တိုင်းဒေသကြီး ၃ ခုတွင် ရင်းနှီးမြှပ်နှံမှုဖိုရမ်ကျင်းပမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
768 Views
တိုင်းဒေသကြီး ၃ ခုတွင် ရင်းနှီးမြှပ်နှံမှုဖိုရမ်ကျင်းပမည်ဟုဆို
### Zawgyi Version ###
ရန်ကုန်စစ်ကိုင်း နှင့် ပဲခူးတိုင်းဒေသကြီး တို့တွင် ရင်းနှီ:မြှပ်နှံမှုဖိုရမ်များကျင်းပမည်ဖြစ်ကြောင်း ရင်းနှီးမြှပ်နှံမှုကော်မရှင်က သတင်းထုတ်ပြန်သည်၊
ရန်ကုန်တိုင်းတွင် ဖေဖော်ဝါရီ ၊စစ်ကိုင်း တွင် မတ်နှင့် ပဲခူးတိုင်းတွင် မေလတို့တွင်ကျင်းပမည်ဟုဆိုပြီး ရန်ကုန်တိုင်းတွင် ကုန်ထုတ်လုပ်မှုကို ဦးစားပေးမည်ဟု ဆိုသည်။
ပဲခူးတိုင်းဖိုရမ်တွင် ပဲခူးတိုင်းအတွင်း အခြေခံကျသည့် ရင်းနှီးမြှပ်နှံမှုများအပေါ် အခြေခံ၍ ဆောင်ရွက်မည်ဖြစ်ပြီး အာဆီယံအရှေ့အနောက် စီးပွားရေးစင်္ကြန့်နှင့် တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ခြင်းမဟုတ်ကြောင်း ၎င်းကဆိုသည်။
သို့သော်လည်း ထိုစီးပွားရေးစင်္ကြန့်တွင်ပါဝင်သည့် နိုင်ငံများဖြစ်သည် ထိုင်း၊ လာအို စသည့် နိုင်ငံမှ သံရုံးများကိုလည်းဖိတ်ခေါ်သွားမည်ဟု ဆိုသည်။
အရှေ့အနောက် စီးပွားရေးစင်္ကြန့်ကို သန်လျင်သီလဝါအထူးစီးပွားရေးဇုန်မှ ပဲခူး-မော်လမြိုင်တို့မှ ချိတ်ဆက်ရန်ပါဝင်မည်ဖြစ်သည်။
ထိုစင်္ကြန့်ကို ၁၉၈၈ ခုနှစ်တွင် မဲခေါင်ဒေသနိုင်ငံများဖြစ်သည့် မြန်မာ၊ထိုင်း၊လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့က သဘောတူခဲ့ခြင်းဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံမော်လမြိုင်ဆိပ်ကမ်းမှ စတင်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း၊ လာအိုတို့ကိုဖြတ်သန်း၍ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် အဆုံးသတ်မည်ဖြစ်သည်၊
### Unicode Version ###
ရန်ကုန်၊ စစ်ကိုင်း နှင့် ပဲခူးတိုင်းဒေသကြီ းတို့တွင် ရင်းနှီ:မြှပ်နှံမူဖိုရမ်များကျင်းပမည်ဖြစ်ကြောင်း ရင်းနှီးမြှပ်နှံမှုကော်မရှင်က သတင်းထုတ်ပြန်သည်၊
ရန်ကုန်တိုင်းတွင် ဖေဖော်ဝါရီ ၊စစ်ကိုင်း တွင် မတ်နှင့် ပဲခူးတိုင်းတွင် မေလတို့တွင်ကျင်းပမည်ဟုဆိုပြီး ရန်ကုန်တိုင်းတွင် ကုန်ထုတ်လုပ်မူကို ဦးစားပေးမည်ဟု ဆိုသည်။
ရန်ကုန်နှင့်စစ်ကိုင်းတို့တွင် ရင်းနှီးမြှပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
ပဲခူးတိုင်းတွင် မြန်မာ့နိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် JICA- ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ ပထမဦးဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု ရင်းနှီးမြှပ်နှံမှုကော်မရှင်အတွင်းရေးမှူးဦးသန့်စင်လွင်က ပြောသည်။
ပဲခူးတိုင်းသည် အာဆီယံ စီးပွားရေးစင်္ကြန့်ပေါ်တွင်ရှိပြီး ထိုအတွက်ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရန်လိုအပ်၍ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ကော်မရှင်ကဆိုသည်။
ပဲခူးတိုင်းဖိုရမ်တွင် ပဲခူးတိုင်းအတွင်း အခြေခံကျသည့် ရင်းနှီးမြှပ်နှံမူများအပေါ် အခြေခံ၍ ဆောင်ရွက်မည်ဖြစ်ပြီး အာဆီယံအရှေ့အနောက် စီးပွားရေးစင်္ကနြ့်နှင့် တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်ခြင်းမဟုတ်ကြောင်း ၎င်းကဆိုသည်။
သို့သော်လည်း ထိုစီးပွားရေးစင်္ကနြ့်တွင် ပါဝင်သည့် နိုင်ငံများဖြစ်သည် ထိုင်း၊ လာအို စသည့် နိုင်ငံမှ သံရုံးများကိုလည်းဖိတ်ခေါ်သွားမည်ဟု ဆိုသည်။
အရှေ့အနောက် စီးပွားရေးစင်္ကနြ့်ကို သန်လျင်သီလဝါအထူးစီးပွားရေးဇုန်မှ ပဲခူး-မော်လမြိုင်တို့မှ ချိတ်ဆက်ရန်ပါဝင်မည်ဖြစ်သည်။
ထိုစင်္ကနြ့်ကို ၁၉၈၈ ခုနှစ်တွင် မဲခေါင်ဒေသနိုင်ငံများဖြစ်သည့် မြန်မာ၊ထိုင်း၊လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့က သဘောတူခဲ့ခြင်းဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံမော်လမြိုင်ဆိပ်ကမ်းမှ စတင်ပြီး ထိုင်းနိုငငံမြောက်ပိုင်း၊ လာအိုတို့ကိုဖြတ်သန်း၍ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် အဆုံးသတ်မည်ဖြစ်သည်၊
မြန်မာနိုင်ငံက ထိုစင်္ကနြ့်ကို အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ချိတ်ဆက်သည့် လမ်းကြီးဖြင့် အိန္ဒိယနိုင်ငံကို ဆက်လက်ချိတ်ဆက်ရန် အဆိုပြုခဲ့သည်။ ထိုအဆိုပြုချက်သည့် ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဖြစ်သည်။ ထိုချိတ်ဆက်မှုအရ ပဲခူးတိုင်းသည့် အာရှလမ်းမကြီး၏ ဆုံချက်ဖြစ်လာမည်ဖြစ်သည်။
စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
Upcoming Property Events
From 06 Sep To 07 Sep
Mingalar Market
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service