YRTA ႏွင့္ ရန္ကုန္ဘတ္(စ္)ကားလိုင္းဝန္ေဆာင္မႈ YBS တို႔၏ (၃) ႏွစ္ျပည့္ႏွစ္ပတ္လည္ေန႔ အခမ္းအနားက်င္းပ - Property News in Myanmar from iMyanmarHouse.com
719 Views

YRTA ႏွင့္ ရန္ကုန္ဘတ္(စ္)ကားလိုင္းဝန္ေဆာင္မႈ YBS တို႔၏ (၃) ႏွစ္ျပည့္ႏွစ္ပတ္လည္ေန႔ အခမ္းအနားက်င္းပ

### Zawgyi Version ###

YRTA ႏွင့္ ရန္ကုန္ဘတ္(စ္)ကားလိုင္းဝန္ေဆာင္မႈ YBS တို႔၏ (၃)ႏွစ္ျပည့္ႏွစ္ပတ္လည္ေန႔ အခမ္းအနားကို ဇန္နဝါရီ ၁၆ ရက္က တာေမြၿမိဳ႕နယ္၊ Sky Star Hotel ရွိ Royal Ball Room ၌ က်င္းပခဲ့ေၾကာင္းသိရသည္။

အဆိုပါ အခမ္းအနားသို႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းႏွင့္အစိုးရအဖြဲ႔ဝင္မ်ား၊တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၿပီး အဖြင့္အမွာ စကားကို ဝန္ႀကီးခ်ဳပ္ကေျပာၾကားခဲ့ေၾကာင္း ရန္ကုန္တိုင္းအစိုးရ မွသိရသည္။

ဝန္ႀကီးခ်ဳပ္က အစိုးရသစ္ တာဝန္ယူခ်ိန္မွာ ျပည္သူတစ္ရပ္လုံးက မ.ထ.သ စနစ္အေပၚမွာ စိတ္ပ်က္ေနေၾကာင္း၊ ယင္းအေျခအေနကို ေျပာင္းလဲနိုင္ဖို႔ နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္က တိုင္းေဒသႀကီးအစိုးရအေပၚမွာ တြန္းအားေပးၿပီး တာဝန္ယူေဆာင္ရြက္ဖို႔ လမ္းညႊန္မႈ ျပဳလာခဲ့ျခင္းျဖစ္ေၾကာင္း၊ျပည္သူတစ္ရပ္လုံး ပူးေပါင္းပါဝင္ ေဆာင္ရြက္နိုင္သည့္ YRTA ကေန စတင္ၿပီး YBS စနစ္ကို ျပဳျပင္နိုင္ခဲ့ေၾကာင္း၊ အစမွာခက္ခဲေၾကာင္း၊ျပည္သူတစ္ရပ္လုံးက စနစ္ျပဳျပင္ေျပာင္းလဲေရးကို အင္တိုက္အားတိုက္နဲ႔ ပါဝင္ခဲ့ေၾကာင္း၊ ျပည္သူကေန စနစ္ကို တြန္းၿပီး ေျပာင္းေရႊ႕သြားခဲ့ေၾကာင္း၊ေပါင္းစပ္ညႇိႏွိုင္းေပးနိုင္သည့္ အေျခအေနတစ္ခုေလာက္ပဲ အစိုးရဘက္က၊ YRTA ဘက္က လုပ္နိုင္ခဲ့တာ ျဖစ္ေၾကာင္းေျပာသည္။

ထို႔ျပင္ ရန္ကုန္တိုင္းအတြင္းမွာ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးက႑ႏွင့္ ပတ္သက္ၿပီး ေမၽွာ္မွန္းခ်က္က(Transit Oriental Development) ျဖစ္ဖို႔ပဲျဖစ္ေၾကာင္း၊ ရထားလမ္း၊ ကားလမ္း၊ ေရေၾကာင္းလမ္းမ်ားကိုေပါင္းစည္းေပးနိုင္ဖို႔ႏွင့္ ယင္းေပါင္းစည္းသည့္ ေနရာမ်ား၏ ဖြံ့ၿဖိဳးတိုးတက္မႈ အရွိန္အဟုန္ကို ျမႇင့္တင္ဖို႔အတြက္ပဲ ျဖစ္ေၾကာင္း၊ ျပည္သူလူထုေနထိုင္သည့္ ေနရာအမ်ားစုသည္ လြယ္ကူေခ်ာ ေမြ႕ၿပီး သြားလာေရး အဆင္ေျပနိုင္သည့္ အေနအထားျဖစ္နိုင္ဖို႔ ႀကိဳးစားၾကရမွာ ျဖစ္ေၾကာင္း၊ မိမိတို႔ ရရွိခဲ့သည့္အေျခအေနမ်ား အေပၚ တြင္ မွန္မွန္ကန္ကန္သုံးသပ္ၿပီး ေရွ႕ဆက္ျပဳျပင္ေျပာင္းလဲေရးကို ေဆာင္ရြက္ၾကရမွာျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္က ေျပာၾကားသည္။

ယင္းေနာက္ ၂၀၁၉ ခုႏွစ္အတြင္း YBS စြမ္းေဆာင္ရည္ အေကာင္းဆုံးဆု ရရွိသူမ်ားအား ဆုခ်ီးျမႇင့္ ေပးအပ္ခဲ့ေၾကာင္းသိရသည္။

မိုးယံလင္းထင္ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

### Unicode Version ###

YRTA နှင့် ရန်ကုန်ဘတ်(စ်)ကားလိုင်းဝန်ဆောင်မှု YBS တို့၏ (၃)နှစ်ပြည့်နှစ်ပတ်လည်နေ့ အခမ်းအနားကို ဇန်နဝါရီ ၁၆ ရက်က တာမွေမြို့နယ်၊ Sky Star Hotel ရှိ Royal Ball Room ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့်အစိုးရအဖွဲ့ဝင်များ၊တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အဖွင့်အမှာ စကားကို ဝန်ကြီးချုပ်ကပြောကြားခဲ့ကြောင်း ရန်ကုန်တိုင်းအစိုးရ မှသိရသည်။

ဝန်ကြီးချုပ်က အစိုးရသစ် တာဝန်ယူချိန်မှာ ပြည်သူတစ်ရပ်လုံးက မ.ထ.သ စနစ်အပေါ်မှာ စိတ်ပျက်နေကြောင်း၊ ယင်းအခြေအနေကို ပြောင်းလဲနိုင်ဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုင်းဒေသကြီးအစိုးရအပေါ်မှာ တွန်းအားပေးပြီး တာဝန်ယူဆောင်ရွက်ဖို့ လမ်းညွှန်မှု ပြုလာခဲ့ခြင်းဖြစ်ကြောင်း၊ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်သည့် YRTA ကနေ စတင်ပြီး YBS စနစ်ကို ပြုပြင်နိုင်ခဲ့ကြောင်း၊ အစမှာခက်ခဲကြောင်း၊ပြည်သူတစ်ရပ်လုံးက စနစ်ပြုပြင်ပြောင်းလဲရေးကို အင်တိုက်အားတိုက်နဲ့ ပါဝင်ခဲ့ကြောင်း၊ ပြည်သူကနေ စနစ်ကို တွန်းပြီး ပြောင်းရွှေ့သွားခဲ့ကြောင်း၊ပေါင်းစပ်ညှိနှိုင်းပေးနိုင်သည့် အခြေအနေတစ်ခုလောက်ပဲ အစိုးရဘက်က၊ YRTA ဘက်က လုပ်နိုင်ခဲ့ တာ ဖြစ်ကြောင်းပြောသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်းမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍနှင့် ပတ်သက်ပြီး မျှော်မှန်းချက်က(Transit Oriental Development) ဖြစ်ဖို့ပဲဖြစ်ကြောင်း၊ ရထားလမ်း၊ ကားလမ်း၊ ရေကြောင်းလမ်းများကိုပေါင်းစည်းပေးနိုင်ဖို့နှင့် ယင်းပေါင်းစည်းသည့် နေရာများ၏ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို မြှင့်တင်ဖို့အတွက်ပဲ ဖြစ်ကြောင်း၊ ပြည်သူလူထုနေထိုင်သည့် နေရာအများစုသည် လွယ်ကူချော မွေ့ပြီး သွားလာရေး အဆင်ပြေနိုင်သည့် အနေအထားဖြစ်နိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ မိမိတို့ ရရှိခဲ့သည့်အခြေအနေများ အပေါ် တွင် မှန်မှန်ကန်ကန်သုံးသပ်ပြီး ရှေ့ဆက်ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

ယင်းနောက် ၂၀၁၉ ခုနှစ်အတွင်း YBS စွမ်းဆောင်ရည် အကောင်းဆုံးဆု ရရှိသူများအား ဆုချီးမြှင့် ပေးအပ်ခဲ့ကြောင်းသိရသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service