စင္ကာပူႏွင့္ ေနာ္ေဝး ေငြေၾကးကုမၸဏီမ်ားက ႐ိုးမဘဏ္၏ ရွယ္ယာ ၃၀ ရာခိုင္ႏႈန္းဝယ္ယူမည္ - Property News in Myanmar from iMyanmarHouse.com
4117 Views

စင္ကာပူႏွင့္ ေနာ္ေဝး ေငြေၾကးကုမၸဏီမ်ားက ႐ိုးမဘဏ္၏ ရွယ္ယာ ၃၀ ရာခိုင္ႏႈန္းဝယ္ယူမည္

### Zawgyi Version ###

႐ိုးမဘဏ္၏ ရွယ္ယာ ၃၀ ရာခိုင္ႏႈန္းကို ေငြေၾကးကုမၸဏီမ်ားျဖစ္သည့္ စင္ကာပူ GIC ႏွင့္ ေနာ္ေဝး Norfund တို႔က ဝယ္ယူမည္ျဖစ္ေၾကာင္း႐ိုးမဘဏ္တာဝန္ရွိသူကေျပာသည္။

အဆိုပါေငြေၾကးလုပ္ငန္းႏွစ္ခုက ဝယ္ယူမူသည္ ရွယ္ယာစုစုေပါင္းတန္ဖိုးက်ပ္ ဘီလီယံ ၁၃၀ ဖိုး (ေဒၚလာ၈၈သန္းေက်ာ္) ရွိမည္ဟု Bloomberg သတင္းဌာနကေဖာ္ျပထားသည္။

စင္ကာပူအစိုးရ၏တည္ေထာင္ခဲ့သည္ ေငြေၾကးကုမၸဏီ GICက ႐ိုးမဘဏ္၏ ရွယ္ယာ ၂၀ ရာခိုင္ႏႈန္းႏွင့္ ေနာ္ေဝးႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထူေထာင္ထားသည့္ Norfund က ရွယ္ယာ ၁၀ ရာခိုင္ႏႈန္းတို႔ကို ဝယ္ယူမည္ျဖစ္သည္။

႐ိုးမဘဏ္တြင္ ကမာၻဘဏ္လက္ေအာက္ခံ IFC-အျပည္ျပည္ဆိုင္ရာ ဘ႑ာေရး ေကာ္ပေရးရွင္းကလည္း ရွယ္ယာ ၄ ရာခိုင္ႏႈန္းပို္င္ဆိုင္ထားသည္။

႐ိုးမဘဏ္၏ ပိုင္ဆိုင္မူသည္ ၂၀၁၉ စင္တင္ဘာလတြင္က်ပ္ ၂ ဒသမ ၈ ထရီယံရွိၿပီး ၿပီးခဲ့သည့္ႏွစ္တြင္ ၂၂ ရာခိုင္ႏႈန္းတိုးျမႇင့္ခဲ့သည္ဟု ၎၏ ဘ႑ာေရးအႏွစ္ခ်ဳပ္စာရင္းတြင္ေဖာ္ျပထားသည္။

ျပည္တြင္းဘဏ္လုပ္ငန္းတြင္ ႏိုင္ငံျခားဘဏ္မ်ားရွယ္ယာပါဝင္ရန္ႀကိဳးစားမူမ်ားအနက္တစ္ခုျဖစ္သည္။

ကုမၸဏီမ်ားဥပေဒအရ ဗဟိုဘဏ္က ျပည္တြင္းဘဏ္မ်ားတြင္ ႏို္ငငံျခားကုမၸဏီမ်ားက ရွယ္ယာ ၃၅ ရာခိုင္ႏႈန္း အထိပါဝင္ႏိုင္သည္ဟု ၂၀၁၉ ဇန္နဝါရီလတြင္ ထုတ္ျပန္ခဲ့သည္။ ႏို္ငငံျခားေငြေၾကးလုပ္ငန္းမ်ားမွ ျပည္တြင္းသို႔ ပိုမိုဝင္ေရာက္လာရန္အတြက္ ဗဟိုဘဏ္ကခြင့္ျပဳျခင္းျဖစ္သည္။

ထိုင္းႏိုင္ငံအေျခစိုက္ K ဘဏ္သည္ ျပည္တြင္းရွိ ဧရာဝတီ ေတာင္သူလယ္သမားဖြံ႕ၿဖိဳး ေရးဘဏ္ (A ဘဏ္)တြင္ ရွယ္ယာ ၃၅ ရာခိုင္ႏႈန္းပါဝင္၍ အက်ိဳးတူရင္းႏွီးျမႇဳပ္ႏွံမည္ျဖစ္ေၾကာင္းဇန္နဝါရီလဆန္းတြင္ ထုတ္ျပန္ခဲ့သည္၊

စိမ့္စည္သူ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

 

ရိုးမဘဏ်၏ ရှယ်ယာ ၃၀ ရာခိုင်နှုန်းကို ငွေကြေးကုမ္ပဏီများဖြစ်သည့် စင်ကာပူ GIC နှင့် နော်ဝေး Norfund တို့က ဝယ်ယူမည်ဖြစ်ကြောင်းရိုးမဘဏ်တာဝန်ရှိသူကပြောသည်။

အဆိုပါငွေကြေးလုပ်ငန်းနှစ်ခုက ဝယ်ယူမူသည် ရှယ်ယာစုစုပေါင်းတန်ဖိုးကျပ် ဘီလီယံ ၁၃၀ ဖိုး (ဒေါ်လာ၈၈သန်းကျော်) ရှိမည်ဟု Bloomberg သတင်းဌာနကဖော်ပြထားသည်။

စင်ကာပူအစိုးရ၏တည်ထောင်ခဲ့သည် ငွေကြေးကုမ္ပဏီ GICက ရိုးမဘဏ်၏ ရှယ်ယာ ၂၀ ရာခိုင်နှုန်းနှင့် နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနက ထူထောင်ထားသည့် Norfund က ရှယ်ယာ ၁၀ ရာခိုင်နှုန်းတို့ကို ဝယ်ယူမည်ဖြစ်သည်။

ရိုးမဘဏ်တွင် ကမ္ဘာဘဏ်လက်အောက်ခံ IFC-အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပရေးရှင်းကလည်း ရှယ်ယာ ၄ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။

ရိုးမဘဏ်၏ ပိုင်ဆိုင်မူသည် ၂၀၁၉ စင်တင်ဘာလတွင်ကျပ် ၂ ဒသမ ၈ ထရီယံရှိပြီး ပြီးခဲ့သည့်နှစ်တွင် ၂၂ ရာခိုင်နှုန်းတိုးမြှင့်ခဲ့သည်ဟု ၎င်း၏ ဘဏ္ဍာရေးအနှစ်ချုပ်စာရင်းတွင်ဖော်ပြထားသည်။

ပြည်တွင်းဘဏ်လုပ်ငန်းတွင် နိုင်ငံခြားဘဏ်များရှယ်ယာပါဝင်ရန်ကြိုးစားမူများအနက်တစ်ခုဖြစ်သည်။

ကုမ္ပဏီများဥပဒေအရ ဗဟိုဘဏ်က ပြည်တွင်းဘဏ်များတွင် နိုငငံခြားကုမ္ပဏီများက ရှယ်ယာ ၃၅ ရာခိုင်နှုန်း အထိ ပါဝင်နိုင်သည်ဟု ၂၀၁၉ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သည်။ နိုငငံခြားငွေကြေးလုပ်ငန်းများမှ ပြည်တွင်းသို့ ပိုမိုဝင်ရောက်လာရန်အတွက် ဗဟိုဘဏ်ကခွင့်ပြုခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် K ဘဏ်သည် ပြည်တွင်းရှိ ဧရာဝတီ တောင်သူလယ်သမားဖွံ့ဖြိုး ရေးဘဏ် (A ဘဏ်)တွင် ရှယ်ယာ ၃၅ ရာခိုင်နှုန်းပါဝင်၍ အကျိုးတူရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်းဇန်နဝါရီလဆန်းတွင် ထုတ်ပြန်ခဲ့သည်၊

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service