ချေးငွေနဲ့အိမ်ဝယ်တဲ့အခါ အာမခံထားနိုင်တော့မယ် - Property News in Myanmar from iMyanmarHouse.com
669 Views

ချေးငွေနဲ့အိမ်ဝယ်တဲ့အခါ အာမခံထားနိုင်တော့မယ်

### Unicode Version ###

ချေးငွေနဲ့ ဝယ်ယူထားတဲ့ အိမ်ရာအတွက် အာမခံထားနိုင်မယ့် Housing Insurance Package အိမ်ရာချေးငွေတဆင့်အာမခံအသစ်ကို ရောင်းချသွားမယ်လို့ မြန်မာ့အာမခံလုပ်ငန်းကနေ သိရပါတယ်။

အာမခံထားရှိသူက ဘဏ်ချေးငွေနဲ့ အဆောက်အဦးဝယ်ယူပြီး အာမခံသက်တမ်းအတွင်း သေဆုံးခဲ့တာဖြစ်ဖြစ် ဒါမှမဟုတ် ထာဝစဉ်မသန်စွမ်းဖြစ်ခဲ့ရင် အိမ်ရာအတွက်ပေးဖို့ကျန်ရှိနေတဲ့ တန်ဖိုးငွေကို မြန်မာ့အာမခံလုပ်ငန်းက ပေးချေသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ကျန်ရစ်သူ မိသားစုအနေနဲ့ ပေးဖို့ကျန်ရှိနေတဲ့ ချေးငွေအတွက် စိတ်ပူစရာမလိုဘဲ ချေးငွေနဲ့ ဝယ်ယူထားတဲ့ အဆောက်အဦကို ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး အဆောက်အဦတန်ဖိုးပေးချေပြီးတဲ့အချိန်မှာ အာမခံသက်တမ်းကုန်ဆုံးမှာဖြစ်တယ်လို့ သိရပါတယ်။

ယခုအာမခံသစ်မှာ ချေးငွေနဲ့ ဝယ်ယူထားတဲ့ အဆောက်အဦအနေနဲ့ မီးလောင်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း၊ လေယာဉ်ပျက်ကျခြင်း၊ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းဒဏ်၊ ရေးကြီးခြင်း၊ ထိခိုက်မှုကြောင့်ပျက်စီးဆုံးရှုံးမှု၊ ရေလှောင်ကန်၊ ရေပိုက်တွေ ရေလျှံပျက်စီခြင်းတွေအတွက်လည်း အကာအကွယ်ရရှိမှာဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် မီးကူးစက် လောင်ကျွမ်းခြင်း၊ သစ်ပင်လဲကျပျက်စီးခြင်း၊ မီးခိုးကြောင့်ပျက်စီးခြင်း၊ ဖောက်ထွင်းခိုးယူခံရခြင်း၊ ကာရံထားတဲ့မှန်တွေပြုတ်ကျပျက်စီးခြင်းစတဲ့ အကာအကွယ် ၁၄ မျိုးကိုလည်း အာမခံဝယ်ယူထားရုံနဲ့ ပရီမီယံကြေးထပ်မံပေးသွားစရာမလိုဘဲ အကာအကွယ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

ပရီမီယံပေးသွင်းရာမှာလည်း အာမခံထားသူစိတ်ကြိုက် Budget Premium ဖြစ်တဲ့ လစဉ်အရစ်ကျ ပေးသွင်းတဲ့ပုံစံနဲ့ Non-Budget Premium ဖြစ်တဲ့ တစ်နှစ်ကိုတစ်ကြိမ်တည်း ပေးသွင်းခြင်းပုံစံတို့ကို ရွေးချယ်ပြီး ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

ဒီအာမခံအမျိုးအစားဟာ အာမခံထားရှိသူရဲ့ သေဆုံးမှု၊ ထာဝစဉ်မသန်စွမ်းဖြစ်မှုနဲ့ ချေးငွေရယူထားတဲ့ အဆောက်အဦပျက်စီးမှုတို့ကြောင့် အာမခံထားရှိသူ ဒါမှမဟုတ် ကျန်ရစ်သူမိသားစုအပြင် ချေးငွေထုတ်ချေးတဲ့ အဖွဲ့အစည်းတွေအတွက်ပါအကျိုးရှိစေမယ့် အာမခံအမျိုးအစားဖြစ်တယ်လို့ ဆိုပါတယ်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

### Zawgyi Version ###

ေခ်းေငြနဲ႔အိမ္ဝယ္တဲ့အခါ အာမခံထားႏိုင္ေတာ့မယ္

ေခ်းေငြနဲ႔ ဝယ္ယူထားတဲ့ အိမ္ရာအတြက္ အာမခံထားႏိုင္မယ့္ Housing Insurance Package အိမ္ရာေခ်းေငြတဆင့္အာမခံအသစ္ကို ေရာင္းခ်သြားမယ္လို႔ ျမန္မာ့အာမခံလုပ္ငန္းကေန သိရပါတယ္။

အာမခံထားရွိသူက ဘဏ္ေခ်းေငြနဲ႔ အေဆာက္အဦးဝယ္ယူၿပီး အာမခံသက္တမ္းအတြင္း ေသဆုံးခဲ့တာျဖစ္ျဖစ္ ဒါမွမဟုတ္ ထာဝစဥ္မသန္စြမ္းျဖစ္ခဲ့ရင္ အိမ္ရာအတြက္ေပးဖို႔က်န္ရွိေနတဲ့ တန္ဖိုးေငြကို ျမန္မာ့အာမခံလုပ္ငန္းက ေပးေခ်သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့ေၾကာင့္ က်န္ရစ္သူ မိသားစုအေနနဲ႔ ေပးဖို႔က်န္ရွိေနတဲ့ ေခ်းေငြအတြက္ စိတ္ပူစရာမလိုဘဲ ေခ်းေငြနဲ႔ ဝယ္ယူထားတဲ့ အေဆာက္အဦကို ပိုင္ဆိုင္ႏိုင္မွာျဖစ္ၿပီး အေဆာက္အဦတန္ဖိုးေပးေခ်ၿပီးတဲ့အခ်ိန္မွာ အာမခံသက္တမ္းကုန္ဆုံးမွာျဖစ္တယ္လို႔ သိရပါတယ္။

ယခုအာမခံသစ္မွာ ေခ်းေငြနဲ႔ ဝယ္ယူထားတဲ့ အေဆာက္အဦအေနနဲ႔ မီးေလာင္ျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ ေပါက္ကြဲမႈျဖစ္ျခင္း၊ ေလယာဥ္ပ်က္က်ျခင္း၊ ငလ်င္လႈပ္ျခင္း၊ မုန္တိုင္းဒဏ္၊ ေရးႀကီးျခင္း၊ ထိခိုက္မႈေၾကာင့္ပ်က္စီးဆုံးရႈံးမႈ၊ ေရေလွာင္ကန္၊ ေရပိုက္ေတြ ေရလွ်ံပ်က္စီျခင္းေတြအတြက္လည္း အကာအကြယ္ရရွိမွာျဖစ္တယ္လို႔ဆိုပါတယ္။

ဒါ့အျပင္ မီးကူးစက္ ေလာင္ကြၽမ္းျခင္း၊ သစ္ပင္လဲက်ပ်က္စီးျခင္း၊ မီးခိုးေၾကာင့္ပ်က္စီးျခင္း၊ ေဖာက္ထြင္းခိုးယူခံရျခင္း၊ ကာရံထားတဲ့မွန္ေတြျပဳတ္က်ပ်က္စီးျခင္းစတဲ့ အကာအကြယ္ ၁၄ မ်ိဳးကိုလည္း အာမခံဝယ္ယူထား႐ုံနဲ႔ ပရီမီယံေၾကးထပ္မံေပးသြားစရာမလိုဘဲ အကာအကြယ္ရမွာျဖစ္တယ္လို႔ သိရပါတယ္။

ပရီမီယံေပးသြင္းရာမွာလည္း အာမခံထားသူစိတ္ႀကိဳက္ Budget Premium ျဖစ္တဲ့ လစဥ္အရစ္က် ေပးသြင္းတဲ့ပုံစံနဲ႔ Non-Budget Premium ျဖစ္တဲ့ တစ္ႏွစ္ကိုတစ္ႀကိမ္တည္း ေပးသြင္းျခင္းပုံစံတို႔ကို ေ႐ြးခ်ယ္ၿပီး ဝယ္ယူႏိုင္မယ္လို႔ သိရပါတယ္။

ဒီအာမခံအမ်ိဳးအစားဟာ အာမခံထားရွိသူရဲ႕ ေသဆုံးမႈ၊ ထာဝစဥ္မသန္စြမ္းျဖစ္မႈနဲ႔ ေခ်းေငြရယူထားတဲ့ အေဆာက္အဦပ်က္စီးမႈတို႔ေၾကာင့္ အာမခံထားရွိသူ ဒါမွမဟုတ္ က်န္ရစ္သူမိသားစုအျပင္ ေခ်းေငြထုတ္ေခ်းတဲ့ အဖြဲ႕အစည္းေတြအတြက္ပါအက်ိဳးရွိေစမယ့္ အာမခံအမ်ိဳးအစားျဖစ္တယ္လို႔ ဆိုပါတယ္။

ေနးရွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

Upcoming Property Events

From 26 Jul To 27 Jul

Emerald Bay Luxury Condo

From 26 Jul To 27 Jul

ERC Luxury Condo

From 26 Jul To 27 Jul

Magical World Apartment

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service