ထိုင္း Amata ေကာ္ပေရးရွင္းက ေလးေထာင့္ကန္ရြာတြင္ Smart City တည္ေဆာက္ရန္ ေဆာက္လုပ္ေရးဝန္ၾကီးဌာနနွင့္ ေျမငွါးစာခ်ဳပ္လက္မွတ္ေရးထိုး - Property News in Myanmar from iMyanmarHouse.com
4388 Views

ထိုင္း Amata ေကာ္ပေရးရွင္းက ေလးေထာင့္ကန္ရြာတြင္ Smart City တည္ေဆာက္ရန္ ေဆာက္လုပ္ေရးဝန္ၾကီးဌာနနွင့္ ေျမငွါးစာခ်ဳပ္လက္မွတ္ေရးထိုး

### Zawgyi Version ###

ထိုင္း Amata ေကာ္ပေရးရွင္းက ဒဂုံေတာင္ႏွင့္ ဒဂုံ(အေရွ႕) ၿမိဳ႕နယ္ရွိ ေလးေထာင့္ကန္႐ြာတြင္ စမတ္စီတီးတည္ေထာင္ရန္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနႏွင့္ထိုင္းကုမၸဏီတို႔ ေျမငွားစာခ်ဳပ္ကို ဇန္နဝါရီ ၂၄ ရက္တြင္ လက္မွတ္ေရးထိုးခဲ့သည္။

Yangon Amata Smart and Eco City ဟု အမည္ေပးထားေသာထိုစီမံကိန္းသည္ ေျမဧက ၂၀၀၀ တြင္ေဆာင္႐ြက္ခြင့္ရျခင္းျဖစ္သည္။

ထိုင္းႏိုင္ငံအေျခစိုက္ Amata ေကာ္ပိုေရးရွင္းကို ေဒၚလာသန္း ၃၀၀ တန္ Smart and Eco City တည္ေဆာက္ရန္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ေအာက္တိုဘာ ၂၁ ရက္စြဲျဖင့္ ခြင့္ျပဳခ်က္ရခဲ့သည္။

စီမံကိန္း၏ ရွယ္ယာ ၈၀ ရာခိုင္ႏႈန္းကို ထိုင္း Amata ေကာ္ပိုေရးရွင္းက ပိုင္ဆိုင္ၿပီး က်န္ရွယ္ယာမ်ားကို ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာနကပိုင္ဆိုင္မည္ျဖစ္သည္။

အဆိုပါစီမံကိန္းကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနႏွင့္ ထိုင္းႏိုင္ငံအေျခစိုက္ Amata ေကာ္ပိုေရးရွင္းတို႔ အက်ိဳးတူပူးေပါင္းေဆာင္ ႐ြက္ျခင္းျဖစ္ၿပီး ဩဂုတ္ ၂၂ ရက္က မူေဘာင္သေဘာတူလက္မွတ္ေရးထိုးခဲ့သည္။

စီမံကိန္းတစ္ခုလုံးသည္ ေဒၚလာတစ္ဘီလီယံကုန္က်မည္ ျဖစ္ၿပီး ပထမအဆင့္ ဧက ၂,၀၀၀ တြင္ လူေနအိမ္ရာမ်ား၊႐ုံးခန္းမ်ားႏွင့္ စက္မႈဇုန္ေျမယာမ်ားပါဝင္မည္ဟု ေကာ္ပိုေရးရွင္းက ဆိုထားသည္။

Amata ေကာ္ပိုေရးရွင္းသည္ စက္မႈဇုန္ေျမ အေကာင္အထည္ေဖာ္ေရးႏွင့္ အိမ္ရာလုပ္ငန္းမ်ား ေဆာင္႐ြက္ေနသည့္ ကုမၸဏီတစ္ခုျဖစ္သည္။

အဓိကအားျဖင့္ ၿမိဳ႕ျပတည္ေဆာက္ျခင္း၊ စက္မႈဇုန္အေကာင္အထည္ေဖာ္ျခင္း၊ အေျခခံ အေဆာက္အအုံတည္ေဆာက္ျခင္း ႏွင့္ စီမံခန႔္ခြဲျခင္းမ်ားကို ေဆာင္ ႐ြက္ေနသည္။

လက္ရွိတြင္ ထိုင္းႏိုင္ငံဘန္ေကာက္၌ အေျခစိုက္ၿပီး ၁၉၈၉ တြင္ တည္ေထာင္ခဲ့သည္။ ထိုင္းႏိုင္ငံအျပင္ ဗီယက္နမ္ႏိုင္ငံတြင္လည္း ရင္းႏွီးျမႇဳပ္ႏွံၿပီးလုပ္ငန္းမ်ားလုပ္ကိုင္ေနသည္။

စိမ့္စည္သူ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

### Unicode Version ###

ထိုင်း Amata ကော်ပရေးရှင်းက ဒဂုံတောင်နှင့် ဒဂုံ(အရှေ့) မြို့နယ်ရှိ လေးထောင့်ကန်ရွာတွင် စမတ်စီတီးတည်ထောင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်ထိုင်းကုမ္ပဏီတို့ မြေငှားစာချုပ်ကို ဇန်နဝါရီ ၂၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

Yangon Amata Smart and Eco City ဟု အမည်ပေးထားသောထိုစီမံကိန်းသည် မြေဧက ၂၀၀၀ တွင်ဆောင်ရွက်ခွင့်ရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် Amata ကော်ပိုရေးရှင်းကို ဒေါ်လာသန်း ၃၀၀ တန် Smart and Eco City တည်ဆောက်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အောက်တိုဘာ ၂၁ ရက်စွဲဖြင့် ခွင့်ပြုချက်ရခဲ့သည်။

စီမံကိန်း၏ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ထိုင်း Amata ကော်ပိုရေးရှင်းက ပိုင်ဆိုင်ပြီး ကျန်ရှယ် ယာများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ပိုင်ဆိုင်မည်ဖြစ် သည်။

အဆိုပါစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံအခြေစိုက် Amata ကော်ပိုရေးရှင်းတို့ အကျိုးတူပူးပေါင်းဆောင် ရွက်ခြင်းဖြစ်ပြီး ဩဂုတ် ၂၂ ရက်က မူဘောင်သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

စီမံကိန်းတစ်ခုလုံးသည် ဒေါ်လာတစ်ဘီလီယံကုန်ကျမည် ဖြစ်ပြီး ပထမအဆင့် ဧက ၂,၀၀၀ တွင် လူနေအိမ်ရာများ၊ ရုံးခန်း များနှင့် စက်မှုဇုန်မြေယာများပါဝင်မည်ဟု ကော်ပိုရေးရှင်းက ဆိုထားသည်။

Amata ကော်ပိုရေးရှင်းသည် စက်မှုဇုန်မြေ အကောင်အထည်ဖော်ရေးနှင့် အိမ်ရာလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

အဓိကအားဖြင့် မြို့ပြတည်ဆောက်ခြင်း၊ စက်မှုဇုန်အကောင်အထည်ဖော်ခြင်း၊ အခြေခံ အဆောက်အအုံတည်ဆောက်ခြင်း နှင့် စီမံခန့်ခွဲခြင်းများကို ဆောင် ရွက်နေသည်။

လက်ရှိတွင် ထိုင်းနိုင်ငံဘန်ကောက်၌ အခြေစိုက်ပြီး ၁၉၈၉ တွင် တည်ထောင်ခဲ့သည်။ ထိုင်းနိုင်ငံအပြင် ဗီယက်နမ်နိုင်ငံတွင်လည်း ရင်းနှီးမြှုပ်နှံပြီးလုပ်ငန်းများလုပ်ကိုင်နေသည်။

စိမ့်စည်သူ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service