သစ်သီးပို့ကုန်များ ကုန်စည်ဒိုင်ကြေး ၁၀ ရက် ကင်းလွတ်ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
727 Views

သစ်သီးပို့ကုန်များ ကုန်စည်ဒိုင်ကြေး ၁၀ ရက် ကင်းလွတ်ခွင့်ပြု

### Unicode Version ###

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အရောင်း၊ အဝယ်ကျဆင်းနေသည့် သစ်သီးပို့ကုန်များအတွက် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံကုန်စည်ဒိုင်များသို့ ဝင်ရောက်သည့် မော်တော်ယာဉ်များအပေါ် ကောက်ခံသည့် ကုန်စည်ဒိုင်ကြေးများကို ၁၀ ရက် ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်မှ သိရသည်။

ကုန်စည်ဒိုင်ကြေးကင်းလွတ်ခွင့်ကို ဖေဖော်ဝါရီလ ၂၃ ရက် အထိ သတ်မှတ်ထားပြီး လိုအပ်ပါက ကုန်စည်ဒိုင်ကြေးကင်းလွတ်ခွင့်ရက်တိုးမြှင့် သတ်မှတ်ပေးမည်ဖြစ်ကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်ထံမှ သိရှိရသည်။

လက်ရှိ သစ်သီးပို့ကုန်လုပ်ငန်းရှင်တွေ တရုတ်ပြည်ရဲ့ ဝူဟန်ဗိုင်းရပ်စ်ကြောင့် အရှုံးနာတဲ့အတွက် တစ်ဖက်တစ်လမ်းက အရှုံးစရိတ်သက်သာအောင်ပေါ့နော်။ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ကောက်ခံမှုကို ခဏဆိုင်းငံ့ထားတာပါ ဟု ဒုတိယဥက္ကဋ္ဌ ဦးအောင်သက်ဦးက ဆိုသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် တရုတ်၊ မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် မူဆယ် ၁၀၅ ကုန် သွယ်ရေးဇုန်တွင် သစ်သီးပို့ကုန်တင်ပို့မှု ၈၀ ရာခိုင်နှုန်းခန့် ကျဆင်းလျက်ရှိကြောင်း ယင်းကုန်စည်ဒိုင်စာရင်းများအရ သိရှိရသည်။

ပုံမှန် ဖေဖော်ဝါရီလများတွင် တစ်ရက်လျှင် သခွားယာဉ် ၃၀၀ ခန့်နှင့် ဖရဲယာဉ် ၄၀၀ ခန့် တင်ပို့ရောင်းချခဲ့သော်လည်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့စာရင်းများအရ သခွားယာဉ် ၇၀ ခန့်နှင့် ဖရဲကား ၈၀ ခန့်သာ ဝင်ရောက်ကြောင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်သက်ဦးထံမှ သိရှိရသည်။

မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

သစ္သီးပို႔ကုန္မ်ား ကုန္စည္ဒိုင္ေၾကး ၁၀ ရက္ ကင္းလြတ္ခြင့္ျပဳ

 

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အေရာင္း၊ အဝယ္က်ဆင္းေနသည့္ သစ္သီးပို့ကုန္မ်ားအတြက္ မူဆယ္ ၁၀၅ မိုင္ ကုန္သြယ္ေရးဇုန္ရွိ သစ္သီးဝလံကုန္စည္ဒိုင္မ်ားသို့ ဝင္ေရာက္သည့္ ေမာ္ေတာ္ယာဥ္မ်ားအေပၚ ေကာက္ခံသည့္ ကုန္စည္ဒိုင္ေၾကးမ်ားကို ၁၀ ရက္ ကင္းလြတ္ခြင့္ျပဳမည္ျဖစ္ေၾကာင္း မူဆယ္ ၁၀၅ မိုင္ သစ္သီးဝလံကုန္စည္ဒိုင္မွ သိရသည္။

ကုန္စည္ဒိုင္ေၾကးကင္းလြတ္ခြင့္ကို ေဖေဖာ္ဝါရီလ ၂၃ ရက္ အထိ သတ္မွတ္ထားၿပီး လိုအပ္ပါက ကုန္စည္ဒိုင္ေၾကးကင္းလြတ္ခြင့္ရက္တိုးျမႇင့္ သတ္မွတ္ေပးမည္ျဖစ္ေၾကာင္း မူဆယ္ ၁၀၅ မိုင္ သစ္သီးဝလံကုန္စည္ဒိုင္ထံမွ သိရွိရသည္။

လက္ရွိ သစ္သီးပို့ကုန္လုပ္ငန္းရွင္ေတြ တ႐ုတ္ျပည္ရဲ့ ဝူဟန္ဗိုင္းရပ္စ္ေၾကာင့္ အရွုံးနာတဲ့အတြက္ တစ္ဖက္တစ္လမ္းက အရွုံးစရိတ္သက္သာေအာင္ေပါ့ေနာ္။ ဝန္ထုပ္ဝန္ပိုးမျဖစ္ေအာင္ ေကာက္ခံမွုကို ခဏဆိုင္းငံ့ထားတာပါ ဟု ဒုတိယဥကၠ႒ ဦးေအာင္သက္ဦးက ဆိုသည္။

တ႐ုတ္နိုင္ငံ ဝူဟန္ၿမိဳ့မွ စတင္ျဖစ္ပြားခဲ့သည့္ ကိုရိုနာဗိုင္းရပ္စ္ဂယက္ေၾကာင့္ တ႐ုတ္၊ ျမန္မာ နယ္စပ္ကုန္သြယ္ေရးစခန္းတစ္ခုျဖစ္သည့္ မူဆယ္ ၁၀၅ ကုန္ သြယ္ေရးဇုန္တြင္ သစ္သီးပို့ကုန္တင္ပို့မွု ၈၀ ရာခိုင္ႏွုန္းခန႔္ က်ဆင္းလ်က္ရွိေၾကာင္း ယင္းကုန္စည္ဒိုင္စာရင္းမ်ားအရ သိရွိရသည္။

ပုံမွန္ ေဖေဖာ္ဝါရီလမ်ားတြင္ တစ္ရက္လၽွင္ သခြားယာဥ္ ၃၀၀ ခန႔္ႏွင့္ ဖရဲယာဥ္ ၄၀၀ ခန႔္ တင္ပို့ေရာင္းခ်ခဲ့ေသာ္လည္း ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔စာရင္းမ်ားအရ သခြားယာဥ္ ၇၀ ခန႔္ႏွင့္ ဖရဲကား ၈၀ ခန႔္သာ ဝင္ေရာက္ေၾကာင္း ဒုတိယဥကၠ႒ ဦးေအာင္သက္ဦးထံမွ သိရွိရသည္။

မင္းခ်ိဳ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service