ေနျပည္ေတာ္တည္ေဆာက္စဥ္က သိမ္းယူခဲ့ေသာေျမမ်ားအနက္ ေပးေလ်ာ္ရန္က်န္ရွိေသာ ေျမဧရိယာ (၁၁၀.၇၆) ဧကအတြက္ေျမယာေလ်ာ္ေၾကးေငြ ေပးအပ္္ - Property News in Myanmar from iMyanmarHouse.com
689 Views

ေနျပည္ေတာ္တည္ေဆာက္စဥ္က သိမ္းယူခဲ့ေသာေျမမ်ားအနက္ ေပးေလ်ာ္ရန္က်န္ရွိေသာ ေျမဧရိယာ (၁၁၀.၇၆) ဧကအတြက္ေျမယာေလ်ာ္ေၾကးေငြ ေပးအပ္္

### Zawgyi Version ###

၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလ ၂၀ ရက္က ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ မဂၤလာခန္းမ၌ ေနျပည္ေတာ္ စတင္တည္ေဆာက္ခဲ့စဥ္ကသိမ္းယူခဲ့ေသာ ေျမမ်ားအနက္ ေပးေလ်ာ္ရန္က်န္ရွိေသာ ေနျပည္ေတာ္ ဇမၺဴသီရိၿမိဳ႕နယ္၊ ဒကၡိဏသီရိၿမိဳ႕နယ္၊ ပုဗၺသီရိ ၿမိဳ႕နယ္ႏွင့္ ဥတၱရသီရိၿမိဳ႕နယ္တို႔မွ ေျမဧရိယာ (၁၁၀.၇၆)ဧကအတြက္ ေတာင္သူ(၂၂)ဦး ထံသို႔ ေျမယာေလ်ာ္ေၾကးေငြ ေပးအပ္ပြဲအခမ္းအနားက်င္းပျပဳလုပ္ခဲ့ေၾကာင္း ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီမွသိရသည္။

အခမ္းအနားသို႔ ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒၊ ၿမိဳ႕ေတာ္ဝန္ ေဒါက္တာမ်ိဳးေအာင္၊ ေနျပည္ေတာ္ လယ္ယာေျမႏွင့္အျခားေျမမ်ားသိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးေကာ္မတီ ဒုတိယဉကၠ႒ ေနျပည္ေတာ္ေကာင္စီဝင္ ဦးေအးေမာင္စိန္၊ ဒုတိယ ၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦး၊ ဒကၡိဏသီရိၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသန႔္ဇင္ထြန္း၊ ပုဗၺသီရိၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရည္မြန္၊ ဥတၱရသီရိၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္မင္းလွိုင္၊ ဇမၺဴသီရိၿမိဳ႕နယ္ ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇယ်ာေသာ္၏ ကိုယ္စားလွယ္ ဦးလိႈင္မင္းဦး၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္ေမာင္ေဆြ၏ ကိုယ္စားလွယ္ ဦးထြန္းဝင္း၊ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီမွ ေကာ္မတီဝင္မ်ားျဖစ္ၾကေသာ ဦးမင္းသူ၊ ေဒၚစံပယ္ေထြး၊ ဦးမင္းသိမ္း၊ ဦးဆန္းနိုင္၊ ဦးေက်ာ္ဇင္လတ္၊ အျမဲတမ္းအတြင္းဝန္ ဦးမ်ိဳးေအာင္၊ ဌာနႀကီးမႉးမ်ား၊သက္ဆိုင္ရာဌာနမႉးမ်ား၊ေနျပည္ေတာ္ လယ္ယာေျမႏွင့္အျခား ေျမမ်ားသိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးေကာ္မတီမွ အတြင္းေရးမႉး၊ တြဲဖက္အတြင္းေရးမႉး၊ သက္ဆိုင္ရာခရိုင္ႏွင့္ၿမိဳ႕နယ္အုပ္ ခ်ဳပ္ေရးမႉးမ်ား၊ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးမ်ား၊ေျမယာေလ်ာ္ေၾကးေငြထုတ္ယူမည့္ ေတာင္သူမ်ားႏွင့္တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾက သည္။

ၿမိဳ႕ျပစီမံကိန္းႏွင့္ေျမစီမံခန႔္ခြဲမႈဌာန ဌာနမႉး ဦးစိုးနိုင္က ေျမယာေလ်ာ္ေၾကးေပးေလ်ာ္မႈႏွင့္ စပ္လ်ဥ္း၍ ရွင္းလင္းခဲ့ၿပီး ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီ ဥကၠ႒၊ ၿမိဳ႕ေတာ္ဝန္ ေဒါက္တာမ်ိဳးေအာင္၊ ေနျပည္ေတာ္ေကာင္စီဝင္ ဦးေအးေမာင္စိန္၊ ေနျပည္ေတာ္စည္ပင္သာ ယာေရးေကာ္မတီ ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးရဲမင္းဦး၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္မင္းလိႈင္၊ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးရည္မြန္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန႔္ဇင္ထြန္း၊ ေကာ္မတီဝင္ဦးမင္းသူတို႔က ေတာင္သူ (၂၂) ဦးထံသို႔ ေျမယာေလ်ာ္ေၾကးေငြမ်ား အသီးသီးေပးအပ္ခဲ့ေၾကာင္းသိရသည္။

အဆိုပါ ေလ်ာ္ေၾကးေငြမ်ားအား နိုင္ငံေတာ္ေထာက္ပံ့ရန္ပုံေငြမွက်ခံၿပီး ေငြက်ပ္ (၁၁၂.၆၉၂) သန္း ေပးေလ်ာ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၀ ရက်က နေပြည်တော်စည်ပင်သာယာရေးကော်မတီ မင်္ဂလာခန်းမ၌ နေပြည်တော် စတင်တည်ဆောက်ခဲ့စဉ်ကသိမ်းယူခဲ့သော မြေများအနက် ပေးလျော်ရန်ကျန်ရှိသော နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ပုဗ္ဗသီရိ မြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့မှ မြေဧရိယာ (၁၁၀.၇၆)ဧကအတွက် တောင်သူ(၂၂)ဦး ထံသို့ မြေယာလျော်ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။

အခမ်းအနားသို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ နေပြည်တော် လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဒုတိယဉက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦး၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်၊ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်၏ ကိုယ်စားလှယ် ဦးလှိုင်မင်းဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၏ ကိုယ်စားလှယ် ဦးထွန်းဝင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များဖြစ်ကြသော ဦးမင်းသူ၊ ဒေါ်စံပယ်ထွေး၊ ဦးမင်းသိမ်း၊ ဦးဆန်းနိုင်၊ ဦးကျော်ဇင်လတ်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ဌာနကြီးမှူးများ၊သက်ဆိုင်ရာဌာနမှူးများ၊နေပြည်တော် လယ်ယာမြေနှင့်အခြား မြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ သက်ဆိုင်ရာခရိုင်နှင့်မြို့နယ်အုပ် ချုပ်ရေးမှူးများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊မြေယာလျော်ကြေးငွေထုတ်ယူမည့် တောင်သူများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။

မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန ဌာနမှူး ဦးစိုးနိုင်က မြေယာလျော်ကြေးပေးလျော်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းခဲ့ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ နေပြည်တော်စည်ပင်သာ ယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရည်မွန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း၊ ကော်မတီဝင်ဦးမင်းသူတို့က တောင်သူ (၂၂) ဦးထံသို့ မြေယာလျော်ကြေးငွေများ အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ လျော်ကြေးငွေများအား နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေမှကျခံပြီး ငွေကျပ် (၁၁၂.၆၉၂) သန်း ပေးလျော်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service