ပြင်ဦးလွင်ရှိ The 9th Avenue Residence လုံးချင်းများ Phase II ထပ်မံ ထွက်ရှိ၍ အရောင်းပြပွဲကျင်းပမည် - Property News in Myanmar from iMyanmarHouse.com
1282 Views
ပြင်ဦးလွင်ရှိ The 9th Avenue Residence လုံးချင်းများ Phase II ထပ်မံ ထွက်ရှိ၍ အရောင်းပြပွဲကျင်းပမည်
### Unicode Version ###
မြန်မာနိုင်ငံ၏နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com မှ ကြီးမှူး၍ ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး ၉ ၊ ဒိုးကွင်ဆည်ဘေး ၊ ဗိုလ်ချုပ်ရွာလမ်းခွဲပေါ်ရှိ The 9th Avenue Residence လုံးချင်းအိမ်ရာအရောင်းပြပွဲကြီးကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁၅ ၊ ၁၆ ) ရက်နေ့ ( စနေ ၊ တနင်္ဂနွေ ) နေ့များတွင် ၊ နံနက် (၉) နာရီ မှ ညနေ (၅) နာရီ အထိ ရန်ကုန်မြို့ရှိ Melia Hotel တွင် ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။
The 9th Avenue Residence သည် Hillman Land ကုမ္ပဏီမှ တည်ဆောက်သည့် လုံးချင်းအိမ်ရာ စီမံကိန်းဖြစ်သည်။ အဆိုပါ စီမံကိန်းသည် ပြင်ဦးလွင်မြို့အဝင် ၁ မိုင်ခန့်နှင့် မြို့လယ် မှ ၃ မိုင်ခန့် အကွာတွင် တည်ရှိ၍ Location အထူးကောင်းမွန်သည်။ Phase I ကို ၂၀၁၉ ဇွန်လတွင် iMyanmarHouse.comမှ ရောင်းချရာ အထူးစိတ်ဝင်စားခြင်း ခံရပြီး ချက်ချင်းရောင်းကုန်သွားသည့်စီမံကိန်းဖြစ်သည် ။ ယခု Phase II စတင်အရောင်းဖွင့်မည် ဖြစ်၍ ပထမအကြိမ်တွင် မဝယ်ယူလိုက်ရတဲ့သူများအတွက် ဝယ်ယူရန် အထူးအခွင့်အရေးတစ်ခုဖြစ်သည်။
စီမံကိန်းတွင် နာမည်ကျော် Celebrities များဖြစ်သည့် အဆိုတော် အာဇာနည် ၊ အလှမယ် ဂုဏ်ရည်အေးကျော် (Miss Myanmar International 2013) တို့ ကိုယ်တိုင် ကြိုက်နှစ်သက်စွာ ရွေးချယ်ဝယ်ယူထားသည့် စီမံကိန်းဖြစ်သည်။ ယခု Phase (2) တွင် လုံးချင်းအိမ် စုစုပေါင်း (၂၉) လုံးသာပါပြီး ဒီဇိုင်း (၁၃) မျိုးအထိ ရွေးချယ်နိုင်မည်ဖြစ်သည်။ ဝယ်ယူသူများသည် မိမိအမည်ပေါက် ဂရန်လျှောက်ထားနိုင်မည်ဖြစ်သည်။ အိမ်ရာပြုပြင်ထိန်းသိမ်းရေးအတွက် အိမ် နဲ့ ခြံ သန့်ရှင်းခြင်း ၊ Landscaping ထိန်းသိမ်းခြင်းတို့လည်း ပါဝင်မည့်အပြင်အပန်းဖြေအိမ်အနေနဲ့ ဝယ်ယူပြီး ပြန်ငှားမည်ဆိုပါက ကုမ္ပဏီအနေနဲ့ တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အိမ်တစ်လုံးချင်းစီတိုင်းတွင် အမိုးများကို သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော အုတ်ကြွပ်ပြားမိုးပေးခြင်း ၊ Aircon & heater များ တပ်ဆင်ပေးထားခြင်း ၊ Living room နှင့် Bedrooms များကို Vinyl floor ခင်းပေးခြင်း ၊ Bathrooms, Kitchen & Balcony များကို homogenous ကြွေပြားများခင်းပေးခြင်း ၊ တံခါးများကို aluminium ဘောင်နှင့် tempered glass တပ်ဆင်ပေးခြင်း ၊ Kitchen room တွင် Kitchen counter, Basin, stove နှင့် cooker hood များတပ်ဆင်ပေးခြင်း စသဖြင့် အပြည့်အစုံပါဝင်မည်ဖြစ်ကြောင်းသိရသည်။
“ ဒီ The 9th Avenue Residence ဟာ ပြင်ဦးလွင်မြို့ နေရာကောင်းမှာတည်ရှိတဲ့ လုံးချင်းအိမ်ရာ စီမံကိန်းပဲဖြစ်ပါတယ်။ ClubHouse ပါဝင်ပြီး ဂိတ်များ ၊ ပန်းခြံများဖြင့် ခန်းနားစွာတည်ဆောက်ပေးထားပါတယ်။ မြေအကျယ်အဝန်း အနေနဲ့ sqft 1300 ကျော် မှ sqft 5000 ကျော်အထိ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မှာပါ။ ပထမရောင်းချပြီးစီးခဲ့တဲ့ Phase 1 က လုံးချင်းအိမ်များကို ခုလာမယ့် ဇွန်လမှာ လက်ရောက်အပ်နှံပေးမှာဖြစ်လို့ ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါတယ်။” ဟု အရောင်းပြပွဲကို စီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားသည်။
အရောင်းပြပွဲနှစ်ရက်အတွင်းဝယ်ယူပါက အထူးသက်သာခွင့်များအပြင် ၊ အတိုးမဲ့အရစ်ကျစနစ်များဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။
အရောင်းပြပွဲအသေးစိတ်အစီအစဉ်
ကျင်းပမည့်ရက် : 15 & 16 February 2020 ( စနေ ၊ တနင်္ဂနွေ )
ကျင်းပမည့်အချိန် : မနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ
ကျင်းပမည့်နေရာ : Melia Hotel ၊ ပထမထပ် ၊ Function Room 6 ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့။(Myanmar Plaza ဘေး)
အသေးစိတ် သိရှိလိုပါက
www.imyanmarhouse.com/promo/9avenue တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး iMyanmarHouse.com ၏ Hot Line Number : 09 455294841~5 သို့ လည်းဆက်သွယ်မေးမြန်းနိုင်ကြောင်းအသိပေးအပ်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
### Zawgyi Version ###
အသေးစိတ် သိရှိလိုပါက
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
Upcoming Property Events
From 14 Aug To 31 Aug
THADAR CONDOMINIUM
From 30 Aug To 31 Aug
Magical World Apartment
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service