Yangon Amata Smart and Eco City စီမံကိန်းအတွက် ဖက်စပ်လုပ်ငန်း သဘောတူစာချုပ်၊ မြေငှားစာချုပ်နှင့် စီမံကိန်းနှင့်ဆက်စပ်သည့် မူဘောင်သဘောတူညီချက် စာချုပ်များအား လက်မှတ်ရေးထိုး - Property News in Myanmar from iMyanmarHouse.com
1810 Views


### Zawgyi Version ###


အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အမှာစကားပြောရာတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ ထိုင်းနိုင်ငံ Amata Corporation တို့ ပူးပေါင်း၍ Yangon Amata Smart and Eco City စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းသည် နှစ်နိုင်ငံကြားကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတကာအဆင့်မီ Yangon Amata Smart and Eco City စီမံကိန်းကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) နှင့် (တောင်ပိုင်း) မြို့နယ်၊ လေးထောင့်ကန်ကျေးရွာအနီး မြေဧရိယာ (၂၀၀၀)ဧကပေါ်တွင် စက်မှုဇုန်တည်ဆောက်ခြင်းမှ တစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်း (၃၃၀၀၀) အထိ ဖန်တီးပေးနိုင်မှာဖြစ်ပြီး နိုင်ငံတော်အနေဖြင့် နှစ်စဉ် အခွန်အခများလည်းတိုးပွားရရှိ စေမှာဖြစ်ပါကြောင်း၊ ထို့အပြင် စက်မှုဇုန်အတွင်းသို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများလည်းဝင်ရောက်လာမှာဖြစ်တဲ့အတွက် နိုင်ငံရဲ့ စက်မှုကဏ္ဍ၊ နိုင်ငံခြားပို့ကုန်ကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍမြှင့်တင်ပေးနိုင်ပြီး လူမှု၊ စီးပွားဖွံ့ဖြိုးရေးအတွက် ကြီးမားသော အထောက်အပံ့များရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။




 

 

### Unicode Version ###

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Amata Asia Myanmar Limited တို့အကြား ဖက်စပ်လုပ်ငန်း သဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် Yangon Amata Smart and Eco City Limited တို့အကြား မြေငှားစာချုပ်ချုပ်ဆိုသည့် အခမ်းအနားကို ဇန်နဝါရီလ (၂၄) ရက်က နေပြည်တော်၊ Kempinski Hotel ၌ ကျင်းပခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရသည်။

အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အမှာစကားပြောရာတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနဲ့ ထိုင်းနိုင်ငံ Amata Corporation တို့ ပူးပေါင်း၍ Yangon Amata Smart and Eco City စီမံ ကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းသည် နှစ်နိုင်ငံကြားကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတကာအဆင့်မီ Yangon Amata Smart and Eco City စီမံကိန်းကို နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) နှင့် (တောင်ပိုင်း) မြို့နယ်၊ လေးထောင့်ကန်ကျေးရွာအနီး မြေဧရိယာ (၂၀၀၀)ဧကပေါ်တွင် စက်မှုဇုန်တည်ဆောက်ခြင်းမှ တစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်း (၃၃၀၀၀) အထိ ဖန်တီးပေးနိုင်မှာဖြစ်ပြီး နိုင်ငံတော်အနေဖြင့် နှစ်စဉ် အခွန်အခများလည်းတိုးပွားရရှိ စေမှာဖြစ်ပါကြောင်း၊ ထို့အပြင် စက်မှုဇုန်အတွင်းသို့ နိုင်ငံတကာ ရင်းနှီးမြုှုပ်နှံမှုများလည်းဝင်ရောက်လာမှာဖြစ်တဲ့အတွက် နိုင်ငံရဲ့ စက်မှု ကဏ္ဍ၊ နိုင်ငံခြားပို့ကုန်ကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍမြှင့်တင်ပေးနိုင်ပြီး လူမှု၊ စီးပွားဖွံ့ဖြိုးရေးအတွက် ကြီးမားသော အထောက်အပံ့များရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ Amata Corporation Public Company Limited နှင့် Yangon Amata Smart and Eco City Limited တို့မှ တာဝန်ရှိသူတို့က Yangon Amata Smart and Eco City စီမံကိန်းအတွက် ဖက်စပ်လုပ်ငန်း သဘောတူစာချုပ်၊ မြေငှားစာချုပ်နှင့် စီမံကိန်းနှင့်ဆက်စပ်သည့် မူဘောင်သဘောတူညီချက်စာချုပ်များအားလက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ကြကြောင်းသိရသည်။

ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
[အချစ်မှာ စုံလုံးမကန်းကြပါနဲ့] မလေးရှား အမျိုးသမီးတစ်ဦးမှာ ခင်ပွန်းဖြစ်သူက အလုပ်လုပ်ရန် ငြင်းဆန်နေသောကြောင့် နေအိမ်နှင့်
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း

Upcoming Property Events

From 24 May To 25 May

The Rich Villa

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service