တတိယအႀကိမ္ေျမာက္ ​ေက်ာက္မ်က္အ​ေရာင္းျပပြဲတြင္ က်ပ္သန္း ၁၆၀၀ နီးပါးေရာင္းခ်ႏိုင္ခဲ့ - Property News in Myanmar from iMyanmarHouse.com
699 Views

တတိယအႀကိမ္ေျမာက္ ​ေက်ာက္မ်က္အ​ေရာင္းျပပြဲတြင္ က်ပ္သန္း ၁၆၀၀ နီးပါးေရာင္းခ်ႏိုင္ခဲ့

### Zawgyi Version ###

ျမန္မာနိုင္ငံေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္းမွတတိယအႀကိမ္ေျမာက္ ​ေရာင္းခ်သည့္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲတြင္ ေက်ာက္မ်က္ရတနာေပါင္း က်ပ္သန္း ၁၆၀၀ နီးပါးေရာင္းခ်နိုင္ခဲ့ေၾကာင္း အဆိုပါအသင္းမွသိရသည္။

“ ေလလံတင္ေစ်းနဲ႔ ေရာင္းခ်တဲ့ ေက်ာက္စိမ္းတြဲကေတာ့လူစိတ္၀င္စားေပမဲ့ေရာင္းမထြက္ခဲ့ဘူး။ ေက်ာက္စိမ္းနားကပ္နဲ့ ဆြဲသီးကေတာ့ ၾကမ္းခင္းေစ်းထက္ေဒၚလာ ၈၀၀၀ ေက်ာ္ေပးျပီး၀ယ္သြားတယ္။ စုစုေပါင္းေရာင္းရေငြကေတာ့ က်ပ္ ၁၅၇၇ သန္းဖိုးေရာင္းခ်နိုင္ခ့ဲတယ္”ဟု ျမန္မာနိုင္ငံေက်ာက္မ်က္လုပ္ငန္းရွင္မ်ားအသင္းမွတာ၀န္ရွိသူတစ္ဦးကေျပာသည္။

အဆိုပါေက်ာက္မ်က္ျပပြဲကုိ ရန္ကုန္ျမိဳ႕ Lottle ဟိုတယ္တြင္ ဇန္န၀ါရီလ ၁၀ ရက္မွ ၁၃ ရက္ေန႕အထိ က်င္းပခဲ့ျခင္းျဖစ္ျပီး ျပည္တြင္းမွ လုပ္ငန္းရွင္မ်ားအျပင္နိုင္ငံေပါင္း ၄၅ နိုင္ငံမွေက်ာက္မ်က္စိတ္၀င္စားသူမ်ားကုိ ဖိတ္ေခၚေရာင္းခ်ခဲ့ျခင္းျဖစ္သည္။

အဆိုပါျပပြဲတြင္ ေက်ာက္မ်က္ရတနာဆိုင္ခန္းေပါင္း ၁၂၈ ခန္းပါဝင္ခဲ့ျပီး ျမန္မာ့တြင္းထြက္ရတနာမ်ားျဖစ္သည့္ ပတၱျမား၊ နီလာ၊ ေက်ာက္စိမ္း စသည့္ရတနာမ်ားအျပင္ ပုလဲႏွင့္တစ္ျခား အဖိုးတန္တြင္းထြက္မ်ားကိုလည္းစုစည္းေရာင္းခ်ခဲ့ေၾကာင္း ယင္းအသင္းထံမွသိရသည္။

အေခ်ာထည္ျပပြဲတြင္ ေက်ာက္မ်က္ရတနာႏွင့္ပတ္သတ္သည့္ အသိပညာေဟာေျပာပြဲမ်ား၊ ခဲျခစ္ဒီဇိုင္းၿပိဳင္ပြဲမ်ားအျပင္ ရတနာအစစ္ျဖင့္ ခတ္ထားသည့္ အေခ်ာထည္ၿပိဳင္ပြဲမ်ားမွ ဆုရဒီဇိုင္းမ်ားကိုလည္းျပသခဲ့ေၾကာင္း အဆိုပါအသင္းထံမွ သိရသည္။

ေက်ာက္မ်က္ရတနာအေခ်ာထည္ျပပြဲတြင္ အေရာင္းဆိုင္မ်ားအျပင္

နိုင္ငံတကာအဖိုးတန္ရတနာမ်ားျဖစ္သည့္ ေက်ာက္စိမ္း၊ ပတၱျမား အစရွိသည့္ အေမရိကန္ေဒၚလာ ၅ ဘီလီယံတန္ဖိုးရွိ ေက်ာက္မ်က္ ၇၄ မ်ိဳးကိုလည္း ေလလံတင္ေရာင္းခ်ခဲ့ေၾကာင္း ၄င္းအသင္းထံမွ သိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

 

 မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှတတိယအကြိမ်မြောက် ရောင်းချသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်ရတနာပေါင်း ကျပ်သန်း ၁၆၀၀ နီးပါးရောင်းချနိုင်ခဲ့ကြောင်း အဆိုပါအသင်းမှသိရသည်။

“ လေလံတင်ဈေးနဲ့ ရောင်းချတဲ့ ကျောက်စိမ်းတွဲကတော့လူစိတ်ဝင်စားပေမဲ့ရောင်းမထွက်ခဲ့ဘူး။ ကျောက်စိမ်းနားကပ်နဲ့ ဆွဲသီးကတော့ ကြမ်းခင်းဈေးထက်ဒေါ်လာ ၈၀၀၀ ကျော်ပေးပြီးဝယ်သွားတယ်။ စုစုပေါင်းရောင်းရငွေကတော့ ကျပ် ၁၅၇၇ သန်းဖိုးရောင်းချနိုင်ခဲ့တယ်”ဟု မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါကျောက်မျက်ပြပွဲကို ရန်ကုန်မြို့ Lottle ဟိုတယ်တွင် ဇန်နဝါရီလ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းမှ လုပ်ငန်းရှင်များအပြင်နိုင်ငံပေါင်း ၄၅ နိုင်ငံမှကျောက်မျက်စိတ်ဝင်စားသူများကို ဖိတ်ခေါ်ရောင်းချခဲ့ခြင်းဖြစ်သည်။

အဆိုပါပြပွဲတွင် ကျောက်မျက်ရတနာဆိုင်ခန်းပေါင်း ၁၂၈ ခန်းပါဝင်ခဲ့ပြီး မြန်မာ့တွင်းထွက်ရတနာများဖြစ်သည့် ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း စသည့်ရတနာများအပြင် ပုလဲနှင့်တစ်ခြား အဖိုးတန်တွင်းထွက်များ ကိုလည်းစုစည်းရောင်းချခဲ့ကြောင်း ယင်းအသင်းထံမှသိရသည်။

အချောထည်ပြပွဲတွင် ကျောက်မျက်ရတနာနှင့်ပတ်သတ်သည့် အသိပညာဟောပြောပွဲများ၊ ခဲခြစ်ဒီဇိုင်းပြိုင်ပွဲများအပြင် ရတနာအစစ်ဖြင့် ခတ်ထားသည့် အချောထည်ပြိုင်ပွဲများမှ ဆုရဒီဇိုင်းများကိုလည်းပြသခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

ကျောက်မျက်ရတနာအချောထည်ပြပွဲတွင် အရောင်းဆိုင်များအပြင် နိုင်ငံတကာအဖိုးတန်ရတနာများဖြစ်သည့် ကျောက်စိမ်း၊ ပတ္တမြား အစရှိသည့် အမေရိကန်ဒေါ်လာ ၅ ဘီလီယံတန်ဖိုးရှိ ကျောက်မျက် ၇၄ မျိုးကိုလည်း လေလံတင်ရောင်းချခဲ့ကြောင်း ၎င်းအသင်းထံမှ သိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
ထိုင်းနိုင်ငံမှ ထူးဆန်းသော သက်သတ်လွတ်ပွဲတော်
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
မြန်မာနှစ်သစ်ကူးကာလ မတိုင်ခင် အိမ်အငှါးဈေးကွက်ကောင်းနေ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
သြစတေးလျတွင် ၈ နှစ်သမီးလေးတစ်ဦး မိဘများကို အိမ်အလုပ်ကူလုပ်ပေးကာ ရရှိသော မုန့်ဖိုးများ စုဆောင်းပြီး နေအိမ်တစ်လုံးဝယ်ယူခဲ့
ယာယီရပ်နားထားသည့် Yangon Amata မြို့သစ်စီမံကိန်း ဖေါ်ဆောင်ရန် စီစဥ်နေ
ယာယီရပ်နားထားသည့် Yangon Amata မြို့သစ်စီမံကိန်း ဖေါ်ဆောင်ရန် စီစဥ်နေ
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
တက္ကဆပ်ပြည်နယ်တွင် ဝိုင်စက်ရုံ၊ စပျစ်ခင်းတို့ ပါဝင်သော ၁၀ ဧကကျော် ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်
စင်္ကာပူမှ ရေခဲမုန့် ဦးလေးကြီးများ (သို့မဟုတ်) ဖြတ်သန်းကုန်ဆုံး ပျောက်ကွယ်သွားတော့မည့် ခေတ်တစ်ခေတ်

Upcoming Property Events

cherry-condo
mya-nandar

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service