ဒလေဈးေနရာအျဖစ္ေကာင္အထည္ေဖာ္မည့္ သိမ္းဆည္းခံလယ္ယာေျမအတြက္ ေျမယာေလ်ာ္ေၾကးေပးအပ္ - Property News in Myanmar from iMyanmarHouse.com
878 Views

ဒလေဈးေနရာအျဖစ္ေကာင္အထည္ေဖာ္မည့္ သိမ္းဆည္းခံလယ္ယာေျမအတြက္ ေျမယာေလ်ာ္ေၾကးေပးအပ္

### Zawgyi Version ###

ဒလေဈးေနရာအျဖစ္ေကာင္အထည္ေဖာ္မည့္ သိမ္းဆည္းခံလယ္ယာေျမအတြက္ ေျမယာေလ်ာ္ေၾကးေပးအပ္ပြဲကို ဇန္နဝါရီ ၂၂ ရက္က ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးရုံးတြင္ျပဳလုပ္ခဲ့ေၾကာင္း ၿမိဳ႕ေတာ္သတင္းစာမွသိရသည္။

ဒလၿမိဳ႕နယ္သေျပကုန္းေက်းရြာအုပ္စု ကြင္းအမွတ္ ၁၈၅ ၊ ဦးပိုင္အမွတ္ ၃/၅ ရွိ ဦးျမသန္းအမည္ေပါက္လုပ္ကိုင္ခဲ့သည့္ လယ္ယာေျမ ဧရိယာ ၆ ဒသမ ၁၅ ဧကအား ဒလၿမိဳ႕ကြက္သစ္ေဖၚထုတ္ရန္သိမ္းဆည္းခဲ့ၿခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါသိမ္းဆည္းေျမအား ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ ဒလေဈးေနရာအျဖစ္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ရန္ သိမ္းဆည္းခဲ့ျခင္းျဖစ္သည္။

မူလသိမ္းဆည္းေျမမွ အသားတင္ အသုံးျပဳသည့္ ၃ ဒသမ ၄၈၂ ဧကအတြက္ တစ္ဧကလွ်င္ ေငြက်ပ္သိန္း ၁၀၀ ႏႈန္းျဖင့္ ေငြက်ပ္ ၃၄၈ သိန္း ႏွစ္ေသာင္းက်ပ္အား ရန္ကုန္ၿမိဳ့ေတာ္စည္ပင္သာယာေရးေကာ္မတီေျမယာဌာနမွ လက္ေထာက္ညႊန္ၾကားေရးမႉး ဦးရဲေက်ာ္မိုးက တင္ျပေလွ်ာက္ထားသူ ေဒၚျမင့္လႈိင္ကိုယ္စား ေဒၚသႏၱာလြင္ထံသို႔ ခ်က္လက္မွတ္ေပးအပ္ခဲ့ေၾကာင္းသိရသည္။

ေလ်ာ္ေၾကးေပးအပ္ရာသို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာစိန္ျမေအး၊ဒုတိယၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ဇင္ဦး၊ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွတာဝန္ရွိသူမ်ား ၿမိဳ႕နယ္လယ္/စစ္ေကာ္မတီဝင္မ်ားတက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ခြန္ေနာင္လြင္ထူး မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

### Unicode Version ###

ဒလဈေးနေရာအဖြစ်ကောင်အထည်ဖော်မည့် သိမ်းဆည်းခံလယ်ယာမြေအတွက် မြေယာလျော်ကြေးပေးအပ်ပွဲကို ဇန်နဝါရီ ၂၂ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင်ပြုလုပ်ခဲ့ကြောင်း မြို့တော်သတင်းစာမှသိရသည်။

ဒလမြို့နယ်သပြေကုန်းကျေးရွာအုပ်စု ကွင်းအမှတ် ၁၈၅ ၊ဦးပိုင်အမှတ် ၃/၅ ရှိ ဦးမြသန်းအမည်ပေါက်လုပ်ကိုင်ခဲ့သည့် လယ်ယာမြေ ဧရိယာ ၆ ဒသမ ၁၅ ဧကအား ဒလမြို့ကွက်သစ်ဖေါ်ထုတ်ရန်သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသိမ်းဆည်းမြေအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒလဈေးနေရာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရန် သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

မူလသိမ်းဆည်းမြေမှ အသားတင် အသုံးပြုသည့် ၃ ဒသမ ၄၈၂ ဧကအတွက် တစ်ဧကလျှင် ငွေကျပ်သိန်း ၁၀၀ နှုန်းဖြင့် ငွေကျပ် ၃၄၈ သိန်း နှစ်သောင်းကျပ်အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမြေယာဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်မိုးက တင်ပြလျှောက်ထားသူ ဒေါ်မြင့်လှိုင်ကိုယ်စား ဒေါ်သန္တာလွင်ထံသို့ ချက်လက်မှတ်ပေးအပ်ခဲ့ကြောင်းသိရသည်။

လျော်ကြေးပေးအပ်ရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများ မြို့နယ်လယ်/စစ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

ခွန်နောင်လွင်ထူး မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး
မုဆိုးမဆိုရင် အိမ်က လက်မခံတာကြောင့် မုဆိုးမတွေ စုပေါင်းနေထိုင်ကြတဲ့ မြို့လေး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service