ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဂျပန်ပါဝင်ရေးဆောင်ရွက်နေသည်ဟု ဒုဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
916 Views

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဂျပန်ပါဝင်ရေးဆောင်ရွက်နေသည်ဟု ဒုဝန်ကြီးပြော

### Unicode Version ###

ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးအတွက် မြန်မာ-ထိုင်းနိုင်ငံအပြင် ဂျပန်နိုင်ငံပါဝင်လာရေးဆောင်ရွက်နေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။

ထိုစီမံကိန်းကို လက်ရှိတွင်ထိုင်းကုမ္ပဏီ အီတာလျံ-ထိုင်းကို ကနဦးစီမံကိန်း လုပ်ကိုင်ခွင့်ပေးထားပြီး စီမံကိန်းစတင်နိုင်ငံရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

ထိုပြင်စီမံကိန်းအတွက် ထိုင်း-မြန်မာနယ်စပ်မှ အထူးစီးပွားရေးဇုန်အထိသွားမည် နှစ်လမ်းသွားလမ်းကို ထိုင်းနိုင်ငံမှ ချေးငွေယူရယူဆောင်ရွက်နေသည်ဟု ဒုဝန်ကြီးကဆိုသည်။

ထိုစီမံကိန်းအတွက် ကနဦးအဆင့်တွင် မြေယာလျော်ကြေးပေးရန် ဧက ၆,၆ဝဝကျော် ကျန်ရှိပြီး ကျပ် ၆၈ ဘီလီယံဖိုးဖြစ်ကာ ထိုလျော်ကြေးသည် ထားဝယ်အထူးစီးပွားရေးဇုန်၏ ကနဦး စက်မှုဇုန်အတွက်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်သူက ပေးရမည်ဖြစ်ကြောင်း ဒုဝန်ကြီးက ပြောသည်။

၂၀၁၃ တွင် အစိုးရက ထားဝယ်အထူးစီးပွားရေးဇုန်ကို ၁၉၆ စတုရန်းကီလိုမီတာ (၄၈,၄၃၂) သတ်မှတ်ထားပြီး ကနဦးနှင့်ပင်မစီမံကိန်းဟူ၍ နှစ်ပိုင်းရှိသည်။ ထိုင်း-မြန်မာနှစ်ဘက်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်၊

ထိုထဲတွင် အစိုးရပိုင် မြေဧက ၁၆,၀၀၀ ရှိပြီး ရေဖြူနှင့် လောင်းလုံးမြို့နယ်တို့မှသိမ်းယူထားသည့် ဧက ၃၂,၀၀၀ ကျော် ပါဝင်သည်။

ယင်းအနက် စီမံကိန်းနယ်နိမိတ်အတွင်း မြေဧက ၅,၇၀၀ ကျော်အတွက် လျော်ကြေး ၂၃ ဘီလီယံနှင့် ဇုန်ပြင်ပဆက်စပ်ဧရိယာတွင် ဧက ၂,၁၀၀ ကျော် အတွက် ကျပ်တစ်ဘီလီယံပေးအပ်ထားပြီးဖြစ်သည်ဟု ဒုဝန်ကြီးကဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးအဆင့် အကောင်အထည်ဖော်ရန် ထိုင်းကုမ္ပဏီ အီတာလျံ-ထိုင်းကို လုပ်ကိုင်ခွင့် ပေးထားသည်။ လက်ရှိတွင် မြေငှားစာချုပ်ကို ထိုင်းကုမ္ပဏီထံ ပို့ဆောင်ထားပြီး ၂၀၂၀ မတ်လ ၌ ကုမ္ပဏီဘက်က နောက်ဆုံးအကြောင်းပြန်ရမည်ဖြစ်ပြီး မပြုလုပ်ပါက လုပ်ကိုင်ခွင့်ဆုံးရှုံးမည် ဟုဆိုသည်။

ထိုင်းကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးထားသော်လည်း ၂၇ စတုရန်းကီလိုမီတာ (ဧက ၆,၆၀၀ ကျော်)ကို တိုက်ရိုက်ဆောင်ရွက်ခွင့်ရမည်မဟုတ်ဘဲ အဆင့်လေးဆင့်ခွဲ၍ ဆောင်ရွက်ရမည်ဟု ဆိုသည်။ ထိုင်းကုမ္ပဏီသည် ပထမအဆင့် ခုနစ်စတုရန်းကီလိုမီတာ (ဧက ၁,၇၀၀ ကျော်) လုပ်ကိုင်ခွင့်ရမည်ဖြစ်ပြီး ငွေကြေး၊ စီးပွားရေးစီမံချက်နှင့် အချိန်သတ်မှတ်ချက်တင်ပြရမည်ဟု ကော်မတီ ကဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

### Zawgyi Version ###

ထားဝယ္အထူးစီးပြားေရးဇုန္တြင္ ဂ်ပန္ပါဝင္ေရးေဆာင္႐ြက္ေနသည္ဟု ဒုဝန္ႀကီးေျပာ

ထားဝယ္အထူးစီးပြားေရးဇုန္ အေကာင္အထည္ေဖာ္ေရးအတြက္ ျမန္မာ-ထိုင္းႏိုင္ငံအျပင္ ဂ်ပန္ႏိုင္ငံပါဝင္လာေရးေဆာင္႐ြက္ေနသည္ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေအာင္ထူးက ေျပာသည္။

ထိုစီမံကိန္းကို လက္ရွိတြင္ထိုင္းကုမၸဏီ အီတာလ်ံ-ထိုင္းကို ကနဦးစီမံကိန္း လုပ္ကိုင္ခြင့္ေပးထားၿပီး စီမံကိန္းစတင္ႏိုင္ငံရန္ ေဆာင္႐ြက္ေနျခင္းျဖစ္သည္။

ထိုျပင္စီမံကိန္းအတြက္ ထိုင္း-ျမန္မာနယ္စပ္မွ အထူးစီးပြားေရးဇုန္အထိသြားမည္ ႏွစ္လမ္းသြားလမ္းကို ထိုင္းႏိုင္ငံမွ ေခ်းေငြယူရယူေဆာင္႐ြက္ေနသည္ဟု ဒုဝန္ႀကီးကဆိုသည္။

ထိုစီမံကိန္းအတြက္ ကနဦးအဆင့္တြင္ ေျမယာေလ်ာ္ေၾကးေပးရန္ ဧက ၆,၆ဝဝေက်ာ္ က်န္ရွိၿပီး က်ပ္ ၆၈ ဘီလီယံဖိုးျဖစ္ကာ ထိုေလ်ာ္ေၾကးသည္ ထားဝယ္အထူးစီးပြားေရးဇုန္၏ ကနဦး စက္မႈဇုန္အတြက္ျဖစ္ၿပီး လုပ္ငန္းေဆာင္႐ြက္သူက ေပးရမည္ျဖစ္ေၾကာင္း ဒုဝန္ႀကီးက ေျပာသည္။

၂၀၁၃ တြင္ အစိုးရက ထားဝယ္အထူးစီးပြားေရးဇုန္ကို ၁၉၆ စတုရန္းကီလိုမီတာ (၄၈,၄၃၂) သတ္မွတ္ထားၿပီး ကနဦးႏွင့္ပင္မစီမံကိန္းဟူ၍ ႏွစ္ပိုင္းရွိသည္။ ထိုင္း-ျမန္မာႏွစ္ဘက္အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္သည္၊

ထိုထဲတြင္ အစိုးရပိုင္ ေျမဧက ၁၆,၀၀၀ ရွိၿပီး ေရျဖဴႏွင့္ ေလာင္းလုံးၿမိဳ႕နယ္တို႔မွသိမ္းယူထားသည့္ ဧက ၃၂,၀၀၀ ေက်ာ္ ပါဝင္သည္။

ယင္းအနက္ စီမံကိန္းနယ္နိမိတ္အတြင္း ေျမဧက ၅,၇၀၀ ေက်ာ္အတြက္ ေလ်ာ္ေၾကး ၂၃ ဘီလီယံႏွင့္ ဇုန္ျပင္ပဆက္စပ္ဧရိယာတြင္ ဧက ၂,၁၀၀ ေက်ာ္ အတြက္ က်ပ္တစ္ဘီလီယံေပးအပ္ထားၿပီးျဖစ္သည္ဟု ဒုဝန္ႀကီးကဆိုသည္။

ထားဝယ္အထူးစီးပြားေရးဇုန္ ကနဦးအဆင့္ အေကာင္အထည္ေဖာ္ရန္ ထိုင္းကုမၸဏီ အီတာလ်ံ-ထိုင္းကို လုပ္ကိုင္ခြင့္ ေပးထားသည္။ လက္ရွိတြင္ ေျမငွားစာခ်ဳပ္ကို ထိုင္းကုမၸဏီထံ ပို႔ေဆာင္ထားၿပီး ၂၀၂၀ မတ္လ ၌ ကုမၸဏီဘက္က ေနာက္ဆုံးအေၾကာင္းျပန္ရမည္ျဖစ္ၿပီး မျပဳလုပ္ပါက လုပ္ကိုင္ခြင့္ဆုံးရႈံးမည္ ဟုဆိုသည္။

ထိုင္းကုမၸဏီကို လုပ္ကိုင္ခြင့္ေပးထားေသာ္လည္း ၂၇ စတုရန္းကီလိုမီတာ (ဧက ၆,၆၀၀ ေက်ာ္)ကို တိုက္႐ိုက္ေဆာင္႐ြက္ခြင့္ရမည္မဟုတ္ဘဲ အဆင့္ေလးဆင့္ခြဲ၍ ေဆာင္႐ြက္ရမည္ဟု ဆိုသည္။ ထိုင္းကုမၸဏီသည္ ပထမအဆင့္ ခုနစ္စတုရန္းကီလိုမီတာ (ဧက ၁,၇၀၀ ေက်ာ္) လုပ္ကိုင္ခြင့္ရမည္ျဖစ္ၿပီး ေငြေၾကး၊ စီးပြားေရးစီမံခ်က္ႏွင့္ အခ်ိန္သတ္မွတ္ခ်က္တင္ျပရမည္ဟု ေကာ္မတီ ကဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service