ရန်ကုန်တိုင်းအစိုးရ ပြည်ပချေးငွေဖြင့် ပြုလုပ်ဆဲနှင့် ပြုလုပ်ရန် လျာထားစီမံကိန်း ၄၀ ခန့်ရှိ - Property News in Myanmar from iMyanmarHouse.com
708 Views

ရန်ကုန်တိုင်းအစိုးရ ပြည်ပချေးငွေဖြင့် ပြုလုပ်ဆဲနှင့် ပြုလုပ်ရန် လျာထားစီမံကိန်း ၄၀ ခန့်ရှိ

### Zawgyi Version ###







### Unicode Version ###

ရန်ကုန်တိုင်းဒေသကြီးအစိုးရက နိုင်ငံတကာစံမှီစက်မှုဇုန် တည်ထောင်ခြင်းအပါအဝင် ပြည်ပချေးငွေဖြင့် ပြုလုပ်ဆဲနှင့် ပြုလုပ်ရန်လျာထားစီမံကိန်း ၄၀ ဝန်းကျင်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

“ဒီစီမံကိန်းတွေက အရင်အစိုးရက ပြုလုပ်ဖို့လျာထားခဲ့တဲ့စီမံကိန်းတွေနဲ့အခုလက်ရှိအစိုးရပြုလုပ်ရန်လျာထားတဲ့ နှစ်တို/နှစ်ရှည်စီမံကိန်းတွေပါ” ဟု ၎င်းကဆိုသည်။

ကမ်းပြိုကာကွယ်ရေးနှင့် ရေလမ်းကောင်းမွန်ရေးလုပ်ငန်းများ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးနှင့် ပတ်သက်သည့် စီမံကိန်းများ၊ အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် စီမံကိန်းများ၊ မြို့ပြရေပေးရေးလုပ်ငန်းစီမံကိန်းနှင့် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်းတို့လည်း ယင်းစီမံကိန်းများထဲတွင် ပါဝင်သည်။

ထို့ပြင် ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံရှိ စွန့်ပစ်အမှိုက်များကို Mechanical Biological Treatment အသုံးပြု၍ Waste to Biogas Plant စီမံကိန်း၊ အများပြည်သူဝန်ဆောင်မှု အဆောက်အအုံများ၏ ဘေးအန္တရာယ်ဆန်းစစ်ချက်စီမံကိန်းနှင့် အဓိကကျသော အခြေခံအဆောက်အဦများ၏ ဘေးအန္တရာယ်ဆန်းစစ်ခြင်းစီမံကိန်းတို့လည်းပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရထံမှ သိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service