လယ်သမားများအတွက် လယ်ယာလုပ်ကိုင်ခွင့် ပုံစံ ၇ ကို မြေဧက ၂၅ သန်းထုတ်ပေးပြီးဟုဆို - Property News in Myanmar from iMyanmarHouse.com
5748 Views

လယ်သမားများအတွက် လယ်ယာလုပ်ကိုင်ခွင့် ပုံစံ ၇ ကို မြေဧက ၂၅ သန်းထုတ်ပေးပြီးဟုဆို

### Unicode Version ###

နိုင်ငံအဝန်း လယ်သမားများအတွက် လယ်ယာလုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ ကို မြေဧက ၂၅ သန်းခွဲခန့် ထုတ် ပေးပြီးဖြစ်ကြောင်း ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က သတင်းထုတ်ပြန်သည်။

ထိုလက်မှတ်များသည် လယ်သမားများအတွက် လယ်ယာမြေပိုင်ဆိုင်ကြောင်းပြသည့် အထောက်အထားလက်မှတ်ဖြစ်သည်။

လယ်ယာမြေဥပဒေအရ တောင်သူလယ်သမားများကို လယ်ယာလုပ်ကိုင်ခွင့်ထုတ်ပေးရန် ၂၀၁၃ ခုနှစ်တွင် မြေဧက ၂၈ သန်းသတ်မှတ်ခဲ့ပြီး ၇ နှစ်အကြာ၂၀၂၀ဇန်နဝါရီ ၃၁ ရက်တွင် အထက်ပါပမာဏကို ထုတ်ပေးနိုင်ခြင်းဖြစ်သည် ဟုဆိုသည်။

ကျန်ရှိသည့် မြေကွက်များအနက် ပုံစံ ၇ ထုတ်ပေး၍ မရသော သစ်တောမြေ၊ စားကျက်မြေ၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများနှင့်လုံခြုံရေးကန့်သတ်ချက်ရှိ၍ တိုင်းတာဆောင်ရွက်ပေး၍ မရသောမြေများ ပါဝင်နေသည်ဟုဆိုသည်။

ထိုမြေများဖယ်ထုတ်ပြီးစီးပါက လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ ထုတ်ပေးရန် ဧက၂၅ ဒသမ ၈ သန်းကျန်ရှိ သည်ဟုဆိုသည်။ လက်ရှိတွင် ပုံစံ၇ ထုတ်ပေးနိုင်မှုသည် ၉၈ ဒသမ ၃ ရာခိုင်နှုန်းပြီးစီးပြီဟုဆိုသည်။

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက မြို့ရွာများတိုးတက်ဖွံဖြိုးလာခြင်း၊ စက်ရုံအလုပ်ရုံများတိုးချဲ့ဆောက်လုပ်ခြင်းသည် နိုင်ငံကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားလာသော်လည်း လယ်ယာမြေများလျော့နည်းဆုံးရှုံးမှုရှိသည်ဟုဆိုသည်။

ထိုအတွက် မြေလွတ်မြေလပ်နှင့်မြေရိုင်းများမှ စိုက်ပျိုးမှုတည်ငြိမ်သော မြေများကို လယ်ယာ‌မြေအဖြစ် ပြောင်းလဲဆောင်ရွက်ရမည်ဟု ဝန်ကြီးကဆိုသည်။

၂၀၁၂ ခုနှစ် လယ်ယာမြေနည်းဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်လျှောက်ထားခြင်းမရှိပါက လယ်ယာမြေလုပ်ပိုင်ခွင့်ရှိသူဟု သတ်မှတ်ခြင်းမခံရဟု ဆိုထားသည်။

၎င်းသည် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ၏ အခွင့်အရေးကို ရပိုင်ခွင့်မရှိစေရဟု သတ်မှတ်ပြဋ္ဌာန်းထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

လယ္သမားမ်ား​အတြက္ လယ္ယာ​လုပ္ကိုင္ခြင့္ ပုံစံ ၇ ကို ေျမဧက ၂၅ သန္းထုတ္​ေပးၿပီးဟုဆို

ႏိုင္ငံအဝန္း လယ္သမားမ်ားအတြက္ လယ္ယာလုပ္ကိုင္ခြင့္ျပဳလက္မွတ္ ပုံစံ ၇ ကို ေျမဧက ၂၅ သန္းခြဲခန႔္ ထုတ္ ေပးၿပီးျဖစ္ေၾကာင္း ဗဟိုလယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕က သတင္းထုတ္ျပန္သည္။

ထိုလက္မွတ္မ်ားသည္ လယ္သမားမ်ားအတြက္ လယ္ယာ​ေျမပိုင္ဆိုင္​ေၾကာင္းျပသည့္ အ​ေထာက္အထားလက္မွတ္ျဖစ္သည္။

လယ္ယာေျမဥပေဒအရ ေတာင္သူလယ္သမားမ်ားကို လယ္ယာလုပ္ကိုင္ခြင့္ထုတ္ေပးရန္ ၂၀၁၃ ခုႏွစ္တြင္ ေျမဧက ၂၈ သန္းသတ္မွတ္ခဲ့ၿပီး ၇ ႏွစ္အၾကာ၂၀၂၀ဇန္နဝါရီ ၃၁ ရက္တြင္ အထက္ပါပမာဏကို ထုတ္ေပးႏိုင္ျခင္းျဖစ္သည္ ဟုဆိုသည္။

က်န္ရွိသည့္ ေျမကြက္မ်ားအနက္ ပုံစံ ၇ ထုတ္ေပး၍ မရေသာ သစ္ေတာေျမ၊ စားက်က္ေျမ၊ ေျမလြတ္၊ ေျမလပ္ႏွင့္ေျမ႐ိုင္းမ်ားႏွင့္လုံၿခဳံေရးကန႔္သတ္ခ်က္ရွိ၍ တိုင္းတာေဆာင္႐ြက္ေပး၍ မရေသာေျမမ်ား ပါဝင္ေနသည္ဟုဆိုသည္။

ထိုေျမမ်ားဖယ္ထုတ္ၿပီးစီးပါက လယ္ယာေျမလုပ္ကိုင္ခြင့္ျပဳလက္မွတ္ ပုံစံ ၇ ထုတ္ေပးရန္ ဧက၂၅ ဒသမ ၈ သန္းက်န္ရွိ သည္ဟုဆိုသည္။ လက္ရွိတြင္ ပုံစံ၇ ထုတ္ေပးႏိုင္မႈသည္ ၉၈ ဒသမ ၃ ရာခိုင္ႏႈန္းၿပီးစီးၿပီဟုဆိုသည္။

ဗဟိုလယ္ယာေျမစီမံခန႔္ခြဲမႈအဖြဲ႕၊ ဥကၠဌ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ေအာင္သူက ၿမိဳ႕႐ြာမ်ားတိုးတက္ဖြံၿဖိဳးလာျခင္း၊ စက္႐ုံအလုပ္႐ုံမ်ားတိုးခ်ဲ႕ေဆာက္လုပ္ျခင္းသည္ ႏိုင္ငံကုန္ထုတ္စြမ္းအား တိုးတက္ျမင့္မားလာေသာ္လည္း လယ္ယာေျမမ်ားေလ်ာ့နည္းဆုံးရႈံးမႈရွိသည္ဟုဆိုသည္။

ထိုအတြက္ ေျမလြတ္ေျမလပ္ႏွင့္ေျမ႐ိုင္းမ်ားမွ စိုက္ပ်ိဳးမႈတည္ၿငိမ္ေသာ ေျမမ်ားကို လယ္ယာ‌ေျမအျဖစ္ ေျပာင္းလဲေဆာင္႐ြက္ရမည္ဟု ဝန္ႀကီးကဆိုသည္။

၂၀၁၂ ခုႏွစ္ လယ္ယာေျမနည္းဥပေဒအရ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ေလွ်ာက္ထားျခင္းမရွိပါက လယ္ယာေျမလုပ္ပိုင္ခြင့္ရွိသူဟု သတ္မွတ္ျခင္းမခံရဟု ဆိုထားသည္။

၎သည္ လယ္ယာေျမလုပ္ပိုင္ခြင့္ရရွိသူ၏ အခြင့္အေရးကို ရပိုင္ခြင့္မရွိေစရဟု သတ္မွတ္ျပ႒ာန္းထားသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service