မူလသိမ္းဆည္းခံလယ္ေျမအတြက္ ေလ်ာ္ေၾကးေငြ ၁၅ ဘီလီယံေက်ာ္ ျပန္လည္ေပးေလ်ာ္ - Property News in Myanmar from iMyanmarHouse.com
746 Views

မူလသိမ္းဆည္းခံလယ္ေျမအတြက္ ေလ်ာ္ေၾကးေငြ ၁၅ ဘီလီယံေက်ာ္ ျပန္လည္ေပးေလ်ာ္

### Zawgyi Version ###

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ မွ မူလသိမ္းဆည္းခံလယ္ေျမမ်ားအတြက္ လယ္သမား ၁၃၉ ဦးကုိ ေျမယာေလ်ာ္ေၾကး စုစုေပါင္းက်ပ္ေငြ ၁၅ ဘီလီယံေက်ာ္ ေပးေလ်ာ္ခဲ့ေၾကာင္း ဇန္န၀ါရီလ ၂၇ ရက္ကျပဳလုပ္သည့္ မူလသိမ္းဆည္းခံေျမမ်ား၏ မူလေတာင္သူမ်ားသို႔ ေျမယာေလ်ာ္ေၾကးေငြ ေပးအပ္ပြဲအခမ္းအနားမွ သိရသည္။

"သိမ္းဆည္းခံလယ္ေျမေတြကုိ ကၽြန္ေတာ္တို႔ ဘတ္ဂ်က္ေငြ အတြင္းမွာ ၃၀ ဘီလီယံ ေလ်ာ္နိုင္ဖို႔ျပင္ဆင္ထားပါတယ္။ လာမည့္ ဧၿပီလမွာ ထပ္မံေရးဆြဲမဲ့ ျဖည့္စြက္ဘ႑ာေငြမွာ ၂၀၀ ဘီလီယံေက်ာ္ ေလာက္ထပ္ၿပီးထည့္သြင္းခ်င္တာမို႔ ကၽြန္ေတာ္တို႔ ေငြရွာေနပါတယ္" ဟု ရန္ကုန္တိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ဦးျဖိဳးမင္းသိန္းကေျပာၾကားသည္။

အဆိုပါေျမယာေလ်ာ္ေၾကးမ်ားေပးေခ်နိုင္ရန္ မူလေျမပုိင္ရွင္မ်ားအေနျဖင့္ အခ်က္အလက္မ်ား တင္ျပရန္လိုအပ္ျပီး ေျမယာေလ်ာ္ေၾကးယူသူနွင့္ ေပးသူအေနျဖင့္ တာ၀န္ယူမွဳ၊ တာ၀န္ခံမွဳရွိရန္ လိုအပ္ေၾကာင္ ၄င္းကဆက္လက္ေျပာဆိုသည္။

ေျမယာေလ်ာ္ေၾကးေငြမ်ားကုိ ခ်က္လက္မွတ္ျဖင့္ေပးအပ္ျခင္းျဖစ္ျပီး ေငြသားရရွိသူအတြက္ လံုျခံဳမွဳရွိေစရန္နွင့္ အလြယ္တကူေပ်ာက္ပ်က္မွဳမရွိေစရန္ရည္ရြယ္ျခင္းေၾကာင္း အဆိုပါပြဲမွ သိရသည္။

ယင္းေျမယာေလ်ာ္ေၾကးေငြမ်ားကို ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)၊ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)၊ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း)၊ လိႈင္သာယာ၊ ေရႊျပည္သာ၊ မဂၤလာဒုံ၊ ဒလ၊ ၾကည့္ျမင္တိုင္၊ တိုက္ႀကီး ၿမိဳ႕နယ္မ်ားမွ ေတာင္သူ ၁၃၉ ဦးအတြက္ က်ပ္ ၁၅ ဒသမ ၅ ဘီလီယံေက်ာ္ကို ေပးအပ္ခဲ့ျခင္းျဖစ္သည္။

၄င္းေလ်ာ္ေၾကးေငြမ်ားကုိ ၂၀၂၀ ခုနွစ္အတြင္းအျပီးေဆာင္ရြက္နိုင္ရန္ ေျမယာေလ်ာ္ေၾကးရရွိမည့္ ေတာင္သူမ်ားဘက္မွ တိက်သည့္အခ်က္အလက္မ်ားျဖင့္ လာေရာက္တင္ျပရန္လိုအပ္ျပီး အစိုးရဘက္မွ ေျမယာေလ်ာ္ေၾကးမ်ားကုိ အတိအက်ေပးေလ်ာ္သြားမည္ျဖစ္ေၾကာင္း ဦးျဖိဳးမင္းသိန္းထံမွ သိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ မူလသိမ်းဆည်းခံလယ်မြေများအတွက် လယ်သမား၁၃၉ ဦးကို မြေယာလျော်ကြေး စုစုပေါင်းကျပ်ငွေ ၁၅ ဘီလီယံကျော် ပေးလျော်ခဲ့ကြောင်း ဇန်နဝါရီလ ၂၇ ရက်ကပြုလုပ်သည့် မူလသိမ်းဆည်းခံမြေများ၏ မူလတောင်သူများသို့ မြေယာလျော်ကြေးငွေ ပေးအပ်ပွဲအခမ်းအနားမှ သိရသည်။

"သိမ်းဆည်းခံလယ်မြေတွေကို ကျွန်တော်တို့ ဘတ်ဂျက်ငွေ အတွင်းမှာ ၃၀ ဘီလီယံ လျော်နိုင်ဖို့ပြင်ဆင်ထားပါတယ်။ လာမည့် ဧပြီလမှာ ထပ်မံရေးဆွဲမဲ့ ဖြည့်စွက်ဘဏ္ဍာငွေမှာ ၂၀၀ ဘီလီယံကျော် လောက်ထပ်ပြီးထည့်သွင်းချင်တာမို့ ကျွန်တော်တို့ ငွေရှာနေပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောကြားသည်။

အဆိုပါမြေယာလျော်ကြေးများပေးချေနိုင်ရန် မူလမြေပိုင်ရှင်များအနေဖြင့် အချက်အလက်များ တင်ပြရန်လိုအပ်ပြီး မြေယာလျော်ကြေးယူသူနှင့် ပေးသူအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် လိုအပ်ကြောင် ၎င်းကဆက်လက်ပြောဆိုသည်။

မြေယာလျော်ကြေးငွေများကို ချက်လက်မှတ်ဖြင့်ပေးအပ်ခြင်းဖြစ်ပြီး ငွေသားရရှိသူအတွက် လုံခြုံမှုရှိစေရန်နှင့် အလွယ်တကူပျောက်ပျက်မှုမရှိစေရန်ရည်ရွယ်ခြင်းကြောင်း အဆိုပါပွဲမှ သိရသည်။

ယင်းမြေယာလျော်ကြေးငွေများကို ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ဒလ၊ ကြည့်မြင်တိုင်၊ တိုက်ကြီး မြို့နယ်များမှ တောင်သူ ၁၃၉ ဦးအတွက် ကျပ် ၁၅ ဒသမ ၅ ဘီလီယံကျော်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

၎င်းလျော်ကြေးငွေများကို ၂၀၂၀ ခုနှစ်အတွင်းအပြီးဆောင်ရွက်နိုင်ရန် မြေယာလျော်ကြေးရရှိမည့် တောင်သူများဘက်မှ တိကျသည့် အချက်အလက်များဖြင့် လာရောက်တင်ပြရန်လိုအပ်ပြီး အစိုးရဘက်မှ မြေယာလျော်ကြေးများကို အတိအကျပေးလျော်သွားမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းထံမှ သိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service