အိမ်ခြံမြေရောင်းဝယ်မှုနှင့် ရွှေ၊ ကျောက်မျက်စသည့် သံသယဖြစ်ဖွယ်အရောင်းအဝယ်များကို ငွေကြေးခဝါချခြင်း နှင့်ပတ်သက်မှု ရှိ၊မရှိစောင့်ကြည့် စစ်ဆေးမည် - Property News in Myanmar from iMyanmarHouse.com
808 Views

အိမ်ခြံမြေရောင်းဝယ်မှုနှင့် ရွှေ၊ ကျောက်မျက်စသည့် သံသယဖြစ်ဖွယ်အရောင်းအဝယ်များကို ငွေကြေးခဝါချခြင်း နှင့်ပတ်သက်မှု ရှိ၊မရှိစောင့်ကြည့် စစ်ဆေးမည်

### Unicode Version ###

အိမ်ခြံမြေရောင်းဝယ်မှုနှင့် ရွှေ၊ ကျောက်မျက်၊ သံသယဖြစ်ဖွယ်အရောင်းအဝယ်များကို ငွေကြေးခဝါချခြင်း နှင့်ပတ်သက်မှု ရှိ၊မရှိစောင့်ကြည့် စစ်ဆေးမည်ဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

အဆိုပါလုပ်ငန်းများအနေဖြင့် အရောင်းအဝယ်ပြုလုပ်ရာတွင် အမေရိကန်ဒေါ်လာ ၁၅,၀၀၀ ကျော်ပါက ငွေကြေးခဝါချမှုအတွက် သံသယရှိဖွယ် အရောင်းအဝယ်အဖြစ် သတ်မှတ်ထားပြီး အစိုးရသို့ သတင်းပေးရမည်ဖြစ် ကြောင်းသိရသည်။

နိုင်ငံတော်သမ္မတက ၂၀၁၉ နိုဝင်ဘာတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ နှင့် လုပ်ငန်းကော်မတီ ကိုဖွဲ့စည်းပေးခဲ့သည်။

အိမ်ခြံမြေလုပ်ငန်းရှင်အသင်း၊ရွှေလုပ်ငန်းရှင်အသင်းချုပ်၊ ကျောက်မျက်အသင်း စသည့် စီးပွားရေးအသင်းအဖွဲ့များနှင့် စာရင်းကိုင် အသင်း၊ ရှေ့နေအသင်း၊ ဘဏ်အသင်း စသည်အသင်းအဖွဲ့တို့အနေဖြင့် သံသယဖြစ်ဖွယ်အရောင်းအဝယ်များကို အဆိုပါကော်မတီသို့ သတင်းပေးပို့ရမည်ဖြစ်ပြီး ကော်မတီက ငွေကြေးခဝါချခြင်း နှင့်ပတ်သက်မှု ရှိ၊မရှိစောင့်ကြည့် စစ်ဆေးမည်ဖြစ်ကြောင်းသိရသည်။

အိမ်ခြံမြေအရောင်းအဝယ်တွင် ကျပ်သိန်း ၁,၀၀၀ ကျော်ပါက မဖြစ်မနေ သတင်းပို့ရန် သတ်မှတ်ထားပြီး ပုံမှန်ငွေကြေးသုံးစွဲသူမဟုတ် ဘဲ ငွေကြေးအများအပြား သုံးစွဲခြင်း၊ အိမ်ခြံမြေများကို ပုံမှန်ဈေးထက်ဝယ်ယူခြင်း၊ အမြောက်အမြား ဝယ်ယူခြင်းတို့ကိုသံသယဖြစ်ဖွယ်များအဖြစ်သတ်မှတ်ထားကြောင်း သိရသည်။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

### Zawgyi Version ###









Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service