ရန်ကင်းမြို့နယ်ရှိ လမ်းဘေးစည်ပင်ပိုင်မြေလွတ်တွင် အိမ်ကျူး၊ဆိုင်ကျူးများ ရှင်းလင်းဖယ်ရှားပေးရန် ရှိမရှိ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မေးမြန်း - Property News in Myanmar from iMyanmarHouse.com
3863 Views

ရန်ကင်းမြို့နယ်ရှိ လမ်းဘေးစည်ပင်ပိုင်မြေလွတ်တွင် အိမ်ကျူး၊ဆိုင်ကျူးများ ရှင်းလင်းဖယ်ရှားပေးရန် ရှိမရှိ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်မေးမြန်း

### Zawgyi Version ###






 

 ### Unicode Version ###

 ဒုတိယအကြိမ် ရန်ကုန်တိုင်ဒေသကြီး လွှတ်တော်တွင် ရန်ကင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်က ရန်ကင်းမြို့နယ်ရှိလမ်းအချို့တွင် လမ်း၏ ဘေး ဝဲ-ယာ စည်ပင်ပိုင်နယ်နိမိတ်မြေလွတ်များတွင် အိမ်များမှ နေရာကျူးကျော် ခြံခတ်ထားခြင်း၊ဈေးဆိုင်များကျူးကျော်ဆောက်လုပ်ထားခြင်းများ ထိရောက်စွာအမြန်ဆုံးဖယ်ရှား ရှင်းလင်းပေးနိုင်ခြင်း ရှိမရှိသိရှိလိုကြောင်း မေမြန်းခဲ့သည်။

အဆိုပါ မေမြန်းချက်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးမောင်မောင်စိုးက ရန်ကင်းမြို့နယ်တွင်ရပ်ကွက်ပေါင်း ၁၆ ရပ်ကွက်ရှိပြီး အမှတ် ၁ မှ ၆ အထိသည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီဌာနမှ စီမံခန့်ခွဲခွင့်ရှိသော ရပ်ကွက်များဖြစ်ပြီး အမှတ် ၇ မှ ၁၆ ထိသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ စီမံပိုင်ခွင့်ရှိသော ဧရိယာတွင်ပါဝင်ကြောင်းရှင်းပြသည်။

ထို့နောက် ကျူးကျော်များကို မြို့နယ်စည်ပင်သာယာရေးဥက္ကဋ္ဌများဖြင့် ပူးပေါင်းပြီး ဈေးဆိုင်ကျူးကျော်ဆောက်လုပ်ခြင်းနှင့် နေရာကျူးကျော်ခြံခတ်ခြင်းများကို အဓိကထားဖြေရှင်းလျက်ရှိကြောင်း၊ကျူးကျော်မှုနှင့်ပတ်သက်သော မြေစိစစ်မှုများပြုလုပ်ရန်နှင့်ကျူးကျော်များ တွေ့ရှိပါက ဖယ်ရှားရန်ကို မြို့နယ်အလိုက်အကြောင်းကြားထားပြီးဖြစ်ကြောင်း၊စည်ပင်ပိုင်ဧရိယာရှိ လမ်းဘေး ဈေးဆိုင်များအား စည်းကမ်းဖြင့်ဖယ်ရှားရန်စီစဉ်ထားပြီး အစည်းများလည်းခေါ်ယူထားကြောင်း ဖြေကြားသည်။

မိုးယံလင်းထင် မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
နေအိမ်အတွင်း ကိုယ်ပိုင်ဥယျာဉ်လေးတစ်ခု ဖန်တီးကြရအောင်!
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ

Upcoming Property Events

119-mdy
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service