ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ ဆိုက်ဘာဆက်သွယ်ရေးအတွက် Frontiir ကုမ္ပဏီကို ရွေးချယ် - Property News in Myanmar from iMyanmarHouse.com
797 Views

ရန်ကုန်မြို့သစ်စီမံကိန်းရဲ့ ဆိုက်ဘာဆက်သွယ်ရေးအတွက် Frontiir ကုမ္ပဏီကို ရွေးချယ်

### Unicode Version ###

ရန်ကုန်မြို့ သစ်စီမံကိန်းအတွက် ဆိုက်ဘာဆက်သွယ်ရေးအခြေခံအောက်အအုံကဏ္ဍအတွက် အဆိုပြုလျှောက်လွှာရှင်အဖြစ် မြန်မာနိုင်ငံအခြေစိုက် Frontiir ကုမ္ပဏီကို ရွေးချယ်ခဲ့တယ်လို့ New Yangon Development Company ရဲ့ အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေကပြောပါတယ်။

ဒီကုမ္ပဏီဟာ မြန်မာနိုင်ငံအတွင်း ၂၀၁၃ ခုနှစ်မှ စတင်ကာ Myanmar Net အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းကို တည်ထောင်ခဲ့ပြီး လက်ရှိမှာ သုံးစွဲသူပေါင်းတစ်သန်းကျော်ကို ဝန်ဆောင်မှုပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့သစ်အတွက် ဆိုက်ဘာဆက်သွယ်ရေးအခြေခံအဆောက်အအုံကဏ္ဍအတွက် ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီက စိတ်ဝင်စားမှုအဆိုပြုလွှာ ( EOI ) ကို ခေါ်ဆိုခဲ့ပြီး ပြည်တွင်းပြည်ပ ကုမ္ပဏီ ၁၃ ခုအထိ အဆိုပြုလွှာတင်သွင်းခဲ့တယ်လို့ သိရပါတယ်။

ဒီအထဲမှာ လိုအပ်တဲ့အချက်အလက်မတင်ပြနိုင်တဲ့ ကုမ္ပဏီတွေလည်းပါသလို ပြန်လည်နှုတ်ထွက်သွားတဲ့ ကုမ္ပဏီတွေလည်းပါရှိခဲ့ပြီး တင်သွင်းလာတဲ့အချက်အလက်တွေကို အထပ်ထပ်စိစစ်မှုတွေလုပ်ခြင်းနဲ့ တွေ့ဆုံမေးမြန်းမှုတွေအပြီးမှာ ကုမ္ပဏီ၂ ခုကို ဆန်ကာတင်ရွေးချယ်ခဲ့တာလို့ သိရပါတယ်။

ဒီထဲကမှ မြန်မာနိုင်ငံ ICT ကဏ္ဍနဲ့အကျွမ်းတဝင်ရှိပြီး ၊ ကောင်းမွန်တဲ့ Wi-Fi ကွန်ရက်တစ်ခုကို တည်ထောင်ထားနိုင်တဲ့ Frontiir ဟာ အသင့်တော်ဆုံးဖွဲ့အစည်းအဖြစ်အမှတ်အများဆုံး ရရှိခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ရဲ့ ပဏာမအဆိုပြုလွှာဆိုရင်လည်း NYDC ရဲ့ ရေရှည်ရည်မှန်းချက်တွေဖြစ်တဲ့ ဘက်ပေါင်းစုံက ဝန်ဆောင်မှုအပြည့်ပါဝင်တဲ့ Smart City တစ်ခုတည်ထောင်ရေးနဲ့ ကိုက်ညီတယ်လို့ သိရပါတယ်။

တရုတ်သမ္မတရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ ရန်ကုန်မြို့သစ်စီမံကိန်း တင်ဒါလုပ်ငန်းစဉ် ပူးတွဲဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာ MOUကို လဲလှယ်ခဲ့တာပါ။

ရန်ကုန်မြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ မြေဧက နှစ်သောင်း ကျော်ပေါ်မှာ ရန်ကုန်မြို့သစ်ဖော်ဆောင်ရေးအတွက် ရန်ကုန်တိုင်းအစိုးရက ၂၀၁၈ အတွင်းမှာ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီ NYDC အဖြစ် ကုမ္ပဏီထူထောင်ခဲ့တာပါ။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

### Zawgyi Version ###







ဒါ့အပြင်ပဏာမအဆိုပြုလွှာဆိုရင်လည်း NYDC ရဲ့ ရေရှည်ရည်မှန်းချက်တွေဖြစ်တဲ့ ဘက်ပေါင်းစုံက ဝန်ဆောင်မှုအပြည့်ပါဝင်တဲ့ Smart City တစ်ခုတည်ထောင်ရေးနဲ့ ကိုက်ညီတယ်လို့ သိရပါတယ်။





Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service