ရန်ကုန်မြို့တော်ပြင်ပ ဘတ်စ်ကားမှတ်တိုင်များကို အဆင့်မြှင့်ရန် ပုဂ္ဂလိကုမ္ပဏီများကို ဖိတ်ခေါ် - Property News in Myanmar from iMyanmarHouse.com
1480 Views

ရန်ကုန်မြို့တော်ပြင်ပ ဘတ်စ်ကားမှတ်တိုင်များကို အဆင့်မြှင့်ရန် ပုဂ္ဂလိကုမ္ပဏီများကို ဖိတ်ခေါ်

### Unicode Version ###

ရန်ကုန်မြို့တော်ပြင်ပရှိ မြို့နယ်များတွင် ဘတ်စ်ကားမှတ်တိုင်များ အဆင့်မြှင့်တင်ရန် ပုဂ္ဂလိကကုမ္ပဏီများကို အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က ထုတ် ပြန်သည်။

ထိုသို့အဆင့်မြှင့်တင်ရန် ရန်ကုန်မြို့တော် မြို့တော်စည်ပင်သာယာနယ်နိမိတ် ပြင်ပ မြို့နယ် ၁၁ ခုတွင် ဘတ်စ်ကားမှတ်တိုင်များတွင် ခေတ်မီခရီးသည်နားခိုဆောင် Bus Shelter များ ဆောက်လုပ်ရန်ဖြစ်သည်ဟု ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ထိုသို့ဆောက်လုပ်ရန် တိုင်းရင်းသားကုမ္ပဏီများလျှောက်ထားနိုင်ကြပြီး စိတ်ဝင်စားသည့် ကုမ္ပဏီများသည် ဖေဖော်ဝါရီ ၁၁ ရက်တွင် တင်ဒါစတင်တင်သွင်းနိုင်သည်ဟုဆိုသည်။ တင်ဒါကို မတ်လ ၆ ရက် နောက်ဆုံးထား တင်သွင်းရမည်ဟုဆိုသည်။

တည်ဆောက်ရမည့် မြို့နယ်များမှာ လှည်းကူး၊ တိုက်ကြီး၊ မှော်ဘီ၊ သန်လျင်၊ သုံးခွ၊ ကျောက်တန်း၊ ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ဆိပ် ကြီးခနောင်တိုနှင့် ထန်းတပင်မြို့ နယ်တို့ ဖြစ်သည်။

အစိုးရက ထိုနားခိုဆောင် များအတွက် ငွေကြေးထုတ်ပေး မည်မဟုတ်ဘဲ ကုမ္ပဏီသို့နှစ်ရှည် ငှားရမ်းခြင်းဖြစ်ပြီး ကုမ္ပဏီက ကြော်ငြာ၊ ဆိုင်ခန်းဖွင့်လှစ်ခြင်းဖြင့် ဝင်ငွေရှာဖွေရခြင်းဖြစ်သည် ။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးနယ်နိမိတ်တွင် မြို့နယ် ၃၃ ခုရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကိုင်တွယ်ကွပ်ကဲခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့သည် ကျန်မြို့ နယ်များကိုကွပ်ကဲခြင်းဖြစ် သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း ဘတ်စ်ကားမှတ်တိုင် ၅၀၀ အ ဆင့်မြှင့်တင်ခြင်းကို တိုင်းအစိုးရက ဆောင်ရွက်ခဲ့သည်။ ထိုလုပ်ငန်းအတွက် မြို့တော်စည်ပင်သာယာရေးကော်မတီက ၂၀၁၇ ဇန်နဝါရီ ၃ ရက်တွင် တင်ဒါခေါ် ယူပြီး ၂၀၁၈ ဇန်နဝါရီ ၂ဝ ရက်၌ FMI Decaux အားလုပ်ကိုင်ခွင့်ပြုခဲ့သည်။

FMI Decaux ကုမ္ပဏီသည် FMI ကုမ္ပဏီရှယ်ယာအချိုး ၄၀ ရာခိုင်နှုန်းနှင့် ပြင်သစ်ကုမ္ပဏီ JC Decaux ကုမ္ပဏီက ၆၀ ရာခိုင် နှုန်းပိုင်ဆိုင်သည်။

အဆိုပါကုမ္ပဏီသည် ကားဂိတ်များတွင် ကြော်ငြာလုပ်ငန်း နှစ် ၂၀ လုပ်ကိုင်ခွင့်တင်ဒါအောင်မြင်ထားပြီး ကုမ္ပဏီက ကန်ဒေါ် လာ ၁၃ သန်း ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။ ကားမှတ်တိုင် ၅၀၀ အဆင့်မြှင့်ခြင်းကို သုံးနှစ်အတွင်း အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း ကုမ္ပဏီကဆိုထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

### Zawgyi Version ###

ရန္ကုန္ၿမိဳ႕ေတာ္ျပင္ပ ဘတ္စ္ကားမွတ္တိုင္မ်ားကို အဆင့္ျမႇင့္ရန္ ပုဂၢလိကုမၸဏီမ်ားကို ဖိတ္ေခၚ

ရန္ကုန္ၿမိဳ႕ေတာ္ျပင္ပရွိ ၿမိဳ႕နယ္မ်ားတြင္ ဘတ္စ္ကားမွတ္တိုင္မ်ား အဆင့္ျမႇင့္တင္ရန္ ပုဂၢလိကကုမၸဏီမ်ားကို အက်ိဳးတူပူးေပါင္းေဆာင္႐ြက္ရန္ ဖိတ္ေခၚလိုက္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး စည္ပင္သာယာေရးအဖြဲ႕က ထုတ္ ျပန္သည္။

ထိုသို႔အဆင့္ျမႇင့္တင္ရန္ ရန္ကုန္ၿမိဳ႕ေတာ္ ၿမိဳ႕ေတာ္စည္ပင္သာယာနယ္နိမိတ္ ျပင္ပ ၿမိဳ႕နယ္ ၁၁ ခုတြင္ ဘတ္စ္ကားမွတ္တိုင္မ်ားတြင္ ေခတ္မီခရီးသည္နားခိုေဆာင္ Bus Shelter မ်ား ေဆာက္လုပ္ရန္ျဖစ္သည္ဟု ေဖေဖာ္ဝါရီ ၁၂ ရက္တြင္ ထုတ္ျပန္ေၾကညာသည္။

ထိုသို႔ေဆာက္လုပ္ရန္ တိုင္းရင္းသားကုမၸဏီမ်ားေလွ်ာက္ထားႏိုင္ၾကၿပီး စိတ္ဝင္စားသည့္ ကုမၸဏီမ်ားသည္ ေဖေဖာ္ဝါရီ ၁၁ ရက္တြင္ တင္ဒါစတင္တင္သြင္းႏိုင္သည္ဟုဆိုသည္။ တင္ဒါကို မတ္လ ၆ ရက္ ေနာက္ဆုံးထား တင္သြင္းရမည္ဟုဆိုသည္။

တည္ေဆာက္ရမည့္ ၿမိဳ႕နယ္မ်ားမွာ လွည္းကူး၊ တိုက္ႀကီး၊ ေမွာ္ဘီ၊ သန္လ်င္၊ သုံးခြ၊ ေက်ာက္တန္း၊ ဒလ၊ တြံေတး၊ ကြမ္းၿခံကုန္း၊ ဆိပ္ ႀကီးခေနာင္တိုႏွင့္ ထန္းတပင္ၿမိဳ႕ နယ္တို႔ ျဖစ္သည္။

အစိုးရက ထိုနားခိုေဆာင္ မ်ားအတြက္ ေငြေၾကးထုတ္ေပး မည္မဟုတ္ဘဲ ကုမၸဏီသို႔ႏွစ္ရွည္ ငွားရမ္းျခင္းျဖစ္ၿပီး ကုမၸဏီက ေၾကာ္ျငာ၊ ဆိုင္ခန္းဖြင့္လွစ္ျခင္းျဖင့္ ဝင္ေငြရွာေဖြရျခင္းျဖစ္သည္ ။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာေရးနယ္နိမိတ္တြင္ ၿမိဳ႕နယ္ ၃၃ ခုရွိၿပီး ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက ကိုင္တြယ္ကြပ္ကဲျခင္းျဖစ္သည္။ ရန္ကုန္တိုင္းေဒသႀကီး စည္ပင္သာယာေရးအဖြဲ႕သည္ က်န္ၿမိဳ႕ နယ္မ်ားကိုကြပ္ကဲျခင္းျဖစ္ သည္။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာ နယ္နိမိတ္အတြင္း ဘတ္စ္ကားမွတ္တိုင္ ၅၀၀ အ ဆင့္ျမႇင့္တင္ျခင္းကို တိုင္းအစိုးရက ေဆာင္႐ြက္ခဲ့သည္။ ထိုလုပ္ငန္းအတြက္ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက ၂၀၁၇ ဇန္နဝါရီ ၃ ရက္တြင္ တင္ဒါေခၚ ယူၿပီး ၂၀၁၈ ဇန္နဝါရီ ၂ဝ ရက္၌ FMI Decaux အားလုပ္ကိုင္ခြင့္ျပဳခဲ့သည္။

FMI Decaux ကုမၸဏီသည္ FMI ကုမၸဏီရွယ္ယာအခ်ိဳး ၄၀ ရာခိုင္ႏႈန္းႏွင့္ ျပင္သစ္ကုမၸဏီ JC Decaux ကုမၸဏီက ၆၀ ရာခိုင္ ႏႈန္းပိုင္ဆိုင္သည္။

အဆိုပါကုမၸဏီသည္ ကားဂိတ္မ်ားတြင္ ေၾကာ္ျငာလုပ္ငန္း ႏွစ္ ၂၀ လုပ္ကိုင္ခြင့္တင္ဒါေအာင္ျမင္ထားၿပီး ကုမၸဏီက ကန္ေဒၚ လာ ၁၃ သန္း ရင္းႏွီးျမႇဳပ္ႏွံမည္ ျဖစ္သည္။ ကားမွတ္တိုင္ ၅၀၀ အဆင့္ျမႇင့္ျခင္းကို သုံးႏွစ္အတြင္း အၿပီးေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ကုမၸဏီကဆိုထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service