လေးနှစ်အတွင်း မြေလွတ်၊မြေလပ်နှင့် မြေရိုင်း ၁ သန်းခွဲကျော်ပြန်သိမ်းဟု ဝန်ကြီးဌာနဆို - Property News in Myanmar from iMyanmarHouse.com
843 Views

လေးနှစ်အတွင်း မြေလွတ်၊မြေလပ်နှင့် မြေရိုင်း ၁ သန်းခွဲကျော်ပြန်သိမ်းဟု ဝန်ကြီးဌာနဆို

### Zawgyi Version ###










 

### Unicode Version ###

မြေပြင်တွင် အမှန်တကယ်လုပ်ကိုင်ခြင်းမရှိသောကြောင့် ပြန်လည်သိမ်းဆည်းခဲ့သော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း ဧက ၁ ဒသမ ၅ သန်းကျော်ရှိသည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုပြန်လည်သိမ်းဆည်းနိုင်သည့် ပမာဏသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များအတွက် စည်းကမ်းချက်သတ်မှတ်ကာလ လေးနှစ်အတွင်းဖြစ်သည်ဟု ဝန်ကြီးဌာနကဆိုသည်။

မြေပြင်တွင် အမှတ်တကယ် စိုက်ပျိုးလုပ်ကိုင်မူမရှိဘဲ လုပ်ကိုင်ခွင့်ချထားသော မြေများကို ပြန်လည် ရုတ်သိမ်းခြင်းအပြင် အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်သော မြေများကို ခွင့်ပြုမိန့်ထုတ်ပေးနိုင်ရန်လည်း စိစစ်နေသည်ဟု ဝန်ကြီးဌာနက ဆိုသည်။

ထိုပြင် ခွင့်ပြုမိန့်မရဘဲ လုပ် ကိုင်နေသည့် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ ခြောက်လအတွင်း ခွင့်ပြုချက်ပြန်လည် ရယူရ မည် ဟု မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟို ကော်မတီက ၂၀၁၈ နိုဝင်ဘာ ၂ ရက် တွင် ပထမဦးဆုံး’အကြိမ်ထုတ်ပြန်သည်။ထိုထုတ်ပြန်ချက်တွင် မလျှောက်ထားပါက သတ်မှတ်ထားသောနည်းလမ်းနှင့်အညီ သိမ်းယူဖယ်ရှားခြင်းခံရမည်ဟုဆိုခဲ့သည်။

မြေလွတ်၊ မြေလပ်နှင့် မြေ ရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်၍ ၂၀၁၈ စက်တင်ဘာ ၁၁ ရက် တွင် ပြဋ္ဌာန်းပြီးဖြစ်ရာ ထိုဥပဒေထဲတွင် ခွင့်ပြုမိန့်မရဘဲ လုပ်ကိုင်နေသည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို ဥပဒေပြင်ဆင် ပြဋ္ဌာန်းပြီးချိန်မှ ခြောက်လအတွင်း ပြန်လည်လျှောက်ထားရမည်ဟုပါရှိခဲ့သည်။

ထိုသို့ ပြန်လည်လျှောက်ထားရာတွင် မြေဧရိယာနှင့် လုပ်ငန်းအသေးစိတ်ကို ပြည့်စုံစွာ ဖော်ပြရမည်ဟု ဆိုထားသည်။ အကယ်၍ လျှောက်ထားဆောင် ရွက်ခြင်း မရှိလျှင်ဖြစ်စေ၊ ခွင့်ပြု မိန့်မရလျှင်ဖြစ်စေ လက်ရှိလုပ်ကိုင်နေသည့် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းမှာ သိမ်းယူခြင်း၊ ဖယ်ရှားခြင်းခံရမည်ဟု ဆိုထားသည်။

မြေအသစ်လျှောက်ထားသူများသည် စိုက်ပျိုးရေးအတွက် ဧက ၃၀၀၊ မွေးမြူရေးအတွက် ဧက ၅၀ ထက်ပိုသော မြေဧရိ ယာ၊ ဓာတ်သတ္တုတူးဖော်ရေး လုပ်ငန်းနှင့် အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများကို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေးဗဟိုကော်မတီသို့ လျှောက်ထားရမည်ဟု ဆိုထားသည်။ စိုက်ပျိုးရေးလုပ်ငန်းအတွက် ဧက ၃၀၀ နှင့် မွေးမြူရေးလုပ်ငန်းအ တွက် ဧက ၅၀ အောက် မြေဧရိ ယာများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်စီမံခန့် ခွဲရေးကော်မတီများထံ လျှောက်ထားရမည်ဟု ဆိုထားသည်။

စိမ့်စည်သူ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service