မြို့လယ်လမ်းများပေါ် ရှိ အတားအဆီးများအား သိမ်းဆည်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်ဝန်ပြော - Property News in Myanmar from iMyanmarHouse.com
5878 Views

မြို့လယ်လမ်းများပေါ် ရှိ အတားအဆီးများအား သိမ်းဆည်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်ဝန်ပြော

### Zawgyi Version ###





### Unicode Version ###

 

ဇန်နဝါရီ ၂၂ ရက်က ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေး၌ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက မြို့နယ်စည်ပင်သာယာရေး ကော်မတီများ အနေဖြင့် မြို့လယ်ကောင်ရှိ လမ်းမကြီး၊ အမည်တပ်လမ်းနှင့် နံပါတ်တပ်လမ်းများပေါ်တွင်ရှိသော အတားအဆီးများအား စဉ်ဆက်မပြတ်စစ်ဆေးလျက်ရှိပြီး စိစစ်တွေ့ရှိပါက ခရိုင်၊မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးက ခရိုင်လှည့်ရှင်းယာဉ် Faw ကားများဖြင့် သိမ်းဆည်း ဆောင်ရွက်လျက်ရှိပါကြောင်း ဆိပ်ကမ်းမြို့နယ် ၊ လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်၏အမေးကိုဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ၏ လမ်း၊တံတား၊စင်္ကြံနှင့် ရေမြောင်းများဆိုင်ရာတားမြစ်ချက်များ ပုဒ်မ(၃၁၅)၊ ပုဒ်မခွဲ(စ)တွင် “မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ အများပြည်သူဆိုင်ရာ လမ်း၊စင်္ကြ ံအပေါ်တွင် ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ အိမ်ထောင်ပရိဘောဂ၊ ပစ္စည်းများစုပုံခြင်း၊ ရောင်းချခြင်း၊ ခင်းကျင်းခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ထားရှိခြင်းမပြုရ”ဟု ပြဋ္ဌာန်းထားပြီး ပြစ်ဒဏ်များအဖြစ် ပထမအကြိမ် ကျူးလွန်မှုအတွက် ငွေဒဏ်ကျပ်(၁) သိန်းမှ ကျပ်(၅) သိန်းအထိ ချမှတ်နိုင်ပြီး ဆက်လက် ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ်(၃) လအထိ ချမှတ်နိုင်ကြောင်း၊ ပုဒ်မ(၃၁၅)၊ ပုဒ်မခွဲ(ဎ)တွင် “မည်သူမျှ မြို့တော်နယ်နိမိတ်အတွင်း အများပြည် သူဆိုင်ရာလမ်းပေါ်တွင် ယာဉ်သွားလာခြင်း၊ ရပ်နားခြင်းကို အနှောင့်အယှက်ဖြစ်စေသည့် အတားအဆီးမပြုရ” ဟု ပြဋ္ဌာန်းထားပြီး ပြစ်ဒဏ်များအဖြစ် ပထမအကြိမ် ကျူးလွန်မှုအတွက် ငွေဒဏ်ကျပ်(၁)သိန်းမှ ကျပ်(၅)သိန်းအထိ ချမှတ်နိုင်ပြီး ဆက်လက် ဖောက်ဖျက်ကျူး လွန်ပါက ထောင်ဒဏ်(၃)လအထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်ဟု ရန်ကုန်တိုင်းအစိုးရမှ သိရသည်။

ဥက္ကာသစ္စာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

Upcoming Property Events

From 07 Jun To 08 Jun

The Vista

CarsDB
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service