိနှိုင်းလျက်ရှိသည်။

ဒုဝန်ကြီးက"စက်မှုဇုန်စီမံကိန်းကိုလည်း CITIC Consortium ဘက်မှ ရှယ်ယာအချိုး ၅၁ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊မြန်မာဘက်မှ ၄၉ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံမှုငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ ဖြင့် အကောင်အထည်ဖောင်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါတယ်"လို့ ပြောကြားသည်။

စီမံကိန်းလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း(EIA)၊လူမှုရေးထိခိုက်မှုဆန်းစစ်ခြင်း (SIA) နှင့် ဘူမိဗေဒနှင့်မြေမျက်နှာသွင်ပြင်စစ်တမ်းကောက်ယူမှု(G.T Survey)လုပ်ငန်းများကို တင်ဒါခေါ်ယူဆောင်ရွက်နိုင်ရေး အတွက် ညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်းဒုဝန်ကြီးက ပြောကြားသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

### Zawgyi Version ###

ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ရွိ စက္မႈဇုန္စီမံကိန္းအတြက္ ကန္ေဒၚလာသန္း ၃၀ ရင္းႏွီးျမႇဳပ္ႏွံမည္

ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္မွာ အေကာင္အထည္ေဖာ္ေဆာက္႐ြက္မည့္ စက္မႈဇုန္စီမံကိန္းကို အေမရိကန္ေဒၚလာ သန္း ၃၀ ျဖင့္ ရင္းႏွီးျမႇဳပ္ႏွံကာ ေဆာင္႐ြက္သြားမည္ဟု စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနမွ ဒုတိယဝန္ႀကီး ဦးေအာင္ထူးက ေျပာၾကားသည္။

ေက်ာက္ျဖဴေရနက္ဆိပ္ကမ္းစီမံကိန္း မူေဘာင္သေဘာတူညီခ်က္ (Framework Agreement) ကို ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ ၈ ရက္ေန႔ မွာ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ စီမံခန႔္ ခြဲမႈေကာ္မတီႏွင့္ CITIC Consortium တို႔ ႏွစ္ဖက္အျပန္အလွန္ လက္မွတ္ေရးထိုးေဆာင္႐ြက္ၿပီး ျဖစ္သည္။

ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ေရနက္ဆိပ္ကမ္းစီမံကိန္းဆိုင္ရာ သေဘာတူစာခ်ဳပ္ႏွင့္ အစုရွယ္ယာမ်ားႏွင့္သက္ဆိုင္ေသာ သေဘာတူစာခ်ဳပ္တို႔ ကို လက္မွတ္ေရးထိုးႏိုင္ခဲ့ၿပီး စာခြၽန္လႊာေတြကို သည္ႏွစ္ ဇန္နဝါရီလ ၁၈ ရက္ေန႔ မွာလဲလွယ္ႏိုင္ခဲ့သည္။

ေရနက္ဆိပ္ကမ္းစီမံကိန္းႏွင့္ စက္မႈဇုန္စီမံကိန္းတို႔ ကို တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံမွ CITIC Consortium ႏွင့္ ျမန္မာဘက္မွ ပုဂၢလိက ရင္းႏွီးျမႇပ္ႏွံမႈေကာ္မတီ ၄၂ ခု ပါဝင္သည့္ ျမန္မာေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ ဟိုး(လ္)ဒင္း ကုမၸဏီအုပ္စု အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီတို႔ ဆက္လက္အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္သည္။

ေရနက္ဆိပ္ကမ္းစိမံကိန္းကို CITIC Consortium မြ ရွယ္ယာအခ်ိဳး ၇၀ ျဖင့္ လည္းေကာင္း၊ ျမန္မာဘက္မွ ၃၀ ရာခိုင္ႏႈန္းျဖင့္လည္းေကာင္း အဆင့္လိုက္ရင္းႏွီးျမႇပ္ႏွံမႈႏွင့္ ေဆာင္႐ြက္သြားမွာျဖစ္ၿပီး ပထမအဆင့္အေနနဲ႔ အေမရိကန္ေဒၚလာ ၁.၃ ဘီလ်ံျဖင့္ စတင္အေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ ညႇိႏႈိင္းလ်က္ရွိသည္။

ဒုဝန္ႀကီးက"စက္မႈဇုန္စီမံကိန္းကိုလည္း CITIC Consortium ဘက္မွ ရွယ္ယာအခ်ိဳး ၅၁ ရာခိုင္ႏႈန္းျဖင့္လည္းေကာင္း၊ျမန္မာဘက္မွ ၄၉ ရာခိုင္ႏႈန္းျဖင့္လည္းေကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈေငြ အေမရိကန္ေဒၚလာ သန္း ၃၀ ျဖင့္ အေကာင္အထည္ေဖာင္ေဆာင္႐ြက္ႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ပါတယ္"လို႔ ေျပာၾကားသည္။

စီမံကိန္းလုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္ေရးအတြက္ ပတ္ဝန္းက်င္ထိခိုက္မႈဆန္းစစ္ျခင္း(EIA)၊လူမႈေရးထိခိုက္မႈဆန္းစစ္ျခင္း (SIA) ႏွင့္ ဘူမိေဗဒႏွင့္ေျမမ်က္ႏွာသြင္ျပင္စစ္တမ္းေကာက္ယူမႈ(G.T Survey)လုပ္ငန္းမ်ားကို တင္ဒါေခၚယူေဆာင္႐ြက္ႏိုင္ေရး အတြက္ ညႇိႏႈိင္းေဆာင္႐ြက္လွ်က္ရွိေၾကာင္းဒုဝန္ႀကီးက ေျပာၾကားသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး

Upcoming Property Events

mya-nandar
119-mdy

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service