ရန်ကုန်မိုးပျံ ကားလမ်းအတွက် မြေသိမ်းလုပ်ငန်းဆောင်ရွက်ရန် စီမံကိန်းအကျုံးဝင်သည့်နောက်ဆုံးနေ့ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ သတ်မှတ် - Property News in Myanmar from iMyanmarHouse.com
10158 Views

ရန်ကုန်မိုးပျံ ကားလမ်းအတွက် မြေသိမ်းလုပ်ငန်းဆောင်ရွက်ရန် စီမံကိန်းအကျုံးဝင်သည့်နောက်ဆုံးနေ့ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ သတ်မှတ်

### Unicode Version ###

ရန်ကုန်မိုးပျံကားလမ်း စီမံကိန်းအတွက် မြေသိမ်းဆည်းမည့်လုပ်ငန်း ဆောင်ရွက်ရန် ဖေဖော်ဝါရီ ၁၀ ရက်နေ့ကို စီမံကိန်းအကျုံးဝင်သည့် နောက်ဆုံးနေ့ (Cut Off Date) အဖြစ်သတ်မှတ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အမိန့်ကြေညာစာထုတ်ပြန်သည်။

ထိုရက်နောက်ပိုင်း စီမံကိန်းနယ်မြေအတွင်းတည်ရှိသော မြေနှင့်အဆောက်အဦးများကို ပြုပြင်တည်ဆောက်ခြင်း၊ တိုးချဲ့ခြင်း၊ အသစ်တည်ဆောက်ခြင်း၊ရောင်းချခြင်းနှင့်လွဲပြောင်းခြင်းတို့ဆောင်ရွက်ပါက မြေယာလျော်ကြေးရရှိမည် မဟုတ်ကြောင်း မြို့တော်ဝန်၏ အမိန့်စာကဆိုသည်။

ယခုဆောင်ရွက်မည့် စီမံကိန်းသည် အပိုင်း ၁ ဖြစ်ပြီး ထိုစီမံကိန်းသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒေါပုံတံတား အဆင်းမှစတင်ပြီး အထက်ပုဇွန်တောင်လမ်း၊ သံသုမာလမ်း၊ဝေဇယန္တာလမ်း၊ သုဓမ္မာလမ်းတို့မှဖြတ်သန်းပြီး ခရေပင်လမ်းဆုံ အထိ ၁၉ ကီလိုမီတာ(၁၁မိုင်ကျော်)၊ ထိုနောက် ဒညင်းကုန်းလမ်းဆုံအထိ ၅ ဒသမ ၅ ကီလိုမီတာ(၃မိုငခွဲခန့်)နှင့် ရန်ကုန်လေဆိပ်အဝင်လမ်း အဖြစ် ၂ ဒသမ ၅ ကီလိုမီတာ(တစ်မိုင်ခွဲ)တို့ဖြစ်သည်။ ထိုလမ်းသည် စုစုပေါင်းအရှည် ၂၇ ကီလိုမီတာ (၁၆မိုင်ကျော်) နှင့် အကျယ်မှာ ၃၀ မီတာ(ပေ၁၀၀ခန့်)ဖြစ်သည်။

ထိုစီမံကိန်းဆောင်ရွက်ရာတွင် စီမံကိန်းဧရိယာအတွင်း မြေအသုံးပြုမူကန့်သတ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုင်းအစိုးရက ပြန်လည်နေရာချထားရေး ပံ့ပိုးဆောင်ရွက်ရမည်ဟု ဆိုသည်။

ထိုပြင်စီမံကိန်းအတွက် ဖေဖော်ဝါရီ ၁၀ ရက်မှ မတ်လ ၁၀ ရက်အထိ စီမံကိန်းသက်ရောက်မည့် ဧရိယာ တစ်ခုလုံးကို စစ်တမ်းကောက်ယူရန်လျာထားသည်ဟု မြို့တော်ဝန်ကဆိုသည်၊

ထိုစီမံကိန်းအတွက် ဇူလှိုင်လတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနကဆိုသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်ျမန္မာဟောက္စ်ဒေါ့ကြန်း) မွ အထူးရေးသားဖော်ျပသည်။

Credit: iMyanmarHouse.com

 

### Zawgyi Version ###

 

ရန္ကုန္မိုးပ်ံ ကားလမ္းအတြက္ ေျမသိမ္းလုပ္ငန္းေဆာင္႐ြက္ရန္ စီမံကိန္းအက်ဳံးဝင္သည့္ေနာက္ဆုံးေန႔ကို ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔ သတ္မွတ္

ရန္ကုန္မိုးပ်ံကားလမ္း စီမံကိန္းအတြက္ ေျမသိမ္းဆည္းမည့္လုပ္ငန္း ေဆာင္႐ြက္ရန္ ေဖေဖာ္ဝါရီ ၁၀ ရက္ေန႕ကို စီမံကိန္းအက်ဳံးဝင္သည့္ ေနာက္ဆုံးေန႕ (Cut Off Date) အျဖစ္သတ္မွတ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက အမိန႔္ေၾကညာစာထုတ္ျပန္သည္။

ထိုရက္ေနာက္ပိုင္း စီမံကိန္းနယ္ေျမအတြင္းတည္ရွိေသာ ေျမႏွင့္အေဆာက္အဦးမ်ားကို ျပဳျပင္တည္ေဆာက္ျခင္း၊ တိုးခ်ဲ႕ျခင္း၊ အသစ္တည္ေဆာက္ျခင္း၊ေရာင္းခ်ျခင္းႏွင့္လြဲေျပာင္းျခင္းတို႔ေဆာင္႐ြက္ပါက ေျမယာေလ်ာ္ေၾကးရရွိမည္ မဟုတ္ေၾကာင္း ၿမိဳ႕ေတာ္ဝန္၏ အမိန႔္စာကဆိုသည္။

ယခုေဆာင္႐ြက္မည့္ စီမံကိန္းသည္ အပိုင္း ၁ ျဖစ္ၿပီး ထိုစီမံကိန္းသည္ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္၊ ေဒါပုံတံတား အဆင္းမွစတင္ၿပီး အထက္ပုဇြန္ေတာင္လမ္း၊ သံသုမာလမ္း၊ေဝဇယႏၲာလမ္း၊ သုဓမၼာလမ္းတို႔မွျဖတ္သန္းၿပီး ခေရပင္လမ္းဆုံ အထိ ၁၉ ကီလိုမီတာ(၁၁မိုင္ေက်ာ္)၊ ထိုေနာက္ ဒညင္းကုန္းလမ္းဆုံအထိ ၅ ဒသမ ၅ ကီလိုမီတာ(၃မိုငခြဲခန႔္)ႏွင့္ ရန္ကုန္ေလဆိပ္အဝင္လမ္း အျဖစ္ ၂ ဒသမ ၅ ကီလိုမီတာ(တစ္မိုင္ခြဲ)တို႔ျဖစ္သည္။ ထိုလမ္းသည္ စုစုေပါင္းအရွည္ ၂၇ ကီလိုမီတာ (၁၆မိုင္ေက်ာ္) ႏွင့္ အက်ယ္မွာ ၃၀ မီတာ(ေပ၁၀၀ခန႔္)ျဖစ္သည္။

ထိုစီမံကိန္းေဆာင္႐ြက္ရာတြင္ စီမံကိန္းဧရိယာအတြင္း ေျမအသုံးျပဳမူကန႔္သတ္ျခင္းလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ တိုင္းအစိုးရက ျပန္လည္ေနရာခ်ထားေရး ပံ့ပိုးေဆာင္႐ြက္ရမည္ဟု ဆိုသည္။

ထိုျပင္စီမံကိန္းအတြက္ ေဖေဖာ္ဝါရီ ၁၀ ရက္မွ မတ္လ ၁၀ ရက္အထိ စီမံကိန္းသက္ေရာက္မည့္ ဧရိယာ တစ္ခုလုံးကို စစ္တမ္းေကာက္ယူရန္လ်ာထားသည္ဟု ၿမိဳ႕ေတာ္ဝန္ကဆိုသည္၊

ထိုစီမံကိန္းအတြက္ ဇူလႈိင္လတြင္ တည္ေဆာက္ေရးလုပ္ငန္းမ်ား စတင္မည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာနကဆိုသည္။

စိမ့္စည္သူ ( iMyanmarHouse.com အိုင္်မႏၼာေဟာကၥ္ေဒါ့ၾကန္း) မြ အထူးေရးသားေဖာ္်ပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service