ကျူးကျော်အိမ်ရာနေပြည်သူများအားဦးစားပေးပြီး တန်ဖိုးနည်းအိမ်ရာ (၂၆၁၈၂) ယူနစ် ဆောက်လုပ်ပြီး လစဉ်အရစ်ကျပေးဆပ်ရသော စနစ်ဖြင့် Yangon Metropolitan Development Public Co.,Ltd က ရောင်းချပေးသွားရန်စီစဉ် - Property News in Myanmar from iMyanmarHouse.com
1541 Views


### Zawgyi Version ###



လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက Yangon Metropolitan Development Public Co.,Ltd သည် ကျူးကျော် အိမ်ရာများတွင်နေထိုင်ရသော ပြည်သူများ၏လူမှုစီးပွားရေး ဘဝ မြှင့်တင်ပေးရန်ရည်ရွယ်ချက်ဖြင့် လှိုင်သာယာမြို့နယ်နှင့် ဆက်စပ်နေသော ပန်းလှိုင်မြစ်တစ်ဖက်လမ်း တွံတေးမြို့နယ်၊ ပဒါန်ရေကျော်ကွင်းမြေဧက ၂၄၀၀ခန့်တွင် တန်ဖိုးနည်းအိမ်ရာ(၂၆၁၈၂)ယူနစ်ဆောက်လုပ်ပြီး လစဉ်အရစ်ကျပေးဆပ်ရသောစနစ်ဖြင့် ကျူးကျော်အိမ်ရာနေပြည်သူများအား ဦးစားပေးပြီးတိုက်ခန်းရောင်းချ ပေးသွားရန် စီစဉ် ဆောင်ရွက်ခဲ့ပါကြောင်း၊ Yangon Metropolitan Development Public Co.,Ltd သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအားကိုယ်စားပြု၍ ၂၀၁၇ ခုနှစ်တွင် မလေးရှားနိုင်ငံ Berjaya Land Co.,Ltdနှင့် နားလည်မှု စာချွန်လွှာ MoUနှင့် မူဘောင်သဘောတူညီချက် frame Work Agreement လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ဆက်လက်၍ စီမံကိန်းဖြစ်မြောက်နိုင်စွမ်း (Feasibility Study) ဆောင်ရွက်ခဲ့ပြီး စီမံကိန်း မြေနေရာ ဧက ၂၄၀၀ အား လယ်ယာမြေဥပဒေပုဒ်မ ၃၀(က) လျှောက်ထားရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ ယင်းစီမံကိန်းကိုဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ခံ၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြခွင့်ပြုချက်ရယူပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့သည်။



 

### Unicode Version ###

ကျူးကျော်အိမ်ရာနေပြည်သူများအားဦးစားပေးပြီး တန်ဖိုးနည်းအိမ်ရာ(၂၆၁၈၂) ယူနစ် ဆောက်လုပ်ပြီး လစဉ်အရစ်ကျပေးဆပ်ရသော စနစ်ဖြင့် Yangon Metropolitan Development Public Co.,Ltd က ရောင်းချပေးသွားရန်စီစဉ်ထားကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ ဒေါ်နီလာကျော်က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့တွင် ဒဂုံ မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ အမေးမြန်းထားမှုကိုဖြေကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက Yangon Metropolitan Development Public Co.,ltd မှ ကျူးကျော်အိမ်ရာနေ ပြည်သူများနေထိုင်ရန်အတွက် ကျူးကျော် (၂၇၀၀၀)ခန့် နေရာချထားနိုင်ရေးရည်ရွယ်ချက်အား မည်ကဲ့သို့ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်းမေးမြန်းမှုကို အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက Yangon Metropolitan Development Public Co.,Ltd သည် ကျူးကျော် အိမ်ရာများတွင်နေထိုင်ရသော ပြည်သူများ၏လူမှုစီးပွားရေး ဘဝ မြှင့်တင်ပေးရန်ရည်ရွယ်ချက်ဖြင့် လှိုင်သာယာမြို့နယ်နှင့် ဆက်စပ်နေသော ပန်းလှိုင်မြစ်တစ်ဖက်လမ်း တွံတေးမြို့နယ်၊ ပဒါန်ရေကျော်ကွင်းမြေဧက ၂၄၀၀ခန့်တွင် တန်ဖိုးနည်းအိမ်ရာ(၂၆၁၈၂)ယူနစ်ဆောက်လုပ်ပြီး လစဉ်အရစ်ကျပေးဆပ်ရသောစနစ်ဖြင့် ကျူးကျော်အိမ်ရာနေပြည်သူများအား ဦးစားပေးပြီးတိုက်ခန်းရောင်းချ ပေးသွားရန် စီစဉ် ဆောင်ရွက်ခဲ့ပါကြောင်း၊ Yangon Metropolitan Development Public Co.,Ltd သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအားကိုယ်စားပြု၍ ၂၀၁၇ ခုနှစ်တွင် မလေးရှားနိုင်ငံ Berjaya Land Co.,Ltdနှင့် နားလည်မှု စာချွန်လွှာ MoUနှင့် မူဘောင်သဘောတူညီချက် frame Work Agreement လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ဆက်လက်၍ စီမံကိန်းဖြစ်မြောက်နိုင်စွမ်း (Feasibility Study) ဆောင်ရွက်ခဲ့ပြီး စီမံကိန်း မြေနေရာ ဧက ၂၄၀၀ အား လယ်ယာမြေဥပဒေပုဒ်မ ၃၀(က) လျှောက်ထားရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ ယင်းစီမံကိန်းကိုဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ခံ၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြခွင့်ပြုချက်ရယူပြီး မြန်မာနိုင်ငံရင်းနှီးမြှုုပ်နှံမှုကော်မရှင်သို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့သည်။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည

Upcoming Property Events

42 Mini Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service