ဒဂုံဆိပ်ကမ်းတွင် အငှါးသီးသန့်လက်ကားဈေးဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
1281 Views

ဒဂုံဆိပ်ကမ်းတွင် အငှါးသီးသန့်လက်ကားဈေးဖွင့်လှစ်မည်

### Unicode Version ###

ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် Samanea Yangon အငှားသီးသန့်လက်ကား ဈေးတစ်ခု အကောင်အထည်ဖော် ဆောင် နေပြီး လာမည့် ဧပြီလတွင်ဖွင့်လှစ်ရန်ရည်မှန်းထားကြောင်း သိရသည်။

ရန်ကုန်မြို့၏အချက်အချာကျသော စီးပွားရေးနယ်ပယ်ဖြစ်လာမည်ဟု ရည်မှန်းထားသည့် ဒဂုံဆိပ်ကမ်း၊ ပဲခူးမြစ်လမ်းနှင့် ရတနာလမ်းထောင့်မှာ ရှိနေတာဖြစ်သည်။

သည်လက်ကားဈေးရှိ ဆိုင်ခန်းတွေကိုရောင်းချတာမျိုးမဟုတ်ဘဲ အငှားသီးသန့်အဖြစ် ငှားရမ်းပေးသွားမှာဖြစ်ပြီး အက်စ်အမ်အီးလုပ်ငန်းတွေအတွက် လွယ်ကူအောင်၊ ကိုယ်ပိုင်စီးပွားရေး စတင်ထူထောင်နိုင်အောင်ရည်မှန်းချက် ထားကြောင်း သိရသည်။

Samanea Yangon Development Limited က Deputy General Manager ဦးအောင်မျိုးဦးက ''ဆိုင်ခန်းကျတော့အဓိက ပြသခြင်းပဲ၊ သူတို့စီးပွားရေး ဖြစ်ပြီးရပြီဆိုရင် ဂိုဒေါင်ကနေ ပစ္စည်းထုတ်ပြီးလာပို့လိုက်ရုံပဲပေါ့နော်၊ ကျွန်တော်တို့ ဂိုဒေါင်နဲ့လက်ကားဈေးထဲမှာလဲ transpotation ကုမ္ပဏီတွေ၊ fan တွေ ပေါ့နော်၊ ကျွန်တော်တို့ရှိတယ်၊ အဲဒါဆို ကျွန်တော်တို့ အလွယ်တကူနဲ့ ဂိုဒေါင်၊လက်ကားဈေး၊ကုမ္ပဏီ၊ သုံးခုဆုံနေတဲ့အချိန်ကျတော့ ကျွန်တော်တို့က အလွယ်တကူပို့လို့ ရတာပေါ့နော်'' ဟုပြောသည်။

သည်ဈေး အကောင်အထည်ဖော်ရန် ဒေါ်လာသန်း ၈၀ ကျော်လောက် ရင်းနှီးမြှုပ်နှံထားပြီး သည်လက်ကားဈေးဆောက်မည့် မြေနေရာသည် စုစုပေါင်း ၁၆၇ ဧက ရှိသည်။လက်ရှိအချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ၉၀ ရာခိုင်နှုန်း ကျော်ပြီးစီးနေပြီဖြစ်သည်။

ဆိုင်ခန်းငှားခအဖြစ် တစ်စတုရန်းမီတာကို တစ်လကို အမေရိကန် ၁၈ ဒေါ်လာပေးချေ ရမှာ ဖြစ်ပြီး ဖွံ့ဖြိုးဆဲကာလ ပထမ သုံးနှစ်ကို ပရိုမိုးရှင်းကာလအဖြစ် သတ်မှတ်ထားကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

### Zawgyi Version ###

ဒဂံုဆိပ္ကမ္းတြင္ အငွါးသီးသန္႔လက္ကားေစ်းဖြင့္လွစ္မည္

ရန္ကုန္ၿမိဳ႕ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ Samanea Yangon အငွားသီးသန႔္လက္ကား ေဈးတစ္ခု အေကာင္အထည္ေဖာ္ ေဆာင္ ေနၿပီး လာမည့္ ဧၿပီလတြင္ဖြင့္လွစ္ရန္ရည္မွန္းထား​ေၾကာင္း သိရသည္။

ရန္ကုန္ၿမိဳ႕၏အခ်က္အခ်ာက်ေသာ စီးပြားေရးနယ္ပယ္ျဖစ္လာမည္ဟု ရည္မွန္းထားသည့္ ဒဂုံဆိပ္ကမ္း၊ ပဲခူးျမစ္လမ္းႏွင့္ ရတနာလမ္းေထာင့္မွာ ရွိေနတာျဖစ္သည္။

သည္လက္ကားေဈး႐ွိ ဆိုင္ခန္းေတြကိုေရာင္းခ်တာမ်ိဳးမဟုတ္ဘဲ အငွားသီးသန႔္အျဖစ္ ငွားရမ္းေပးသြားမွာျဖစ္ၿပီး အက္စ္အမ္အီးလုပ္ငန္းေတြအတြက္ လြယ္ကူေအာင္၊ ကိုယ္ပိုင္စီးပြားေရး စတင္ထူေထာင္နိုင္ေအာင္ရည္မွန္းခ်က္ ထား​ေၾကာင္း သိရသည္။

Samanea Yangon Development Limited က Deputy General Manager ဦးေအာင္မ်ိဳးဦးက ''ဆိုင္ခန္းက်ေတာ့အဓိက ျပသျခင္းပဲ၊ သူတို႔စီးပြားေရး ျဖစ္ျပီးရၿပီဆိုရင္ ဂိုေဒါင္ကေန ပစၥည္းထုတ္ၿပီးလာပို႔လိုက္႐ုံပဲေပါ့ေနာ္၊ ကြၽန္ေတာ္တို႔ ဂိုေဒါင္နဲ႕လက္ကားေဈးထဲမွာလဲ transpotation ကုမၸဏီေတြ၊ fan ေတြ ေပါ့ေနာ္၊ ကြၽန္ေတာ္တို႔ရွိတယ္၊ အဲဒါဆို ကြၽန္ေတာ္တို႔ အလြယ္တကူနဲ႕ ဂိုေဒါင္၊လက္ကားေဈး၊ကုမၸဏီ၊ သုံးခုဆုံေနတဲ့အခ်ိန္က်ေတာ့ ကြၽန္ေတာ္တို႔က အလြယ္တကူပို႔လို႔ ရတာေပါ့ေနာ္'' ဟုေျပာသည္။

သည္ေဈး အေကာင္အထည္ေဖာ္ရန္ ေဒၚလာသန္း ၈၀ ေက်ာ္ေလာက္ ရင္းႏွီးျမႇုပ္ႏွံထားၿပီး သည္လက္ကားေဈးေဆာက္မည့္ ေျမေနရာသည္ စုစုေပါင္း ၁၆၇ ဧက ရွိသည္။လက္ရွိအခ်ိန္မွာ ေဆာက္လုပ္ေရးလုပ္ငန္းေတြ ၉၀ ရာခိုင္ႏႈန္း ေက်ာ္ၿပီးစီးေနၿပီျဖစ္သည္။

ဆိုင္ခန္းငွားခအျဖစ္ တစ္စတုရန္းမီတာကို တစ္လကို အေမရိကန္ ၁၈ ေဒၚလာေပးေခ် ရမွာ ျဖစ္ၿပီး ဖြံ႕ၿဖိဳးဆဲကာလ ပထမ သုံးႏွစ္ကို ပရိုမိုးရွင္းကာလအျဖစ္ သတ္မွတ္ထား​ေၾကာင္း အဆိုပါကုမၸဏီထံမွ သိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service