မိုးပ်ံရထားလမ္းစီမံကိန္း အေသးစိတ္ဒီဇိုင္းထြက္မွ ေျမေနရာေလ်ာ္ေၾကးတန္ဖိုးဆုံးျဖတ္မည္ - Property News in Myanmar from iMyanmarHouse.com
1405 Views

မိုးပ်ံရထားလမ္းစီမံကိန္း အေသးစိတ္ဒီဇိုင္းထြက္မွ ေျမေနရာေလ်ာ္ေၾကးတန္ဖိုးဆုံးျဖတ္မည္

### Zawgyi Version ###

ရန္ကုန္ၿမိဳ႕ ၏ အေရွ႕နဲ႔အေနာက္ကိုဆက္သြယ္မည့္ မိုးပ်ံရထားလမ္းစီမံကိန္းကုိ အေသးစိတ္ဒီဇိုင္းထြက္လာမွသာ စီမံကိန္းနွင့္ မလြတ္ကင္းသည့္ ေျမေနရာမ်ားအတြက္ ေလ်ာ္ေၾကးတန္ဖိုး ဆုံးျဖတ္ေပးမည္ျဖစ္ေၾကာင္း စီမံကိန္းပတ္ဝန္းက်င္ထိခိုက္မႈဆန္းစစ္ျခင္းလုပ္ငန္းနွင့္ ေျမယာရယူျခင္း ေလ်ာ္ေၾကးေပးေရးကိုေဆာင္႐ြက္ေနတဲ့ E Guard Environmental Services မွ အုပ္ခ်ဳပ္မႈဒါ႐ိုက္တာ ဦးေအးသီဟက ေျပာသည္။

"ေျမကိုထိခိုက္မႈရွိရင္ ဘယ္လိုေဆာင္႐ြက္သြားမလဲဆိုတာ မူဝါဒပိုင္း ေပၚလစီကို တင္ျပတာျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ စီမံကိန္းဒီဇိုင္းအတိအက်ထြက္လာရင္ အေသးစိတ္ကြင္းဆင္းၿပီးေတာ့မွ ဆက္လက္ေဆာင္႐ြက္သြားမွာပါ" လို႔ ေျပာၾကားသည္။

မိုးပ်ံရထားလမ္းစီမံကိန္းသည္ လႈိင္သာယာ၊ ေ႐ႊျပည္သာ၊ လႈိင္၊ ရန္ကင္း၊ ေတာင္ဥကၠလာ စသည့္ ၅ ၿမိဳ႕နယ္ကိုျဖတ္သန္းတည္ေဆာက္မွာျဖစ္ၿပီး လက္ရွိတြင္ ကနဦးေလ့လာဆန္းစစ္မႈမ်ား လုပ္ေဆာင္ေနေၾကာင္း ေတြ့ဆံုပြဲမွသိရသည္။

စီမံကိန္းအတြက္ အစိုးရအတည္ျပဳခ်က္ရၿပီးပါက ၂၀၂၀-၂၀၂၁ ခုႏွစ္တြင္ အေသးစိတ္ဒီဇိုင္းေတြ လုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔ ျမန္မာ့မီးရထားတိုင္း အမွတ္ (၇) တာဝန္ခံ ဦးစိုးမိုးေအာင္က ေျပာသည္။

ယင္း စီမံကိန္းကို ဂ်ပန္အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီ (JICA) ၏ေခ်းေငြျဖင့္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ရန္ကုန္တိုင္းေဒသႀကီးအစိုးရနွင့္ ဂ်ပန္အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီ (JICA) တို႔ ပူးေပါင္းၿပီး အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္သည္။

ရန္ကုန္အေနာက္ပိုင္း လႈိင္သာယာဘူတာမွ လႈိင္ျမစ္ကိုျဖတ္ၿပီး ရန္ကုန္အေရွ႕ပိုင္းပါရမီဘူတာအထိဆက္သြယ္ေဖာက္လုပ္သြားမည့္ ရန္ကုန္မိုးပ်ံရထားလမ္းတြင္ ဘူတာ ၁၃ ဘူတာပါရွိမည္ျဖစ္သည္။

စီမံကိန္းကို ရန္ကုန္ၿမိဳ႕၏ ယာဥ္ေၾကာၾကပ္တည္းမႈေလ်ာ့ခ်ေပးႏိုင္ရန္နွင့္ အေရွ့အေနာက္တိုက္႐ိုက္ဆက္သြယ္ႏိုင္မည့္ ပါရမီလမ္းတစ္လမ္းသာရွိေနသည့္အတြက္ အမ်ားျပည္သူအဆင္ေျပႏိုင္ရန္ အေကာင္အထည္ေဖာ္သြားမည္ဟု ျမန္မာ့မီးရထားမွ သိရသည္။

မင္းခ်ိဳ မွ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) အတြက္ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

### Unicode Version ###

ရန်ကုန်မြို့ ၏ အရှေ့နဲ့အနောက်ကိုဆက်သွယ်မည့် မိုးပျံရထားလမ်းစီမံကိန်းကို အသေးစိတ်ဒီဇိုင်းထွက်လာမှသာ စီမံကိန်းနှင့် မလွတ်ကင်းသည့် မြေနေရာများအတွက် လျော်ကြေးတန်ဖိုး ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း စီမံကိန်းပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းနှင့် မြေယာရယူခြင်း လျော်ကြေးပေးရေးကိုဆောင်ရွက်နေတဲ့ E Guard Environmental Services မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးသီဟက ပြောသည်။

"မြေကိုထိခိုက်မှုရှိရင် ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာ မူဝါဒပိုင်း ပေါ်လစီကို တင်ပြတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ စီမံကိန်းဒီဇိုင်းအတိအကျထွက်လာရင် အသေးစိတ်ကွင်းဆင်းပြီးတော့မှ ဆက်လက်ဆောင်ရွက်သွားမှာပါ" လို့ ပြောကြားသည်။

မိုးပျံရထားလမ်းစီမံကိန်းသည် လှိုင်သာယာ၊ ရွှေပြည်သာ၊ လှိုင်၊ ရန်ကင်း၊ တောင်ဥက္ကလာ စသည့် ၅ မြို့နယ်ကိုဖြတ်သန်းတည်ဆောက်မှာဖြစ်ပြီး လက်ရှိတွင် ကနဦးလေ့လာဆန်းစစ်မှုများ လုပ်ဆောင်နေကြောင်း တွေ့ဆုံပွဲမှသိရသည်။

စီမံကိန်းအတွက် အစိုးရအတည်ပြုချက်ရပြီးပါက ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အသေးစိတ်ဒီဇိုင်းတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ မြန်မာ့မီးရထားတိုင်း အမှတ် (၇) တာဝန်ခံ ဦးစိုးမိုးအောင်က ပြောသည်။

ယင်း စီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ချေးငွေဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ ပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

ရန်ကုန်အနောက်ပိုင်း လှိုင်သာယာဘူတာမှ လှိုင်မြစ်ကိုဖြတ်ပြီး ရန်ကုန်အရှေ့ပိုင်းပါရမီဘူတာအထိဆက်သွယ်ဖောက်လုပ်သွားမည့် ရန်ကုန်မိုးပျံရထားလမ်းတွင် ဘူတာ ၁၃ ဘူတာပါရှိမည်ဖြစ်သည်။

စီမံကိန်းကို ရန်ကုန်မြို့၏ ယာဉ်ကြောကြပ်တည်းမှုလျော့ချပေးနိုင်ရန်နှင့် အရှေ့အနောက်တိုက်ရိုက်ဆက်သွယ်နိုင်မည့် ပါရမီလမ်းတစ်လမ်းသာရှိနေသည့်အတွက် အများပြည်သူအဆင်ပြေနိုင်ရန် အကောင်အထည်ဖော်သွားမည်ဟု မြန်မာ့မီးရထားမှ သိရသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို

Upcoming Property Events

From 04 Oct To 05 Oct

Magical World Apartment

From 11 Oct To 12 Oct

Jade Palace Condo

From 11 Oct To 12 Oct

Shwe Moe Kaung

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service